ဖလား ၄ လုံး ဆွတ်ခူးနိုင်လျှင် ယူနိုက်တက်စတားတွေ ဆုကြေး ဘယ်လောက်ရမလဲ?

ယူနိုက်တက်စတားများဟာယခုရာသီတွင်သမိုင်းဝင်အောင်မြင်မှုအနေဖြင့်ဆုဖလား၄လုံးဆွတ်ခူးလာနိုင်ပါကတစ်ဦးလျှင်ဆုကြေးငွေပေါင်၅၀၀၀၀၀နီးပါးအထိရရှိလာကြပါမယ်။

ယူနိုက်တက်ဟာတနင်္ဂနွေနေ့တုန်းကဝင်ဘာလေကွင်းတွင်နယူးကာဆယ်ကို၂-၀ဂိုးဖြင့်အနိုင်ယူပြီးခါရာဘောင်ဖလားကိုင်မြှောက်ထားနိုင်ပြီးဖြစ်ပါတယ်။

ခါရာဘောင်ဖလားဆွတ်ခူးနိုင်မှုနဲ့အတူယူနိုတ်တက်အသင်းမှကစားသမားတစ်ဦးလျှင်ဆုကြေးငွေပေါင်၆၅၀၀၀စီရရှိထားကြပြီးဖြစ်ပါတယ်။

၎င်းတို့ဟာလာမယ့်လများတွင်နောက်ထပ်ဆုဖလားများဆွတ်ခူးလာနိုင်ကနောက်ထပ်ဆုကြေးငွေများစွာရရှိလာကြဦးမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၃နေရာတွင်ရပ်တည်နေကာထိပ်ဆုံးမှအာဆင်နယ်ထက်၁ ပွဲလျှော့ကစားပြီး၁၁မှတ်ကွာဟနေပါတယ်။၎င်းတို့ဟာ၂၀၁၂-၁၃ရာသီနောက်ပိုင်းပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ပါကတစ်ဦးလျှင်ဆုကြေးငွေပေါင်၂၅၀၀၀၀စီရရှိလာပါမယ်။

၎င်းတို့ဟာအက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်သို့လည်းတက်ရောက်ထားပြီးဖူလ်ဟမ်နှင့်ရင်ဆိုင်ကစားရပါမယ်။ယူနိုက်တက်စတားများဟာအက်ဖ်အေဖလားသာဆွတ်ခူးနိုင်ပါကဆုကြေးငွေပေါင်၈၅၀၀၀ရရှိလာပါမယ်။

ဒါ့အပြင်၎င်းတို့ဟာဘာစီလိုနာကိုကျော်ဖြတ်ကာယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့လည်းတက်ရောက်ထားကာချန်ပီယံဖြစ်တဲ့အထိစွမ်းဆောင်နိုင်ပါကတစ်ဦးလျှင်ပေါင်၈၅၀၀၀ရရှိပါမယ်။

ယူနိုက်တက်စတားများဟာပြိုင်ပွဲ၄ရပ်လုံးတွင်ချန်ပီယံဖြစ်လာမည်ဆိုပါကတစ်ဦးလျှင်ပေါင်၄၈၅၀၀၀ရရှိလာပါမယ်။

ZawGyi

ဖလား ၄ လုံး ဆြတ္ခူးႏိုင္လွ်င္ ယူႏိုက္တက္စတားေတြ ဆုေၾကး ဘယ္ေလာက္ရမလဲ?

ယူႏိုက္တက္စတားမ်ားဟာယခုရာသီတြင္သမိုင္းဝင္ေအာင္ျမင္မႈအေနျဖင့္ဆုဖလား၄လုံးဆြတ္ခူးလာႏိုင္ပါကတစ္ဦးလွ်င္ဆုေၾကးေငြေပါင္၅၀၀၀၀၀နီးပါးအထိရရွိလာၾကပါမယ္။

ယူႏိုက္တက္ဟာတနဂၤေႏြေန႔တုန္းကဝင္ဘာေလကြင္းတြင္နယူးကာဆယ္ကို၂-၀ဂိုးျဖင့္အႏိုင္ယူၿပီးခါရာေဘာင္ဖလားကိုင္ေျမႇာက္ထားႏိုင္ၿပီးျဖစ္ပါတယ္။

ခါရာေဘာင္ဖလားဆြတ္ခူးႏိုင္မႈနဲ႔အတူယူႏိုတ္တက္အသင္းမွကစားသမားတစ္ဦးလွ်င္ဆုေၾကးေငြေပါင္၆၅၀၀၀စီရရွိထားၾကၿပီးျဖစ္ပါတယ္။

၎တို႔ဟာလာမယ့္လမ်ားတြင္ေနာက္ထပ္ဆုဖလားမ်ားဆြတ္ခူးလာႏိုင္ကေနာက္ထပ္ဆုေၾကးေငြမ်ားစြာရရွိလာၾကဦးမွာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၃ေနရာတြင္ရပ္တည္ေနကာထိပ္ဆုံးမွအာဆင္နယ္ထက္၁ ပြဲေလွ်ာ့ကစားၿပီး၁၁မွတ္ကြာဟေနပါတယ္။၎တို႔ဟာ၂၀၁၂-၁၃ရာသီေနာက္ပိုင္းပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ပါကတစ္ဦးလွ်င္ဆုေၾကးေငြေပါင္၂၅၀၀၀၀စီရရွိလာပါမယ္။

၎တို႔ဟာအက္ဖ္ေအဖလားကြာတားဖိုင္နယ္အဆင့္သို႔လည္းတက္ေရာက္ထားၿပီးဖူလ္ဟမ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။ယူႏိုက္တက္စတားမ်ားဟာအက္ဖ္ေအဖလားသာဆြတ္ခူးႏိုင္ပါကဆုေၾကးေငြေပါင္၈၅၀၀၀ရရွိလာပါမယ္။

ဒါ့အျပင္၎တို႔ဟာဘာစီလိုနာကိုေက်ာ္ျဖတ္ကာယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔လည္းတက္ေရာက္ထားကာခ်န္ပီယံျဖစ္တဲ့အထိစြမ္းေဆာင္ႏိုင္ပါကတစ္ဦးလွ်င္ေပါင္၈၅၀၀၀ရရွိပါမယ္။

ယူႏိုက္တက္စတားမ်ားဟာၿပိဳင္ပြဲ၄ရပ္လုံးတြင္ခ်န္ပီယံျဖစ္လာမည္ဆိုပါကတစ္ဦးလွ်င္ေပါင္၄၈၅၀၀၀ရရွိလာပါမယ္။