ဖာဂူဆန်ကိုယ်တိုင် မိခင်ကိုလာတွေ့တဲ့ လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက မန်ယူတွင် ကစားရန် အိပ်မက်မက်လာခဲ့တဲ့ ဗာရိန်း

ရာဖေးလ်ဗာရိန်းဟာလွန်ခဲ့တဲ့ဆယ်နှစ်တုန်းကဆာအဲလက်စ်ဖာဂူဆန်ကိုယ်တိုင်မိခင်ဖြစ်သူအားသွားရောက်တွေ့မှုပြုလုပ်ခဲ့ကတည်းကမန်ချက်စတာယူနိုက်တက်အတွက်ကစားရန်အိပ်မက်မက်လာခဲ့သူဖြစ်ပါတယ်။

မန်ယူဟာစနေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်လိဒ်အား၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်မီမိနစ်အနည်းငယ်အလိုတွင်ပြင်သစ်လက်ရွေးစင်အား မိတ်ဆက်ခဲ့ပါတယ်။

မန်ယူဟာဗာရိန်းအားခေါ်ယူရန်အတွက်ရီးရဲလ်မက်ဒရစ်ကိုပေါင်၄၂သန်းပေးခဲ့ရပါတယ်။မန်ယူဟာဗာရိန်းကိုခေါ်ယူရန်နှစ်ပေါင်းများစွာအကြိမ်ကြိမ်ကြိုးပမ်းလာခဲ့ပြီးမှခေါ်ယူနိုင်လိုက်တာလည်းဖြစ်ပါတယ်။

မန်ယူကစားသမားအဖြစ်ပထမဆုံးပြုလုပ်တဲ့အင်တာဗျူးတွင်ဗာရိန်းက “အဲဒီတုန်းကကောလာဟလတွေကလည်းအများကြီးရှိခဲ့ပါတယ်။၂၀၁၁ခုနှစ်ကတည်းကမန်ယူနဲ့ကျွန်တော့်အကြောင်းကိုလူတွေအများကြီးပြောလာခဲ့ကြပါတယ်။၂၀၁၁ခုနှစ်တုန်းကဆာအဲလက်စ်ကိုယ်တိုင်အမေ့အိမ်သို့လာပြီးတွေ့ဆုံခဲ့တာပါ။အဲဒါကတကယ်အဖြစ်အပျက်ပါ။အဲဒီတုန်းက ကလပ်နဲ့လည်းကျွန်တော်စကားပြောခဲ့တယ်။မန်ယူအတွက်ပရီးမီးယားလိဂ်မှာကစားဖို့တကယ့်အခွင့်ကောင်းကြီးရခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်ထိုစဉ်ကဗာရိန်းဟာမန်ယူသို့ပြောင်းရွှေ့ရန်မရွေးချယ်ဘဲရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်ဆယ်နှစ်တာကစားစဉ်အတွင်းအောင်မြင်မှုပေါင်းများစွာရယူပြီးနောက်မန်ယူနှင့်လေးနှစ်စာချုပ်ဖြင့်ပြောင်းလာခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင်ဗာရိန်းကဆာအဲလက်စ်ဖာဂူဆန်ကြောင့်ချည်းသာမန်ယူသို့ပြောင်းရန်ဆုံးဖြတ်ခဲ့တာမဟုတ်ကြောင်းလည်းဆိုသွားပါတယ်။

ဗာရိန်းက “ဗီဒစ်နဲ့ဖာဒီနန်တို့ကဂန္ထဝင်တွေပါ။ရော်နယ်ဒို၊ဂစ်နဲ့ဘက်ဟမ်းတို့ကိုလည်းမှတ်မိပါသေးတယ်။သူတိုကဂန္ထဝင်တွေပါ၊ဒီမိသားစုမှာအစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်ခွင့်ရလို့ဂုဏ်ယူပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဖာဂူဆန္ကိုယ္တိုင္ မိခင္ကိုလာေတြ႕တဲ့ လြန္ခဲ့တဲ့ဆယ္ႏွစ္ကတည္းက မန္ယူတြင္ ကစားရန္ အိပ္မက္မက္လာခဲ့တဲ့ ဗာရိန္း

ရာေဖးလ္ဗာရိန္းဟာလြန္ခဲ့တဲ့ဆယ္ႏွစ္တုန္းကဆာအဲလက္စ္ဖာဂူဆန္ကိုယ္တိုင္မိခင္ျဖစ္သူအားသြားေရာက္ေတြ႕မႈျပဳလုပ္ခဲ့ကတည္းကမန္ခ်က္စတာယူႏိုက္တက္အတြက္ကစားရန္အိပ္မက္မက္လာခဲ့သူျဖစ္ပါတယ္။

မန္ယူဟာစေနေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္လိဒ္အား၅-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မတိုင္မီမိနစ္အနည္းငယ္အလိုတြင္ျပင္သစ္လက္ေ႐ြးစင္အား မိတ္ဆက္ခဲ့ပါတယ္။

မန္ယူဟာဗာရိန္းအားေခၚယူရန္အတြက္ရီးရဲလ္မက္ဒရစ္ကိုေပါင္၄၂သန္းေပးခဲ့ရပါတယ္။မန္ယူဟာဗာရိန္းကိုေခၚယူရန္ႏွစ္ေပါင္းမ်ားစြာအႀကိမ္ႀကိမ္ႀကိဳးပမ္းလာခဲ့ၿပီးမွေခၚယူႏိုင္လိုက္တာလည္းျဖစ္ပါတယ္။

မန္ယူကစားသမားအျဖစ္ပထမဆုံးျပဳလုပ္တဲ့အင္တာဗ်ဴးတြင္ဗာရိန္းက “အဲဒီတုန္းကေကာလာဟလေတြကလည္းအမ်ားႀကီးရွိခဲ့ပါတယ္။၂၀၁၁ခုႏွစ္ကတည္းကမန္ယူနဲ႔ကြၽန္ေတာ့္အေၾကာင္းကိုလူေတြအမ်ားႀကီးေျပာလာခဲ့ၾကပါတယ္။၂၀၁၁ခုႏွစ္တုန္းကဆာအဲလက္စ္ကိုယ္တိုင္အေမ့အိမ္သို႔လာၿပီးေတြ႕ဆုံခဲ့တာပါ။အဲဒါကတကယ္အျဖစ္အပ်က္ပါ။အဲဒီတုန္းက ကလပ္နဲ႔လည္းကြၽန္ေတာ္စကားေျပာခဲ့တယ္။မန္ယူအတြက္ပရီးမီးယားလိဂ္မွာကစားဖို႔တကယ့္အခြင့္ေကာင္းႀကီးရခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ထိုစဥ္ကဗာရိန္းဟာမန္ယူသို႔ေျပာင္းေ႐ႊ႕ရန္မေ႐ြးခ်ယ္ဘဲရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕ကစားရန္ဆုံးျဖတ္ခဲ့ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္ဆယ္ႏွစ္တာကစားစဥ္အတြင္းေအာင္ျမင္မႈေပါင္းမ်ားစြာရယူၿပီးေနာက္မန္ယူႏွင့္ေလးႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းလာခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ဗာရိန္းကဆာအဲလက္စ္ဖာဂူဆန္ေၾကာင့္ခ်ည္းသာမန္ယူသို႔ေျပာင္းရန္ဆုံးျဖတ္ခဲ့တာမဟုတ္ေၾကာင္းလည္းဆိုသြားပါတယ္။

ဗာရိန္းက “ဗီဒစ္နဲ႔ဖာဒီနန္တို႔ကဂႏၴဝင္ေတြပါ။ေရာ္နယ္ဒို၊ဂစ္နဲ႔ဘက္ဟမ္းတို႔ကိုလည္းမွတ္မိပါေသးတယ္။သူတိုကဂႏၴဝင္ေတြပါ၊ဒီမိသားစုမွာအစိတ္အပိုင္းတစ္ရပ္အျဖစ္ပါဝင္ခြင့္ရလို႔ဂုဏ္ယူပါတယ္”လို႔ေျပာၾကားသြားပါတယ္။