ဖာဂူဆန်အနားယူသွားပြီးနောက် အပြောင်းအရွှေ့စရိတ်ပေါင် ၁ ဘီလီယမ်ကျော်သုံးပေမဲ့ အောင်မြင်မှုမရခြင်းရဲ့အကြောင်းရင်း ရန်းနစ်ခ်ပြောကြားလာ

ရေးဖ်ရန်းနစ်ခ်ကမန်ချက်စတာယူနိုက်တက်အနေဖြင့်အတိတ်ကအောင်မြင်မှုများပြန်လည်ရရှိလာရန်အတွက်အပြောင်းအရွှေ့အမှားများပြုလုပ်မှုကိုရပ်တန့်ရမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာဆာအဲလက်စ်ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်း၉နှစ်အတွင်းတွင်အပြောင်းအရွှေ့အသုံးစရိတ်ပေါင်၁ဘီလီယမ်ကျော်အထိအသုံးပြုလာခဲ့ပေမဲ့ ပရီးမီးယားလိဂ်ဖလားနှင့်ဝေးကွာနေခဲ့ပါတယ်။

၎င်းတို့ဟာယနေ့ညတွင် ကိုးနှစ်ဆက်တိုက် ၎င်းတို့ရဲ့အပေါ်တွင်ရပ်တည်လာခဲ့တဲ့မန်စီးတီးကိုသွားရောက်ရင်ဆိုင်ရပါမယ်။

ယာယီနည်းပြက “ရှင်းလင်းပြတ်သားတဲ့အပြောင်းအရွှေ့ဗျူဟာရှိရပါမယ်။ ပြောရမယ်ဆိုရင်ကိုယ့်စနစ်နဲ့သင့်တော်တဲ့သူကိုပဲခေါ်ယူပါမယ်။မန်စီးတီးရဲ့အပြောင်းအရွှေ့ပေါ်လစီနဲ့အပြောင်းအရွှေ့အောင်မြင်မှုကိုကြည့်လိုက်ပါ။သူတို့ခေါ်ယူလိုက်တဲ့ကစားသမားတွေထဲမှာမမှန်ကန်တဲ့ကစားသမားကတစ်ယောက်စနှစ်ယောက်စလောက်ပဲပါဝင်ပါတယ်။ကလပ်နှစ်ခုလုံးက(မန်ယူအပါအဝင်)အောင်မြင်မှုတွေရခဲ့ပါတယ်။ဒါကမန်ချက်စတာယူနိုက်တက်ပြန်လည်ပြုလုပ်ရမယ့်အချက်ဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ခေတ်နှောင်းပိုင်းတွင် ယူနိုက်တက်သို့ ထိပ်တန်းကစားသမားများဆက်တိုက်ရောက်လာပေမဲ့အောင်မြင်မှုမရရှိခဲ့ကြပါဘူး။ လူကာကူ၊အိန်ဂျယ်ဒီမာရီယာ၊အဲလက်စ်ဆန်းချက်ဇ်တို့ကိုပြောင်းရွှေ့ကြေးမြင့်မားစွာ၊လုပ်ခများစွာပေးပြီးခေါ်ယူခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒါ့အပြင်နွေရာသီတုန်းကရောက်လာတဲ့ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ဆန်ချိုတို့မှာလည်းရုန်းကန်နေရပါတယ်။

ZawGyi

ဖာဂူဆန္အနားယူသြားၿပီးေနာက္ အေျပာင္းအေ႐ႊ႕စရိတ္ေပါင္ ၁ ဘီလီယမ္ေက်ာ္သုံးေပမဲ့ ေအာင္ျမင္မႈမရျခင္းရဲ႕အေၾကာင္းရင္း ရန္းနစ္ခ္ေျပာၾကားလာ

ေရးဖ္ရန္းနစ္ခ္ကမန္ခ်က္စတာယူႏိုက္တက္အေနျဖင့္အတိတ္ကေအာင္ျမင္မႈမ်ားျပန္လည္ရရွိလာရန္အတြက္အေျပာင္းအေ႐ႊ႕အမွားမ်ားျပဳလုပ္မႈကိုရပ္တန႔္ရမည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ယူႏိုက္တက္ဟာဆာအဲလက္စ္ဖာဂူဆန္အနားယူသြားၿပီးေနာက္ပိုင္း၉ႏွစ္အတြင္းတြင္အေျပာင္းအေ႐ႊ႕အသုံးစရိတ္ေပါင္၁ဘီလီယမ္ေက်ာ္အထိအသုံးျပဳလာခဲ့ေပမဲ့ ပရီးမီးယားလိဂ္ဖလားႏွင့္ေဝးကြာေနခဲ့ပါတယ္။

၎တို႔ဟာယေန႔ညတြင္ ကိုးႏွစ္ဆက္တိုက္ ၎တို႔ရဲ႕အေပၚတြင္ရပ္တည္လာခဲ့တဲ့မန္စီးတီးကိုသြားေရာက္ရင္ဆိုင္ရပါမယ္။

ယာယီနည္းျပက “ရွင္းလင္းျပတ္သားတဲ့အေျပာင္းအေ႐ႊ႕ဗ်ဴဟာရွိရပါမယ္။ ေျပာရမယ္ဆိုရင္ကိုယ့္စနစ္နဲ႔သင့္ေတာ္တဲ့သူကိုပဲေခၚယူပါမယ္။မန္စီးတီးရဲ႕အေျပာင္းအေ႐ႊ႕ေပၚလစီနဲ႔အေျပာင္းအေ႐ႊ႕ေအာင္ျမင္မႈကိုၾကည့္လိုက္ပါ။သူတို႔ေခၚယူလိုက္တဲ့ကစားသမားေတြထဲမွာမမွန္ကန္တဲ့ကစားသမားကတစ္ေယာက္စႏွစ္ေယာက္စေလာက္ပဲပါဝင္ပါတယ္။ကလပ္ႏွစ္ခုလုံးက(မန္ယူအပါအဝင္)ေအာင္ျမင္မႈေတြရခဲ့ပါတယ္။ဒါကမန္ခ်က္စတာယူႏိုက္တက္ျပန္လည္ျပဳလုပ္ရမယ့္အခ်က္ျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆာအဲလက္စ္ဖာဂူဆန္ေခတ္ေႏွာင္းပိုင္းတြင္ ယူႏိုက္တက္သို႔ ထိပ္တန္းကစားသမားမ်ားဆက္တိုက္ေရာက္လာေပမဲ့ေအာင္ျမင္မႈမရရွိခဲ့ၾကပါဘူး။ လူကာကူ၊အိန္ဂ်ယ္ဒီမာရီယာ၊အဲလက္စ္ဆန္းခ်က္ဇ္တို႔ကိုေျပာင္းေ႐ႊ႕ေၾကးျမင့္မားစြာ၊လုပ္ခမ်ားစြာေပးၿပီးေခၚယူခဲ့ေပမဲ့မေအာင္ျမင္ခဲ့ပါဘူး။ဒါ့အျပင္ေႏြရာသီတုန္းကေရာက္လာတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ဆန္ခ်ိဳတို႔မွာလည္း႐ုန္းကန္ေနရပါတယ္။