ဖာနန်ဒက်စ်ကို အတုခိုးကန်ရာမှာ ပင်နယ်တီလွဲကာ အီဂျစ်ကို ရှုံးခဲ့တဲ့ အိုင်ဗရီကို့စ်ရဲ့အဲရစ်ဘိုင်လီ

အဲရစ်ဘိုင်လီဟာမနေ့ညတုန်းကအီဂျစ်နှင့်အိုင်ဗရီကို့စ်တို့ရဲ့အာဖရိကဖလား၁၆သင်းရှုံးထွက်အဆင့်ပင်နယ်တီအဆုံးအဖြတ်မှာ ယူနိုက်တက်ကစားဖော်ဘရူနိုဖာနန်ဒက်စ်ကိုအတုခိုးပြီးပင်နယ်တီကန်သွင်းဖို့ ကြိုးစားရာမှာအရှက်တကွဲအဖြစ်အပျက်နဲ့ကြုံခဲ့ရပါတယ်။

အိုင်ဗရီကို့စ်ဗဟိုနောက်ခံလူဟာအီဂျစ်နှင့်အာဖရိကဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲရဲ့ပင်နယ်တီအဆုံးအဖြတ်မှာပင်နယ်တီလွဲတဲ့ တစ်ဦးတည်းသော အိုင်ဗရီကို့စ်ကစားသမားလည်းဖြစ်ပါတယ်။

အထူးသဖြင့်သူဟာယူနိုက်တက်ကစားဖော်ဘရူနိုဖာနန်ဒက်စ်ရဲ့ပင်နယ်တီကန်စနစ်ကိုအတုခိုးကန်သွင်းဖို့ကြိုးပမ်းရာမှလွဲချော်ခဲ့လို့ ပိုပြီးတော့ဆိုးရွားနေပါတယ်။

အဲရစ်ဘိုင်လီဟာဘောလုံးနဲ့ခြေလှမ်းတစ်လှမ်းအကွာသို့သာ နောက်ဆုတ်ပြီးဂိုးပေါက်ကိုမကြည့်ဘဲဘရူနိုဖာနန်ဒက်စ်ကဲ့သို့ခုန်ပေါက်ကာကန်သွင်းခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကန်ချက်ကိုအီဂျစ်ဂိုးသမားဂါဘာစကီးကကာကွယ်သွားခဲ့ပါတယ်။

အဲရစ်ဘိုင်လီပင်နယ်တီမဝင်မှုနဲ့အတူအီဂျစ်ကအိုင်ဗရီကို့စ်ကိုပင်နယ်တီအဆုံးအဖြတ်မှာ၅-၄ဂိုးနဲ့အနိုင်ရရှိပြီးအာဖရိကဖလားကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့ပါတယ်။

ZawGyi

ဖာနန္ဒက္စ္ကို အတုခိုးကန္ရာမွာ ပင္နယ္တီလြဲကာ အီဂ်စ္ကို ရႈံးခဲ့တဲ့ အိုင္ဗရီကို႔စ္ရဲ႕အဲရစ္ဘိုင္လီ

အဲရစ္ဘိုင္လီဟာမေန႔ညတုန္းကအီဂ်စ္ႏွင့္အိုင္ဗရီကို႔စ္တို႔ရဲ႕အာဖရိကဖလား၁၆သင္းရႈံးထြက္အဆင့္ပင္နယ္တီအဆုံးအျဖတ္မွာ ယူႏိုက္တက္ကစားေဖာ္ဘ႐ူႏိုဖာနန္ဒက္စ္ကိုအတုခိုးၿပီးပင္နယ္တီကန္သြင္းဖို႔ ႀကိဳးစားရာမွာအရွက္တကြဲအျဖစ္အပ်က္နဲ႔ႀကဳံခဲ့ရပါတယ္။

အိုင္ဗရီကို႔စ္ဗဟိုေနာက္ခံလူဟာအီဂ်စ္ႏွင့္အာဖရိကဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲရဲ႕ပင္နယ္တီအဆုံးအျဖတ္မွာပင္နယ္တီလြဲတဲ့ တစ္ဦးတည္းေသာ အိုင္ဗရီကို႔စ္ကစားသမားလည္းျဖစ္ပါတယ္။

အထူးသျဖင့္သူဟာယူႏိုက္တက္ကစားေဖာ္ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ပင္နယ္တီကန္စနစ္ကိုအတုခိုးကန္သြင္းဖို႔ႀကိဳးပမ္းရာမွလြဲေခ်ာ္ခဲ့လို႔ ပိုၿပီးေတာ့ဆိုး႐ြားေနပါတယ္။

အဲရစ္ဘိုင္လီဟာေဘာလုံးနဲ႔ေျခလွမ္းတစ္လွမ္းအကြာသို႔သာ ေနာက္ဆုတ္ၿပီးဂိုးေပါက္ကိုမၾကည့္ဘဲဘ႐ူႏိုဖာနန္ဒက္စ္ကဲ့သို႔ခုန္ေပါက္ကာကန္သြင္းခဲ့ပါတယ္။ဒါေပမဲ့သူ႔ရဲ႕ကန္ခ်က္ကိုအီဂ်စ္ဂိုးသမားဂါဘာစကီးကကာကြယ္သြားခဲ့ပါတယ္။

အဲရစ္ဘိုင္လီပင္နယ္တီမဝင္မႈနဲ႔အတူအီဂ်စ္ကအိုင္ဗရီကို႔စ္ကိုပင္နယ္တီအဆုံးအျဖတ္မွာ၅-၄ဂိုးနဲ႔အႏိုင္ရရွိၿပီးအာဖရိကဖလားကြာတားဖိုင္နယ္သို႔တက္ေရာက္သြားခဲ့ပါတယ္။