ဖာနန်ဒက်စ်နှင့်ကာဗာနီတို့ကို ကျော်ဖြတ်ကာ ယူရိုပါလိဂ်အကောင်းဆုံးကစားသမားဆုကို မိုရီနိုဆွတ်ခူး

ဗီလာရီးရဲလ်တိုက်စစ်မှူးဂါရတ်မိုရီနိုဟာမန်ယူစတားများဖြစ်ကြတဲ့ဘရူနိုဖာနန်ဒက်စ်နှင့်အက်ဒီဆင်ကာဗာနီတို့အားကျော်ဖြတ်ကာ၂၀၂၁-၂၂ယူရိုပါလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။

ဂါရတ်မိုရီနိုဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကယူရိုပါလိဂ်ပြိုင်ပွဲတွင်၁၂ပွဲကစားခဲ့ရာမှာ၇ဂိုးသွင်းယူပြီး၅ကြိမ်ဖန်တီးမှုပြုလုပ်ပြီးဗီလာရီးရဲလ်အားပထမဆုံးဥရောပဖလားအဖြစ်ယူရိုပါလိဂ်ဖလားရရှိအောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

ဒါ့အပြင်သူဟာပြီးခဲ့တဲ့ရာသီတုန်းက၂၀၁၀-၁၁ရာသီတုန်းကတုန်းကဂူဆက်ပီရော့စီ နောက်ပိုင်းတွင်ဗီလာရီးရဲလ်အတွက်တစ်ရာသီအတွင်းဂိုး၃၀အထက်သွင်းယူနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်လည်းမှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

ယခင်ယူရိုပါလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုရိုမဲလူလူကာကူ(၂၀၁၉-၂၀)၊အေဒင်ဟာဇက်(၂၀၁၈-၁၉)၊အန်တိုနီဂရက်ဇ်မန်း(၂၀၁၇-၁၈)၊ပေါလ်ပေါ့ဘာ(၂၀၁၆-၁၇)တို့ဆွတ်ခူးခဲ့ဖူးပါတယ်။

ZawGyi

ဖာနန္ဒက္စ္ႏွင့္ကာဗာနီတို႔ကို ေက်ာ္ျဖတ္ကာ ယူ႐ိုပါလိဂ္အေကာင္းဆုံးကစားသမားဆုကို မိုရီႏိုဆြတ္ခူး

ဗီလာရီးရဲလ္တိုက္စစ္မႉးဂါရတ္မိုရီႏိုဟာမန္ယူစတားမ်ားျဖစ္ၾကတဲ့ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္အက္ဒီဆင္ကာဗာနီတို႔အားေက်ာ္ျဖတ္ကာ၂၀၂၁-၂၂ယူ႐ိုပါလိဂ္ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားခဲ့ပါတယ္။

ဂါရတ္မိုရီႏိုဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကယူ႐ိုပါလိဂ္ၿပိဳင္ပြဲတြင္၁၂ပြဲကစားခဲ့ရာမွာ၇ဂိုးသြင္းယူၿပီး၅ႀကိမ္ဖန္တီးမႈျပဳလုပ္ၿပီးဗီလာရီးရဲလ္အားပထမဆုံးဥေရာပဖလားအျဖစ္ယူ႐ိုပါလိဂ္ဖလားရရွိေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

ဒါ့အျပင္သူဟာၿပီးခဲ့တဲ့ရာသီတုန္းက၂၀၁၀-၁၁ရာသီတုန္းကတုန္းကဂူဆက္ပီေရာ့စီ ေနာက္ပိုင္းတြင္ဗီလာရီးရဲလ္အတြက္တစ္ရာသီအတြင္းဂိုး၃၀အထက္သြင္းယူႏိုင္တဲ့ပထမဆုံးကစားသမားအျဖစ္လည္းမွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။

ယခင္ယူ႐ိုပါလိဂ္ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကို႐ိုမဲလူလူကာကူ(၂၀၁၉-၂၀)၊ေအဒင္ဟာဇက္(၂၀၁၈-၁၉)၊အန္တိုနီဂရက္ဇ္မန္း(၂၀၁၇-၁၈)၊ေပါလ္ေပါ့ဘာ(၂၀၁၆-၁၇)တို႔ဆြတ္ခူးခဲ့ဖူးပါတယ္။