ဖာနန်ဒက်စ်၊ရှော၊မက်ဂွိုင်းယား၊ရပ်ရှ်ဖို့ဒ်အပါအဝင် စတားငါးဦးကို လုပ်ခတိုးပြီး ဆိုးလ်ရှားစာချုပ်သစ်ချုပ်လို

အိုလီဂန်းနားဆိုးလ်ရှားဟာသူ့ရဲ့မန်ချက်စတာယူနိုက်တက်စတားကစားသမားငါးဦးကိုလုပ်ခတိုးမြှင့်ပြီးစာချုပ်သစ်ချုပ်ဆိုလိုနေကြောင်းသိရပါတယ်။

မန်ယူဟာဘရူနိုဖာနန်ဒက်စ်၊ဟယ်ရီမက်ဂွိုင်းယား၊မားကပ်စ်ရပ်ရှ်ဖို့ဒ်၊လုခ်ရှောတို့ကိုလုပ်ခတိုးမြှင့်ပြီးမန်ယူရဲ့လုပ်ခအမြင့်မားဆုံးကစားသမားအဖြစ်စာချုပ်သစ်ချုပ်ဆိုလိုက်နေတာပါ။

တစ်ဖက်တွင်နော်ဝေလူမျိုးနည်းပြဟာပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ်လိဒ်နှင့်ကစားခဲ့ရတဲ့ပွဲတွင်လေးကြိမ်ဖန်တီးကာခြေစွမ်းပြကစားခဲ့တဲ့ပေါလ်ပေါ့ဘာမှာလည်းစာချုပ်သက်တမ်းချုပ်ဆိုလာလိမ့်မယ်လို့ယုံကြည်နေပါတယ်။

ဘရူနိုဖာနန်ဒက်စ်မှာငါးနှစ်စာချုပ်သက်တမ်းကျန်နေသေးသော်လည်းလက်ရှိအချိန်တွင်တစ်ပတ်လုပ်ခပေါင်၁၁၀၀၀၀၀သာရရှိနေပါတယ်။မန်ယူဟာဖာနန်ဒက်စ်ကိုစာချုပ်သစ်ချုပ်ဆိုဖို့စတင်ဆွေးနွေးနေပြီလည်းဖြစ်ပါတယ်။ဖာနန်ဒက်စ်ဟာစာချုပ်သစ်ကြောင့်ပေါင်၂၅၀၀၀၀မှ ပေါင်၃၀၀၀၀၀အတွင်းခံစားလာရဖို့ရှိပါတယ်။

အင်္ဂလိပ်ကစားသမားများဖြစ်ကြတဲ့ရပ်ရှ်ဖို့ဒ်၊မက်ဂွိုင်းယားနှင့်ရှောတို့မှာတစ်ပတ်လုပ်ခပေါင်၁၈၀၀၀၀မှပေါင်၂၀၀၀၀၀အတွင်းရရှိနေကြသူများဖြစ်ပြီးဘရူနိုဖာနန်ဒက်စ်ကဲ့သို့ပင်မြင့်မားတဲ့လုပ်ခရရှိလာကြပါမယ်။

မန်ယူနည်းပြဆိုးလ်ရှားကအသင်းအတွင်းလုပ်ခညီမျှမှုမရှိမှုကြောင့်အဝတ်အစားလဲခန်းအတွင်းကစားသမားများအကြားစိတ်ဝမ်းကွဲစေနိုင်တယ်လို့ယူဆနေမှုနဲ့အတူအဓိကကစားသမားများကိုလုပ်ခတိုးမြှင့်ရန်စီစဉ်လာရခြင်းလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဒေးဗစ်ဒီဂီယာကတစ်ပတ်လုပ်ခပေါင်၃၇၅၀၀၀ဖြင့်လုပ်ခအမြင့်မားဆုံးကစားသမားအဖြစ်ရပ်တည်နေပြီးပေါလ်ပေါ့ဘာကပေါင်၂၉၀၀၀၀ဖြင့်ဒုတိယအများဆုံးအဖြစ်ရပ်တည်နေပါတယ်။

ZawGyi

ဖာနန္ဒက္စ္၊ေရွာ၊မက္ဂြိဳင္းယား၊ရပ္ရွ္ဖို႔ဒ္အပါအဝင္ စတားငါးဦးကို လုပ္ခတိုးၿပီး ဆိုးလ္ရွားစာခ်ဳပ္သစ္ခ်ဳပ္လို

အိုလီဂန္းနားဆိုးလ္ရွားဟာသူ႔ရဲ႕မန္ခ်က္စတာယူႏိုက္တက္စတားကစားသမားငါးဦးကိုလုပ္ခတိုးျမႇင့္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနေၾကာင္းသိရပါတယ္။

မန္ယူဟာဘ႐ူႏိုဖာနန္ဒက္စ္၊ဟယ္ရီမက္ဂြိဳင္းယား၊မားကပ္စ္ရပ္ရွ္ဖို႔ဒ္၊လုခ္ေရွာတို႔ကိုလုပ္ခတိုးျမႇင့္ၿပီးမန္ယူရဲ႕လုပ္ခအျမင့္မားဆုံးကစားသမားအျဖစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ေနတာပါ။

တစ္ဖက္တြင္ေနာ္ေဝလူမ်ိဳးနည္းျပဟာပရီးမီးယားလိဂ္အဖြင့္ပြဲအျဖစ္လိဒ္ႏွင့္ကစားခဲ့ရတဲ့ပြဲတြင္ေလးႀကိမ္ဖန္တီးကာေျခစြမ္းျပကစားခဲ့တဲ့ေပါလ္ေပါ့ဘာမွာလည္းစာခ်ဳပ္သက္တမ္းခ်ဳပ္ဆိုလာလိမ့္မယ္လို႔ယုံၾကည္ေနပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္မွာငါးႏွစ္စာခ်ဳပ္သက္တမ္းက်န္ေနေသးေသာ္လည္းလက္ရွိအခ်ိန္တြင္တစ္ပတ္လုပ္ခေပါင္၁၁၀၀၀၀၀သာရရွိေနပါတယ္။မန္ယူဟာဖာနန္ဒက္စ္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔စတင္ေဆြးေႏြးေနၿပီလည္းျဖစ္ပါတယ္။ဖာနန္ဒက္စ္ဟာစာခ်ဳပ္သစ္ေၾကာင့္ေပါင္၂၅၀၀၀၀မွ ေပါင္၃၀၀၀၀၀အတြင္းခံစားလာရဖို႔ရွိပါတယ္။

အဂၤလိပ္ကစားသမားမ်ားျဖစ္ၾကတဲ့ရပ္ရွ္ဖို႔ဒ္၊မက္ဂြိဳင္းယားႏွင့္ေရွာတို႔မွာတစ္ပတ္လုပ္ခေပါင္၁၈၀၀၀၀မွေပါင္၂၀၀၀၀၀အတြင္းရရွိေနၾကသူမ်ားျဖစ္ၿပီးဘ႐ူႏိုဖာနန္ဒက္စ္ကဲ့သို႔ပင္ျမင့္မားတဲ့လုပ္ခရရွိလာၾကပါမယ္။

မန္ယူနည္းျပဆိုးလ္ရွားကအသင္းအတြင္းလုပ္ခညီမွ်မႈမရွိမႈေၾကာင့္အဝတ္အစားလဲခန္းအတြင္းကစားသမားမ်ားအၾကားစိတ္ဝမ္းကြဲေစႏိုင္တယ္လို႔ယူဆေနမႈနဲ႔အတူအဓိကကစားသမားမ်ားကိုလုပ္ခတိုးျမႇင့္ရန္စီစဥ္လာရျခင္းလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ေဒးဗစ္ဒီဂီယာကတစ္ပတ္လုပ္ခေပါင္၃၇၅၀၀၀ျဖင့္လုပ္ခအျမင့္မားဆုံးကစားသမားအျဖစ္ရပ္တည္ေနၿပီးေပါလ္ေပါ့ဘာကေပါင္၂၉၀၀၀၀ျဖင့္ဒုတိယအမ်ားဆုံးအျဖစ္ရပ္တည္ေနပါတယ္။