ဖာနန်ဒက်စ် ပင်နယ်တီလွဲပြီးနောက် ရော်နယ်ဒို အဦးဆုံး လာရောက်နှစ်သိမ့်ပေးခဲ့

မနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ဗီလာအားရှုံးနိမ့်တဲ့ပွဲတွင်နာကျင်အချိန်ပိုလွဲချော်ပြီးနောက်ဘရူနိုဖာနန်ဒက်စ်အား ပထမဆုံးလာရောက်နှစ်သိမ့်ပေးခဲ့သူမှာခရစ္စတီယာနိုရော်နယ်ဒိုဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာနာကျင်အချိန်ပိုရရှိတဲ့ပင်နယ်တီကိုအပေါ်ထောင်ကန်ကာလွဲချော်ခဲ့တာဖြစ်ပြီးမန်ယူအတွက်ပင်နယ်တီ၂၃ကြိမ်ကန်ရာမှာဒုတိယအကြိမ်မြောက်မဝင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ဘရူနိုဖာနန်ဒက်စ်ဟာကစားသမားဘဝတစ်လျှောက်ပထမဆုံးအကြိမ်ပင်နယ်တီအားအပေါ်ထောင်ကန်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာပင်နယ်တီလွဲခဲ့ပြီးနောက်အကြီးအကျယ်တုန်လှုပ်နေခဲ့ပါတယ်။ဒါပေမယ့်ချက်ချင်းပင်ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာကာဘရူနိုဖာနန်ဒက်စ်အားနှစ်သိမ့်အားပေးခဲ့ပါတယ်။

ဗီလာနှင့်ပွဲတွင်ဘရူနိုဖာနန်ဒက်စ်ပင်နယ်တီလွဲပြီးနောက်မန်ယူပရိသတ်များကမန်ယူရဲ့နံပါတ်တစ်ဦးစားပေးပင်နယ်တီကန်သူအဖြစ်ခရစ္စတီယာနိုရော်နယ်ဒိုကိုရွေးချယ်သင့်ကြောင်းတိုက်တွန်းပြောဆိုလာကြပါတယ်။

ဖာနန်ဒက်စ်ပင်နယ်တီလွဲမှုနဲ့ပတ်သက်ပြီးဆိုးလ်ရှားက “ပုံမှန်အားဖြင့်ဘရူနိုကပင်နယ်တီကန်တာအရမ်းကောင်းတဲ့သူပါ။ကံဆိုးစွာဘဲဒီတစ်ကြိမ်လွဲသွားခဲ့ပါတယ်။သူကစိတ်ဓာတ်သန်မာတဲ့သူပါ။နောက်တစ်ကြိမ်ကျရင်လည်းသူကန်ပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi





