ဖာနန်ဒက်စ် VS ပေါလ်စခိုး – ဘယ်သူ ပိုကောင်းသလဲ မန်ယူ ပရိသတ်များ ရွေးချယ်လာပြီ

BIRMINGHAM, UNITED KINGDOM - APRIL 14: Manchester United striker Paul Scholes runs with the ball during the FA Cup Semi Final Sponsored by E-ON match between Watford and Manchester United at Villa Park on April 14, 2007 in Birmingham, England. (Photo by Stu Forster/Getty Images)

မန်ယူပရိသတ်များဟာယခုရာသီမှာဘရူနိုဖာနန်ဒက်စ် ဘယ်လောက်ဘဲအကောင်းဆုံးကစားနိုင်ပါစေ ဂန္ထဝင်ကစားသမားပေါလ်စခိုးကိုပိုမိုနှစ်သက်နေကြတုန်းဖြစ်ပါတယ်။

The Sun သတင်းစာ ဘရူနိုဖာနန်ဒက်စ်နှင့်ပေါလ်စခိုးတွင် ဘယ်သူ့ကို ပိုကြိုက်သလဲဆိုတာ မန်ယူပရိသတ်များထံမှ စစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့ကြပါတယ်။

ပရိသတ်၇၀၀၀ နီးပါးတို့ကမဲပေးရာမှာပါဝင်ခဲ့ပြီးပေါလ်စခိုးကမဲအားလုံးရဲ့၆၁ရာခိုင်နှုန်းအထိရရှိခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က၂၁ရာခိုင်နှုန်းဘဲရရှိပါတယ်။ကျန်မဲ၁၈ရာခိုင်နှုန်းတို့ကဘယ်သူပိုကောင်းသလဲမခွဲခြားနိုင်ဘဲကြားနေမဲပေးခဲ့ကြပါတယ်။

ပေါလ်စခိုးဟာမန်ယူအတွက်၁၉၉၄ခုနှစ်မှ၂၀၁၂ခုနှစ်အထိကစားခဲ့ရာမှာပရီးမီးယားလိဂ်ပွဲ၄၉၉ပွဲကစားခဲ့ပြီး၁၀၇ဂိုးသွင်းယူခဲ့ပါတယ်။သူဟာဖန်တီးမှုပေါင်း၅၅ကြိမ်ပြုလုပ်ခဲ့ပါတယ်။မန်ယူဂန္ထဝင်ကစားသမားဟာ၂၂၃မိနစ်လျှင်တစ် ကြိမ်ဂိုး(သို့မဟုတ်)ဖန်တီးမှုပြုလုပ်နိုင်ပါတယ်။

အခြားတစ်ဖက်မှာပေါ်တူဂီကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်စ်ကတော့ပေါလ်စခိုးထက်ပိုကောင်းတဲ့မှတ်တမ်းရရှိထားပါတယ်။

အသက်၂၆နှစ်ရှိဖာနန်ဒက်စ်ဟာမန်ယူအတွက်၁၉ဂိုးသွင်းပြီး၁၄ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။သူဟာပရီးမီး ယားလိဂ်မှာ၇၆မိနစ်ကစားတိုင်းဂိုး(သို့မဟုတ်)ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။

ZawGyi

ဖာနန္ဒက္စ္ VS ေပါလ္စခိုး – ဘယ္သူ ပိုေကာင္းသလဲ မန္ယူ ပရိသတ္မ်ား ေ႐ြးခ်ယ္လာၿပီ

မန္ယူပရိသတ္မ်ားဟာယခုရာသီမွာဘ႐ူႏိုဖာနန္ဒက္စ္ ဘယ္ေလာက္ဘဲအေကာင္းဆုံးကစားႏိုင္ပါေစ ဂႏၴဝင္ကစားသမားေပါလ္စခိုးကိုပိုမိုႏွစ္သက္ေနၾကတုန္းျဖစ္ပါတယ္။

The Sun သတင္းစာ ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္ေပါလ္စခိုးတြင္ ဘယ္သူ႔ကို ပိုႀကိဳက္သလဲဆိုတာ မန္ယူပရိသတ္မ်ားထံမွ စစ္တမ္းေကာက္ယူမႈျပဳလုပ္ခဲ့ၾကပါတယ္။

ပရိသတ္၇၀၀၀ နီးပါးတို႔ကမဲေပးရာမွာပါဝင္ခဲ့ၿပီးေပါလ္စခိုးကမဲအားလုံးရဲ႕၆၁ရာခိုင္ႏႈန္းအထိရရွိခဲ့ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္က၂၁ရာခိုင္ႏႈန္းဘဲရရွိပါတယ္။က်န္မဲ၁၈ရာခိုင္ႏႈန္းတို႔ကဘယ္သူပိုေကာင္းသလဲမခြဲျခားႏိုင္ဘဲၾကားေနမဲေပးခဲ့ၾကပါတယ္။

ေပါလ္စခိုးဟာမန္ယူအတြက္၁၉၉၄ခုႏွစ္မွ၂၀၁၂ခုႏွစ္အထိကစားခဲ့ရာမွာပရီးမီးယားလိဂ္ပြဲ၄၉၉ပြဲကစားခဲ့ၿပီး၁၀၇ဂိုးသြင္းယူခဲ့ပါတယ္။သူဟာဖန္တီးမႈေပါင္း၅၅ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။မန္ယူဂႏၴဝင္ကစားသမားဟာ၂၂၃မိနစ္လွ်င္တစ္ ႀကိမ္ဂိုး(သို႔မဟုတ္)ဖန္တီးမႈျပဳလုပ္ႏိုင္ပါတယ္။

အျခားတစ္ဖက္မွာေပၚတူဂီကြင္းလယ္ကစားသမားဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ေပါလ္စခိုးထက္ပိုေကာင္းတဲ့မွတ္တမ္းရရွိထားပါတယ္။

အသက္၂၆ႏွစ္ရွိဖာနန္ဒက္စ္ဟာမန္ယူအတြက္၁၉ဂိုးသြင္းၿပီး၁၄ႀကိမ္ဖန္တီးမႈျပဳလုပ္ထားႏိုင္ပါတယ္။သူဟာပရီးမီး ယားလိဂ္မွာ၇၆မိနစ္ကစားတိုင္းဂိုး(သို႔မဟုတ္)ဖန္တီးမႈျပဳလုပ္ထားႏိုင္ပါတယ္။