ဖာရန်တောရက်စ်မှာ သုံးလအထိအနားယူရမည်ဖြစ်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာအတည်ပြု

မန်စီးတီးဟာစပိန်လက်ရွေးစင်ရှေ့တန်းကစားသမားဖာရန်တောရက်စ်ကိုလာမယ့်နှစ်သစ်ကူးကာလအထိလက်လွှတ်ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ဗလင်စီယာတိုက်စစ်သမားဟောင်းဟာယူအီးအက်ဖ်အေနေးရှင်းဗိုလ်လုပွဲကစားစဉ်ခြေချောင်းရိုးကျိုးဒဏ်ရာရရှိခဲ့ပါတယ်။

အစောပိုင်းတုန်းကဖာရန်တောရက်စ်မှာတစ်လမှခြောက်ပတ်အထိသာအနားယူရမယ်လို့ယူဆခဲ့ကြရပါတယ်။ဒါပေမယ့်တောရက်စ်ရဲ့ဒဏ်ရာမှာထင်မှတ်ထားတာထက်ဆိုးရွားနေမှုကြောင့်သုံးလအထိအနားယူရတော့မှာဖြစ်ကြောင်းဂွါဒီယိုလာကအတည်ပြုလာပါတယ်။

တောရက်စ်အားဆုံးရှုံးလိုက်ရမှုနဲ့အတူနည်းပြဂွါဒီယိုလာအတွက်တိုက်စစ်မှူးနေရာအတွက်အကြပ်တွေ့လာပြီဖြစ်ပါတယ်။ဂွါဒီယိုလာဟာဘရာဇီးတိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်စ်အပေါ်တွင်အပြည့်အဝယုံကြည်မှုမရှိမှုနဲ့အထောင်တိုက်စစ်တွင်ဖာရန်တောရက်စ်ကိုအသုံးပြုနေပါတယ်။သူဟာယခုရာသီမှာပရီးမီးယားလိဂ်ပွဲလေးပွဲကစားထားရာမှာ၂ဂိုးသွင်းယူထားပါတယ်။

ZawGyi

ဖာရန္ေတာရက္စ္မွာ သုံးလအထိအနားယူရမည္ျဖစ္ေၾကာင္း မန္စီးတီးနည္းျပဂြါဒီယိုလာအတည္ျပဳ

မန္စီးတီးဟာစပိန္လက္ေ႐ြးစင္ေရွ႕တန္းကစားသမားဖာရန္ေတာရက္စ္ကိုလာမယ့္ႏွစ္သစ္ကူးကာလအထိလက္လႊတ္ဆုံးရႈံးရေတာ့မွာျဖစ္ပါတယ္။ဗလင္စီယာတိုက္စစ္သမားေဟာင္းဟာယူအီးအက္ဖ္ေအေနးရွင္းဗိုလ္လုပြဲကစားစဥ္ေျခေခ်ာင္း႐ိုးက်ိဳးဒဏ္ရာရရွိခဲ့ပါတယ္။

အေစာပိုင္းတုန္းကဖာရန္ေတာရက္စ္မွာတစ္လမွေျခာက္ပတ္အထိသာအနားယူရမယ္လို႔ယူဆခဲ့ၾကရပါတယ္။ဒါေပမယ့္ေတာရက္စ္ရဲ႕ဒဏ္ရာမွာထင္မွတ္ထားတာထက္ဆိုး႐ြားေနမႈေၾကာင့္သုံးလအထိအနားယူရေတာ့မွာျဖစ္ေၾကာင္းဂြါဒီယိုလာကအတည္ျပဳလာပါတယ္။

ေတာရက္စ္အားဆုံးရႈံးလိုက္ရမႈနဲ႔အတူနည္းျပဂြါဒီယိုလာအတြက္တိုက္စစ္မႉးေနရာအတြက္အၾကပ္ေတြ႕လာၿပီျဖစ္ပါတယ္။ဂြါဒီယိုလာဟာဘရာဇီးတိုက္စစ္မႉးဂါဘရီရယ္ဂ်ီးဆပ္စ္အေပၚတြင္အျပည့္အဝယုံၾကည္မႈမရွိမႈနဲ႔အေထာင္တိုက္စစ္တြင္ဖာရန္ေတာရက္စ္ကိုအသုံးျပဳေနပါတယ္။သူဟာယခုရာသီမွာပရီးမီးယားလိဂ္ပြဲေလးပြဲကစားထားရာမွာ၂ဂိုးသြင္းယူထားပါတယ္။