ဖိနပ်ကြိုးမစည်းဘဲ Overhead Kick ဖြင့် အံ့ဩစရာကောင်းတဲ့ဂိုးသွင်းခဲ့တဲ့ လီဝန်ဒေါ့စကီး။ ချက်ချင်း Ballon d’Or ဆုကိုပေးသင့်တယ်

Ballon d’Or ဆုကိုချီးမြှင့်ဖို့ခြောက်ရက်ပဲလိုပါတော့တယ်။လီဝန်ဒေါ့စကီးဟာအင်္ဂါနေ့ညတုန်းကယူကရိန်းမြေမှာဆီးနှင်းတွေကြားထဲမှာအလွန်အံ့ဩစရာကောင်းတဲ့ Overhead Kick ဂိုးကိုသွင်းယူခဲ့ပါတယ်။ပိုပြီးတော့အံ့ဩစရာကောင်းတာကတော့ယင်းအံ့မခန်းဂိုးကိုသွင်းချိန်မှာ ဖိနပ်ကြိုးမစည်းထားတာဖြစ်ပါတယ်။

အသက်၃၃နှစ်ရှိလီဝန်ဒေါ့စကီးဟာယခုရာသီမှာကလပ်နှင့်နိုင်ငံအတွက်၂၄ပွဲကစားထားရာမှာ၂၉ဂိုးသွင်းယူထားသူဖြစ်ပါတယ်။သူဟာမနေ့ညတုန်းကဒိုင်နမိုကိဗ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ပထမပိုင်းမှာလှပတဲ့ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။

သူဟာပွဲချိန်၁၄မိနစ်မှာဒိုင်နမိုကိဗ်ဗဟိုနောက်ခံလူလိုင်ယာဇာဘန်းယီရဲ့ညံ့ဖျင်းလှတဲ့ရှင်းထုတ်မှုကနေ အံ့ဩစရာကောင်းတဲ့အခိုက်အတန့်ကိုဖန်တီးပြခဲ့တာဖြစ်ပါတယ်။မနေ့ညကပွဲမှာဘိုင်ယန်မြူးနစ်ဟာဒိုင်နမိုကိဗ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

လီဝန်ဒေါ့စကီးဟာယခုရာသီမှာဘိုင်ယန်မြူးနစ်ရဲ့သွင်းဂိုး၁၀မှာပါဝင်ထားသူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့နှစ်တုန်းက၅၅ဂိုးသွင်းယူနိုင်မှုနဲ့အတူ Ballon d’Or ဆုကိုရရှိဖို့ရေပန်းစားခဲ့ပါတယ်။အားလုံးက Ballon d’Or ဆုကိုသူပဲရမယ်လို့ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမယ့်ကံဆိုးချင်တော့ကိုဗစ်ကြောင့် Ballon d’Or ဆုကိုမချီးမြှင့်ခဲ့ပါဘူး။သူဟာပြီးခဲ့တဲ့နှစ်ဆုနှင့်လွဲခဲ့ရပေမယ့်ယခုရာသီမှာလည်းထပ်မံခြေစွမ်းပြကာ Ballon d’Or ဆုနဲ့ထိုက်တန်ဆဲဖြစ်ကြောင်းပြသနေတုန်းဖြစ်ပါတယ်။

ဒါကြောင့်လည်းမကြာသေးမီတုန်းက Ballon d’Or ဆုရှင်ဟောင်း စပိန်ဂန္ထဝင်တိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်ကယခုနှစ် Ballon d’Or ဆုကို လီဝန်ဒေါ့စကီးမရရင်သူရရှိခဲ့တဲ့ဆုကိုချီးမြှင့်မယ်လို့တောင်ပြောကြားခဲ့ပါတယ်။

ZawGyi

ဖိနပ္ႀကိဳးမစည္းဘဲ Overhead Kick ျဖင့္ အံ့ဩစရာေကာင္းတဲ့ဂိုးသြင္းခဲ့တဲ့ လီဝန္ေဒါ့စကီး။ ခ်က္ခ်င္း Ballon d’Or ဆုကိုေပးသင့္တယ္

Ballon d’Or ဆုကိုခ်ီးျမႇင့္ဖို႔ေျခာက္ရက္ပဲလိုပါေတာ့တယ္။လီဝန္ေဒါ့စကီးဟာအဂၤါေန႔ညတုန္းကယူကရိန္းေျမမွာဆီးႏွင္းေတြၾကားထဲမွာအလြန္အံ့ဩစရာေကာင္းတဲ့ Overhead Kick ဂိုးကိုသြင္းယူခဲ့ပါတယ္။ပိုၿပီးေတာ့အံ့ဩစရာေကာင္းတာကေတာ့ယင္းအံ့မခန္းဂိုးကိုသြင္းခ်ိန္မွာ ဖိနပ္ႀကိဳးမစည္းထားတာျဖစ္ပါတယ္။

အသက္၃၃ႏွစ္ရွိလီဝန္ေဒါ့စကီးဟာယခုရာသီမွာကလပ္ႏွင့္ႏိုင္ငံအတြက္၂၄ပြဲကစားထားရာမွာ၂၉ဂိုးသြင္းယူထားသူျဖစ္ပါတယ္။သူဟာမေန႔ညတုန္းကဒိုင္နမိုကိဗ္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္ရဲ႕ပထမပိုင္းမွာလွပတဲ့ဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။

သူဟာပြဲခ်ိန္၁၄မိနစ္မွာဒိုင္နမိုကိဗ္ဗဟိုေနာက္ခံလူလိုင္ယာဇာဘန္းယီရဲ႕ညံ့ဖ်င္းလွတဲ့ရွင္းထုတ္မႈကေန အံ့ဩစရာေကာင္းတဲ့အခိုက္အတန႔္ကိုဖန္တီးျပခဲ့တာျဖစ္ပါတယ္။မေန႔ညကပြဲမွာဘိုင္ယန္ျမဴးနစ္ဟာဒိုင္နမိုကိဗ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

လီဝန္ေဒါ့စကီးဟာယခုရာသီမွာဘိုင္ယန္ျမဴးနစ္ရဲ႕သြင္းဂိုး၁၀မွာပါဝင္ထားသူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းက၅၅ဂိုးသြင္းယူႏိုင္မႈနဲ႔အတူ Ballon d’Or ဆုကိုရရွိဖို႔ေရပန္းစားခဲ့ပါတယ္။အားလုံးက Ballon d’Or ဆုကိုသူပဲရမယ္လို႔ယုံၾကည္ခဲ့ၾကပါတယ္။

ဒါေပမယ့္ကံဆိုးခ်င္ေတာ့ကိုဗစ္ေၾကာင့္ Ballon d’Or ဆုကိုမခ်ီးျမႇင့္ခဲ့ပါဘူး။သူဟာၿပီးခဲ့တဲ့ႏွစ္ဆုႏွင့္လြဲခဲ့ရေပမယ့္ယခုရာသီမွာလည္းထပ္မံေျခစြမ္းျပကာ Ballon d’Or ဆုနဲ႔ထိုက္တန္ဆဲျဖစ္ေၾကာင္းျပသေနတုန္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းမၾကာေသးမီတုန္းက Ballon d’Or ဆုရွင္ေဟာင္း စပိန္ဂႏၴဝင္တိုက္စစ္မႉးလူးဝစ္ဆြာရက္ဇ္ကယခုႏွစ္ Ballon d’Or ဆုကို လီဝန္ေဒါ့စကီးမရရင္သူရရွိခဲ့တဲ့ဆုကိုခ်ီးျမႇင့္မယ္လို႔ေတာင္ေျပာၾကားခဲ့ပါတယ္။