
အက်သလက်တီကိုမက်ဒရစ်ဟာအသင်းကိုကာလရှည်ကြာကိုင်တွယ်လာတဲ့ဒီယေဂိုဆီမြွန်နီကိုထုတ်ပယ်ပြီးသောမတ်စ်တူချယ်ကိုခန့်အပ်ကာအပြောင်းအလဲလုပ်သွားရန်စီစဉ်နေကြောင်းသိရပါတယ်။
ဒီယေဂိုဆီမြွန်နီဟာယခုရာသီတွင်အက်သလက်တီကိုမှာချန်ပီယံလိဂ်မှထွက်ခွာထားရသလိုလာလီဂါတွင်လည်းချန်ပီယံဆုအတွက်စိန်ခေါ်နိုင်ခြင်းမရှိမှုကြောင့်ဖိအားများဖြင့်ကြုံတွေ့နေရပါတယ်။
အာဂျင်တီးနားလူမျိုးနည်းပြဟာ၂၀၁၁ခုနှစ်ကတည်းကအက်သလက်တီကိုမက်ဒရစ်ကိုကိုင်တွယ်လာခဲ့သူဖြစ်ပြီးယူရိုပါလိဂ်ဖလား၂ကြိမ်နှင့်လာလီဂါဖလား၂ကြိမ်ရယူပေးထားပါတယ်။
ဒါပေမဲ့အက်သလက်တီကိုမက်ဒရစ်တာဝန်ရှိသူများဟာဒီယေဂိုဆီမြွန်နီအားထုတ်ပယ်ပြီးအသင်းကိုအပြောင်းအလဲပြုလုပ်ရန်စီစဉ်နေကြောင်း စပိန်မီဒီယာများကဖော်ပြနေပါတယ်။
စပိန်မီဒီယာများကအက်သလက်တီကိုဟာဆီမြွန်နီကိုထုတ်ပယ်လာပါက ချဲလ်ဆီးနည်းပြဟောင်းတူချယ်ကိုခန့်အပ်လာမည်ဖြစ်ကြောင်းဖော်ပြနေပါတယ်။
တူချယ်ဟာစက်တင်ဘာလတုန်းကချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခံရပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။သူဟာကလပ်အချို့တို့ရဲ့ကမ်းလှမ်းမှုခံခဲ့ရပေမဲ့ပယ်ချခဲ့ပါတယ်။မကြာသေးမီတုန်းကတူချယ်ကလက်ရွေးစင်အသင်းကိုကိုင်တွယ်ရန်လည်းတံခါးဖွင့်ထားကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။
ZawGyi
ဖိအားက်ေရာက္ေနတဲ့ ဆီႁမြန္နီေနရာတြင္ အစားထိုးခန႔္အပ္ခံရရန္ တူခ်ယ္ေရပန္းစားေန
အက္သလက္တီကိုမက္ဒရစ္ဟာအသင္းကိုကာလရွည္ၾကာကိုင္တြယ္လာတဲ့ဒီေယဂိုဆီႁမြန္နီကိုထုတ္ပယ္ၿပီးေသာမတ္စ္တူခ်ယ္ကိုခန႔္အပ္ကာအေျပာင္းအလဲလုပ္သြားရန္စီစဥ္ေနေၾကာင္းသိရပါတယ္။
ဒီေယဂိုဆီႁမြန္နီဟာယခုရာသီတြင္အက္သလက္တီကိုမွာခ်န္ပီယံလိဂ္မွထြက္ခြာထားရသလိုလာလီဂါတြင္လည္းခ်န္ပီယံဆုအတြက္စိန္ေခၚႏိုင္ျခင္းမရွိမႈေၾကာင့္ဖိအားမ်ားျဖင့္ႀကဳံေတြ႕ေနရပါတယ္။
အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာ၂၀၁၁ခုႏွစ္ကတည္းကအက္သလက္တီကိုမက္ဒရစ္ကိုကိုင္တြယ္လာခဲ့သူျဖစ္ၿပီးယူ႐ိုပါလိဂ္ဖလား၂ႀကိမ္ႏွင့္လာလီဂါဖလား၂ႀကိမ္ရယူေပးထားပါတယ္။
ဒါေပမဲ့အက္သလက္တီကိုမက္ဒရစ္တာဝန္ရွိသူမ်ားဟာဒီေယဂိုဆီႁမြန္နီအားထုတ္ပယ္ၿပီးအသင္းကိုအေျပာင္းအလဲျပဳလုပ္ရန္စီစဥ္ေနေၾကာင္း စပိန္မီဒီယာမ်ားကေဖာ္ျပေနပါတယ္။
စပိန္မီဒီယာမ်ားကအက္သလက္တီကိုဟာဆီႁမြန္နီကိုထုတ္ပယ္လာပါက ခ်ဲလ္ဆီးနည္းျပေဟာင္းတူခ်ယ္ကိုခန႔္အပ္လာမည္ျဖစ္ေၾကာင္းေဖာ္ျပေနပါတယ္။
တူခ်ယ္ဟာစက္တင္ဘာလတုန္းကခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ခံရၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ပါတယ္။သူဟာကလပ္အခ်ိဳ႕တို႔ရဲ႕ကမ္းလွမ္းမႈခံခဲ့ရေပမဲ့ပယ္ခ်ခဲ့ပါတယ္။မၾကာေသးမီတုန္းကတူခ်ယ္ကလက္ေ႐ြးစင္အသင္းကိုကိုင္တြယ္ရန္လည္းတံခါးဖြင့္ထားေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။