ဖိအားတွေကျနေတဲ့ ဆိုးလ်ရှားကို ကယ်တင်မှာ ရော်နယ်ဒိုလား? ဘရူနိုလား? မှတ်တမ်းအရ ကယ်တင်ရှင်အစစ်က လင်ဂတ်ဖြစ်နေ

အိုလီဂန်းနားဆိုးလ်ရှားဟာမန်ယူအသင်း ရလဒ်ကောင်းဆက်တိုက်ရယူနိုင်ရန် ရုန်းကန်နေရမှုနဲ့အတူဖိအားများနှင့်ရင်ဆိုင်နေရပါတယ်။ဆိုးလ်ရှားကို ဂျက်စီလင်ဂတ်ကယ်တင်ပေးနိုင်မလားကြည့်ရပါမယ်။

မန်ယူဟာကြားရက်တုန်းကဗီလာရီးရဲလ်နှင့်ပွဲစဉ်မှာနာကျင်အချိန်ပိုမှာခရစ္စတီယာနိုရော်နယ်ဒိုသွင်းယူတဲ့ဂိုးနဲ့အနိုင်ရယူနိုင်ခဲ့ပါတယ်။ယင်းနိုင်ပွဲကဆိုးလ်ရှားရဲ့မန်ယူအတွက်နောက်ဆုံးငါးပွဲမှာဒုတိယမြောက်နိုင်ပွဲဖြစ်ပါတယ်။

ဒါပေမယ့်မန်ယူအသင်းအတွက်အနိုင်ဂိုးကိုခရစ္စတီယာနိုရော်နယ်ဒိုသွင်းယူနိုင်ခဲ့တဲ့ ဂျက်စီလင်ဂတ်ရဲ့ကြိုးစားအားထုတ်မှုနဲ့ဖန်တီးမှုကြောင့်ဖြစ်လာတယ်ဆိုတာမငြင်းနိုင်ပါဘူး။

ဂျက်စီလင်ဂတ်ဟာမန်ယူအတွက်ယခုရာသီမှာ၁၃၆မိနစ်တည်းသာကစားခွင့်ရရှိထားပေမယ့်၂ဂိုးသွင်းယူကာ၁ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။ပြောရမယ်ဆိုရင်လင်ဂတ်ကွင်းထဲမှာ၄၅မိနစ်ရှိတိုင်းမန်ယူအသင်းဂိုးတစ်ဂိုးရအောင်ကူညီထားနိုင်တဲ့သူဖြစ်ပါတယ်။

လင်ဂတ်ဟာဝက်စ်ဟမ်းနှင့်ပွဲမှာနောက်ကျအနိုင်ဂိုး၊နယူးကာဆယ်နှင့်ပွဲမှာတစ်ဂိုးနဲ့အင်္ဂါနေ့တုန်းကပွဲမှာဖန်တီးမှုလုပ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကမန်ယူသို့ပြန်ရောက်လာပြီးနောက်တစ်ပွဲတစ်ဂိုးနှုန်းသွင်းထားပြီးပိုကောင်းတဲ့လုပ်အားနှုန်းပြသထားသလိုပေါလ်ပေါ့ဘာကလည်း၇ကြိမ်ဖန်တီးကာ၉၆မိနစ်ကစားတိုင်းတစ်ကြိမ်ဖန်တီးထားနိုင်ပါတယ်။

ဗီလာနှင့်ပွဲမှာအရေးပါတဲ့ပင်နယ်တီလွဲခဲ့တဲ့ဘရူနိုဖာနန်ဒက်စ်ဟာလည်းမန်ယူအတွက်၄ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးထားပါသေးတယ်။

အန်တိုနီမာရှယ်၊ဂျာဒွန်ဆန်ချို၊ဂျူအန်မာတာ၊အက်ဒီဆင်ကာဗာနီတို့ကဘာမှထူးထူးခြားခြားမလုပ်ပြနိုင်သေးပါဘူး။

ဒါပေမယ့်လည်းလင်ဂတ်ဟာပရီးမီးယားလိဂ်မှာပွဲကစားချိန်အပေါ်မူတည်ပြီးဂိုးသွင်း/ဖန်တီးမှုနှုန်းအမြင့်မားဆုံးကစားသမားတွေထဲမှာမန်ယူရဲ့အခြားကစားသမားများကိုကျော်ဖြတ်ကာရပ်တည်ထားနိုင်ပါတယ်။

ပရီးမီးယားလိဂ်မှာပွဲကစားချိန်အပေါ်မူတည်ပြီးဂိုး/ဖန်တီးနှုန်းအကောင်းဆုံးအဖြစ်ဘရန့်ဖို့ဒ်ရဲ့မားကပ်စ်ဖော့စ်ကယခုရာသီမှာ၅ဂိုးသွင်းကာ၃၇မိနစ်ကစားတိုင်းဂိုး(သို့မဟုတ်)ဖန်တီးမှုအများဆုံးအဖြစ်ရပ်တည်နေပါတယ်။

လီဗာပူးတိုက်စစ်မှူးဖာမီနိုက၁၂၆မိနစ်ကစားထားရာမှာ၃ဂိုးသွင်းထားနိုင်ပြီး၄၂မိနစ်ကစားတိုင်းဂိုး/ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။တတိယနေရာမှာလင်ဂတ်ကမန်ယူအတွက်၁၃၆မိနစ်ကစားထားရာမှာ၂ဂိုးသွင်းပြီး၁ကြိမ်ဖန်တီးကာ၄၅မိနစ်ကစားတိုင်း ဂိုး/ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။

မန်ယူဟာယနေ့ညမှာအိုးထရက်ဖို့ဒ်ကွင်းမှာအဲဗာတန်ကိုဧည့်ခံကစားရပါမယ်။ဆိုးလ်ရှားဟာအင်္ဂလန်အသင်းမှာဆက်လက်ရွေးချယ်ခြင်းခံနေရတဲ့လင်ဂတ်ကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုလာနိုင်ပါတယ်။

ZawGyi

ဖိအားေတြက်ေနတဲ့ ဆိုးလ္ရွားကို ကယ္တင္မွာ ေရာ္နယ္ဒိုလား? ဘ႐ူႏိုလား? မွတ္တမ္းအရ ကယ္တင္ရွင္အစစ္က လင္ဂတ္ျဖစ္ေန

အိုလီဂန္းနားဆိုးလ္ရွားဟာမန္ယူအသင္း ရလဒ္ေကာင္းဆက္တိုက္ရယူႏိုင္ရန္ ႐ုန္းကန္ေနရမႈနဲ႔အတူဖိအားမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။ဆိုးလ္ရွားကို ဂ်က္စီလင္ဂတ္ကယ္တင္ေပးႏိုင္မလားၾကည့္ရပါမယ္။

မန္ယူဟာၾကားရက္တုန္းကဗီလာရီးရဲလ္ႏွင့္ပြဲစဥ္မွာနာက်င္အခ်ိန္ပိုမွာခရစၥတီယာႏိုေရာ္နယ္ဒိုသြင္းယူတဲ့ဂိုးနဲ႔အႏိုင္ရယူႏိုင္ခဲ့ပါတယ္။ယင္းႏိုင္ပြဲကဆိုးလ္ရွားရဲ႕မန္ယူအတြက္ေနာက္ဆုံးငါးပြဲမွာဒုတိယေျမာက္ႏိုင္ပြဲျဖစ္ပါတယ္။

ဒါေပမယ့္မန္ယူအသင္းအတြက္အႏိုင္ဂိုးကိုခရစၥတီယာႏိုေရာ္နယ္ဒိုသြင္းယူႏိုင္ခဲ့တဲ့ ဂ်က္စီလင္ဂတ္ရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔ဖန္တီးမႈေၾကာင့္ျဖစ္လာတယ္ဆိုတာမျငင္းႏိုင္ပါဘူး။

ဂ်က္စီလင္ဂတ္ဟာမန္ယူအတြက္ယခုရာသီမွာ၁၃၆မိနစ္တည္းသာကစားခြင့္ရရွိထားေပမယ့္၂ဂိုးသြင္းယူကာ၁ႀကိမ္ဖန္တီးမႈျပဳလုပ္ထားႏိုင္ပါတယ္။ေျပာရမယ္ဆိုရင္လင္ဂတ္ကြင္းထဲမွာ၄၅မိနစ္ရွိတိုင္းမန္ယူအသင္းဂိုးတစ္ဂိုးရေအာင္ကူညီထားႏိုင္တဲ့သူျဖစ္ပါတယ္။

လင္ဂတ္ဟာဝက္စ္ဟမ္းႏွင့္ပြဲမွာေနာက္က်အႏိုင္ဂိုး၊နယူးကာဆယ္ႏွင့္ပြဲမွာတစ္ဂိုးနဲ႔အဂၤါေန႔တုန္းကပြဲမွာဖန္တီးမႈလုပ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုကမန္ယူသို႔ျပန္ေရာက္လာၿပီးေနာက္တစ္ပြဲတစ္ဂိုးႏႈန္းသြင္းထားၿပီးပိုေကာင္းတဲ့လုပ္အားႏႈန္းျပသထားသလိုေပါလ္ေပါ့ဘာကလည္း၇ႀကိမ္ဖန္တီးကာ၉၆မိနစ္ကစားတိုင္းတစ္ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။

ဗီလာႏွင့္ပြဲမွာအေရးပါတဲ့ပင္နယ္တီလြဲခဲ့တဲ့ဘ႐ူႏိုဖာနန္ဒက္စ္ဟာလည္းမန္ယူအတြက္၄ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးထားပါေသးတယ္။

အန္တိုနီမာရွယ္၊ဂ်ာဒြန္ဆန္ခ်ိဳ၊ဂ်ဴအန္မာတာ၊အက္ဒီဆင္ကာဗာနီတို႔ကဘာမွထူးထူးျခားျခားမလုပ္ျပႏိုင္ေသးပါဘူး။

ဒါေပမယ့္လည္းလင္ဂတ္ဟာပရီးမီးယားလိဂ္မွာပြဲကစားခ်ိန္အေပၚမူတည္ၿပီးဂိုးသြင္း/ဖန္တီးမႈႏႈန္းအျမင့္မားဆုံးကစားသမားေတြထဲမွာမန္ယူရဲ႕အျခားကစားသမားမ်ားကိုေက်ာ္ျဖတ္ကာရပ္တည္ထားႏိုင္ပါတယ္။

ပရီးမီးယားလိဂ္မွာပြဲကစားခ်ိန္အေပၚမူတည္ၿပီးဂိုး/ဖန္တီးႏႈန္းအေကာင္းဆုံးအျဖစ္ဘရန႔္ဖို႔ဒ္ရဲ႕မားကပ္စ္ေဖာ့စ္ကယခုရာသီမွာ၅ဂိုးသြင္းကာ၃၇မိနစ္ကစားတိုင္းဂိုး(သို႔မဟုတ္)ဖန္တီးမႈအမ်ားဆုံးအျဖစ္ရပ္တည္ေနပါတယ္။

လီဗာပူးတိုက္စစ္မႉးဖာမီႏိုက၁၂၆မိနစ္ကစားထားရာမွာ၃ဂိုးသြင္းထားႏိုင္ၿပီး၄၂မိနစ္ကစားတိုင္းဂိုး/ဖန္တီးမႈ ျပဳလုပ္ထားႏိုင္ပါတယ္။တတိယေနရာမွာလင္ဂတ္ကမန္ယူအတြက္၁၃၆မိနစ္ကစားထားရာမွာ၂ဂိုးသြင္းၿပီး၁ႀကိမ္ဖန္တီးကာ၄၅မိနစ္ကစားတိုင္း ဂိုး/ဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ထားႏိုင္ပါတယ္။

မန္ယူဟာယေန႔ညမွာအိုးထရက္ဖို႔ဒ္ကြင္းမွာအဲဗာတန္ကိုဧည့္ခံကစားရပါမယ္။ဆိုးလ္ရွားဟာအဂၤလန္အသင္းမွာဆက္လက္ေ႐ြးခ်ယ္ျခင္းခံေနရတဲ့လင္ဂတ္ကိုပြဲထြက္ကစားသမားအျဖစ္အသုံးျပဳလာႏိုင္ပါတယ္။