ဖိုဒန်ရဲ့အင်္ကျီကို သူ့အတွက် ရယူပေးရန် မက်ဆီကို မန်စီးတီးပရိသတ်ငယ်လှောင်ပြောင်

မန်စီးတီးပရိသတ်ငယ်တစ်ဦးဟာအီတီဟတ်ကွင်းမှာပီအက်စ်ဂျီအားအနိုင်မယူမီပီအက်စ်ဂျီစူပါစတားလီယွန်နယ်မက်ဆီကိုလှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။

အလွန်ရယ်စရာကောင်းတဲ့မန်စီးတီးပရိသတ်ငယ်ဟာဘောလုံးစံပြကစားသမားအားသူ့အတွက်ဖီးလ်ဖိုဒန်ရဲ့အင်္ကျီရယူပေးစေလိုကြောင်း ရေးသားထားတဲ့ဆိုင်းဘုတ်ကိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာပထမအကျော့တုန်းကပဲရစ်တွင်မန်စီးတီးကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပေမယ့်အီတီဟတ်ကွင်းမှာတော့၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

မန်စီးတီးအတွက်ဂိုးများကိုရာဟမ်းစတာလင်းနှင့်ဂါဘရီရယ်ဂျီးဆပ်စ်တို့ကသွင်းယူခဲ့တာဖြစ်ပြီးပီအက်စ်ဂျီအတွက်ဂိုးကိုဘက်ပေးကသွင်းယူခဲ့တာဖြစ်ပါတယ်။

ZawGyi




