ဖီနာဘာချီရဲ့စာချုပ်ဖျက်သိမ်းခံရပြီး ၂၉ မိနစ်အကြာတွင် ကလပ်သစ်သို့ ပြောင်းနိုင်ခဲ့တဲ့ အိုဇေးလ်

မီဆတ်အိုဇေးလ်ဟာဖီနာဘာချီရဲ့စာချုပ်ဖျက်သိမ်းခြင်းခံရပြီးနောက်၂၉မိနစ်အကြာတွင်ပင်အစ္စတန်ဘူလ်ဘာဆာဆီဟာကစားသမားဖြစ်လာခဲ့ပါတယ်။

အသက်၃၃နှစ်ရှိအာဆင်နယ်စတားဟောင်းဟာလွန်ခဲ့တဲ့၁၈လကမှဖီနာဘာချီသို့ပြောင်းခဲ့သူဖြစ်ပြီးဗုဒ္ဓဟူးနေ့ကစာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။

အိုဇေးလ်ဟာယာယီနည်းပြအစ်မဲလ်ကာတယ်နှင့်အချင်းများပြီးနောက် လူစာရင်းမှဖယ်ရှားခံရကာမတ်လကတည်းကဖီနာဘာချီအတွက်ကစားခွင့်မရလာခဲ့သူဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်ဟောင်းဟာတူရကီတွင်ကစားတဲ့တစ်နှစ်ခွဲကာလအတွင်းတွင်၃၇ပွဲတည်းသာကစားနိုင်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့တွင်တော့ဖီနာဘာချီကအိုဇေးလ်နှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းကြေညာလာပါတယ်။

ဒါပေမဲ့ယင်းသို့ကြေညာပြီး၂၉မိနစ်အကြာတွင်အစ္စတန်ဘူလ်ဘာဆာဆီဟာက အိုဇေးလ်ကိုကစားသမားသစ်အဖြစ်ကြေညာလာပါတယ်။

အစ္စတန်ဘူလ်အခြေစိုက်ကလပ်တစ်ခုပင်ဖြစ်တဲ့ဘာဆာဆီဟာဟာ ရည်မှန်းချက်ကြီးမားတဲ့ကလပ်တစ်ခုဖြစ်ပြီးပြီးခဲ့တဲ့နှစ်များအတွင်းတွင်ဒမ်ဘာဘာ၊ရော်ဘင်ဟို၊အဒီဘာယောတို့ကဲ့သို့သောနာမည်ကျော်များကိုခေါ်ယူခဲ့တဲ့အသင်းဖြစ်ပါတယ်။

၎င်းတို့ဟာပြီးခဲ့တဲ့ရာသီတုန်းကတူရကီစူပါလိဂ်တွင်အဆင့်၄နေရာတွင်ရပ်တည်နိုင်ခဲ့ပါတယ်။၎င်းတို့ဟာ၂၀၂၀-၂၁ဘောလုံးရာသီတုန်းကချန်ပီယံလိဂ်တွင်ယူနိုက်တက်ကို၂-၁ဖြင့်အနိုင်ရရှိပြီးနောက်တကမ္ဘာလုံးရဲ့အာရုံစိုက်မှုရရှိခဲ့ပါတယ်။

အိုဇေးလ်ဟာဖီနာဘာချီအတွက်ကစားစဉ်အတွင်း၉ဂိုးသွင်းယူကာ၃ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

ZawGyi

ဖီနာဘာခ်ီရဲ႕စာခ်ဳပ္ဖ်က္သိမ္းခံရၿပီး ၂၉ မိနစ္အၾကာတြင္ ကလပ္သစ္သို႔ ေျပာင္းႏိုင္ခဲ့တဲ့ အိုေဇးလ္

မီဆတ္အိုေဇးလ္ဟာဖီနာဘာခ်ီရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံရၿပီးေနာက္၂၉မိနစ္အၾကာတြင္ပင္အစၥတန္ဘူလ္ဘာဆာဆီဟာကစားသမားျဖစ္လာခဲ့ပါတယ္။

အသက္၃၃ႏွစ္ရွိအာဆင္နယ္စတားေဟာင္းဟာလြန္ခဲ့တဲ့၁၈လကမွဖီနာဘာခ်ီသို႔ေျပာင္းခဲ့သူျဖစ္ၿပီးဗုဒၶဟူးေန႔ကစာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရပါတယ္။

အိုေဇးလ္ဟာယာယီနည္းျပအစ္မဲလ္ကာတယ္ႏွင့္အခ်င္းမ်ားၿပီးေနာက္ လူစာရင္းမွဖယ္ရွားခံရကာမတ္လကတည္းကဖီနာဘာခ်ီအတြက္ကစားခြင့္မရလာခဲ့သူျဖစ္ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ေဟာင္းဟာတူရကီတြင္ကစားတဲ့တစ္ႏွစ္ခြဲကာလအတြင္းတြင္၃၇ပြဲတည္းသာကစားႏိုင္ခဲ့ပါတယ္။

ဗုဒၶဟူးေန႔တြင္ေတာ့ဖီနာဘာခ်ီကအိုေဇးလ္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

ဒါေပမဲ့ယင္းသို႔ေၾကညာၿပီး၂၉မိနစ္အၾကာတြင္အစၥတန္ဘူလ္ဘာဆာဆီဟာက အိုေဇးလ္ကိုကစားသမားသစ္အျဖစ္ေၾကညာလာပါတယ္။

အစၥတန္ဘူလ္အေျခစိုက္ကလပ္တစ္ခုပင္ျဖစ္တဲ့ဘာဆာဆီဟာဟာ ရည္မွန္းခ်က္ႀကီးမားတဲ့ကလပ္တစ္ခုျဖစ္ၿပီးၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းတြင္ဒမ္ဘာဘာ၊ေရာ္ဘင္ဟို၊အဒီဘာေယာတို႔ကဲ့သို႔ေသာနာမည္ေက်ာ္မ်ားကိုေခၚယူခဲ့တဲ့အသင္းျဖစ္ပါတယ္။

၎တို႔ဟာၿပီးခဲ့တဲ့ရာသီတုန္းကတူရကီစူပါလိဂ္တြင္အဆင့္၄ေနရာတြင္ရပ္တည္ႏိုင္ခဲ့ပါတယ္။၎တို႔ဟာ၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကခ်န္ပီယံလိဂ္တြင္ယူႏိုက္တက္ကို၂-၁ျဖင့္အႏိုင္ရရွိၿပီးေနာက္တကမာၻလုံးရဲ႕အာ႐ုံစိုက္မႈရရွိခဲ့ပါတယ္။

အိုေဇးလ္ဟာဖီနာဘာခ်ီအတြက္ကစားစဥ္အတြင္း၉ဂိုးသြင္းယူကာ၃ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။