ဖီနာဘာချီ (သို့မဟုတ်)မေဂျာလိဂ်သို့ ပြောင်းကစားချင်ကြောင်း မီဆတ်အိုဇေးလ်ဖွင့်ဟ

မီဆတ်အိုဇေးလ်ကအာဆင်နယ်မှာထွက်ခွာချိန်မှာကစားသမားဘဝမှအနားယူရန်မစဉ်းစားဘဲ ဖီနာဘာချီ (သို့မဟုတ်) မေဂျာလိဂ်သို့ပြောင်းကစားလိုကြောင်း ပြောကြားလာပါတယ်။

ဂျာမနီလက်ရွေးစင်ဟောင်းဟာပြီးခဲ့တဲ့မတ်လကတည်းကအာဆင်နယ်အသင်းမှာကစားခွင့်ပျောက်ဆုံးလာခဲ့သူ ဖြစ်ပြီးယခုဇန်နဝါရီအပြောင်းအရွှေ့(သို့မဟုတ်)စာချုပ်သက်တမ်းကုန်ဆုံးမယ့် နွေရာသီတွင်ထွက်ခွာရန် သေချာနေသူလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်စတားဟောင်းဟာတစ်ပတ်လုပ်ခပေါင်၃၅၀၀၀၀ဖြင့်အာဆင်နယ်တွင်လုပ်ခအများဆုံးရရှိတဲ့ ကစားသမားအဖြစ်ရပ်တည်နေပြီးယခုဇန်နဝါရီတွင်ထွက်ခွာမှာမဟုတ်ကြောင်းပြောကြားလာခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ကိုဖီနာဘာချီနှင့်မေဂျာလိဂ်ကလပ်ဒီစီယူနိုက်တက်တို့ကကမ်းလှမ်းထားပေမယ့် တစ်ပတ်လုပ်ခပေါင်၉၀၀၀၀ အထိသာရရှိမည်ဖြစ်ရာနောက်တွန့်လျက်ရှိပါတယ်။

မကြာသေးမီတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရ၎င်းအနေဖြင့်တစ်ပတ်လုပ်ခပေါင်၆၅၀၀၀နှုန်းဖြင့်လာမယ့်၂၀၂၃ခုနှစ် နွေရာသီအထိပုံမှန်ငွေပေးမည်ဆိုပါကစာချုပ်ဖျက်သိမ်းပေးမယ်လို့ကလပ်ကိုကမ်းလှမ်းထားပါတယ်။အာဆင် နယ်အနေဖြင့်၎င်းကိုဇန်နဝါရီတွင်စာချုပ်ဖျက်သိမ်းလိုက်ပါကလုပ်ခပေါင်၈.၇၅သန်းပေးရပါမယ်။

အိုဇေးလ်က “ဆက်ကစားဖို့သေချာပါတယ်။အနားမယူချင်သွားကစားချင်တဲ့နေရာနှစ်နေရာရှိပါတယ်။တူရကီနှင့် အမေရိကပါ။တူရကီသို့သွားမယ်ဆိုရင်ဖီနာဘာချီသို့ဘဲပြောင်းနိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

တူရကီထိပ်သီးဖီနာဘာချီဟာအိုဇေးလ်ကိုတရားဝင်ကမ်းလှမ်းမှုများပြုလုပ်ထားပြီးအပြောင်းအရွှေ့အဖြေကို ယခုအပတ်အတွင်းတွင်သိရမယ်လို့ဆိုထားပါတယ်။

ZawGyi

ဖီနာဘာခ်ီ (သို႔မဟုတ္)ေမဂ်ာလိဂ္သို႔ ေျပာင္းကစားခ်င္ေၾကာင္း မီဆတ္အိုေဇးလ္ဖြင့္ဟ

မီဆတ္အိုေဇးလ္ကအာဆင္နယ္မွာထြက္ခြာခ်ိန္မွာကစားသမားဘဝမွအနားယူရန္မစဥ္းစားဘဲ ဖီနာဘာခ်ီ (သို႔မဟုတ္) ေမဂ်ာလိဂ္သို႔ေျပာင္းကစားလိုေၾကာင္း ေျပာၾကားလာပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ေဟာင္းဟာၿပီးခဲ့တဲ့မတ္လကတည္းကအာဆင္နယ္အသင္းမွာကစားခြင့္ေပ်ာက္ဆုံးလာခဲ့သူ ျဖစ္ၿပီးယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕(သို႔မဟုတ္)စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ေႏြရာသီတြင္ထြက္ခြာရန္ ေသခ်ာေနသူလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္စတားေဟာင္းဟာတစ္ပတ္လုပ္ခေပါင္၃၅၀၀၀၀ျဖင့္အာဆင္နယ္တြင္လုပ္ခအမ်ားဆုံးရရွိတဲ့ ကစားသမားအျဖစ္ရပ္တည္ေနၿပီးယခုဇန္နဝါရီတြင္ထြက္ခြာမွာမဟုတ္ေၾကာင္းေျပာၾကားလာခဲ့သူလည္း ျဖစ္ပါတယ္။

သူ႔ကိုဖီနာဘာခ်ီႏွင့္ေမဂ်ာလိဂ္ကလပ္ဒီစီယူႏိုက္တက္တို႔ကကမ္းလွမ္းထားေပမယ့္ တစ္ပတ္လုပ္ခေပါင္၉၀၀၀၀ အထိသာရရွိမည္ျဖစ္ရာေနာက္တြန႔္လ်က္ရွိပါတယ္။

မၾကာေသးမီတုန္းကထြက္ေပၚခဲ့တဲ့သတင္းအရ၎အေနျဖင့္တစ္ပတ္လုပ္ခေပါင္၆၅၀၀၀ႏႈန္းျဖင့္လာမယ့္၂၀၂၃ခုႏွစ္ ေႏြရာသီအထိပုံမွန္ေငြေပးမည္ဆိုပါကစာခ်ဳပ္ဖ်က္သိမ္းေပးမယ္လို႔ကလပ္ကိုကမ္းလွမ္းထားပါတယ္။အာဆင္ နယ္အေနျဖင့္၎ကိုဇန္နဝါရီတြင္စာခ်ဳပ္ဖ်က္သိမ္းလိုက္ပါကလုပ္ခေပါင္၈.၇၅သန္းေပးရပါမယ္။

အိုေဇးလ္က “ဆက္ကစားဖို႔ေသခ်ာပါတယ္။အနားမယူခ်င္သြားကစားခ်င္တဲ့ေနရာႏွစ္ေနရာရွိပါတယ္။တူရကီႏွင့္ အေမရိကပါ။တူရကီသို႔သြားမယ္ဆိုရင္ဖီနာဘာခ်ီသို႔ဘဲေျပာင္းႏိုင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

တူရကီထိပ္သီးဖီနာဘာခ်ီဟာအိုေဇးလ္ကိုတရားဝင္ကမ္းလွမ္းမႈမ်ားျပဳလုပ္ထားၿပီးအေျပာင္းအေ႐ႊ႕အေျဖကို ယခုအပတ္အတြင္းတြင္သိရမယ္လို႔ဆိုထားပါတယ္။