ဖီဖာကို ပြန်လည်ဖွဲ့စည်းရေး ပရိသတ်များရဲ့လက်မှတ်ကောက်ခံမှု တစ်သိန်းကျော်အထိ ရရှိနေပြီ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကအငြင်းပွားဖွယ်ပြည့်နှက်နေပါတယ်။ဒါပေမဲ့ဘောလုံးပရိသတ်များကတော့ကမ္ဘာ့ဖလားပြိုင်ပွဲကိုဆိုးဆိုးရွားရွားကိုင်တွယ်နေတဲ့ဖီဖာရဲ့လုပ်ရပ်ကိုနောက်ဆုံးအကြိမ်မြင်တွေ့ရတာမျိုးဖြစ်စေလိုနေကြပါတယ်။

ဖီဖာကကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ရွေးချယ်လိုက်တဲ့ကာတာရဲ့ရွှေ့ပြောင်းအလုပ်သမားများအရေးကိုင်တွယ်မှု၊ LGBT+အသိုင်းအဝိုင်းကိုနှိပ်ကွက်မှုစတာတို့အပြင်အကြောင်းပြချက်များစွာတို့ဖြင့်ဝေဖန်မှုကြုံနေရပါတယ်။

ဘောလုံးပရိသတ်များဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်သက်တန့်နှင့်သက်ဆိုင်တဲ့မည်သည့်အရာမှယူဆောင်ဝတ်ဆင်နိုင်ခြင်းမရှိသလို ကမ္ဘာ့ဖလားသမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ပရိသတ်များ ဘီယာသောက်ခွင့်မရရှိခဲ့ကြပါဘူး။

ဒါကြောင့်လည်း Kick it Out ဒုက္ကဌခရစ်ပါအိုရို့စ်ဟာဖီဖာကိုပြောင်းအလဲဖွဲ့စည်းတည်ဆောက်ရေးအတွက်ပရိသတ်များရဲ့မဲဆန္ဒလက်မှတ်ကောက်ခံမှုပြုလုပ်နေပါတယ်။

ယခုအခါအားရဖွယ်ကောင်းစွာဘဲဘောလုံးပရိသတ်ပေါင်းတစ်သိန်းကျော်တို့ကဖီဖာကိုပြောင်းလဲဖွဲ့စည်းရေးအတွက်ထောက်ခံလက်မှတ်ရေးထိုးထားကြပြီဖြစ်ပါတယ်။

ဖီဖာဟာလာမယ့်နှစ်တွင်ဥက္ကဌရွေးကောက်ပွဲကျင်းပသွားပါမယ်။ဒါပေမဲ့လက်ရှိဥက္ကဌဂျီယန်နီအင်ဖန်တီနိုတစ်ဦးတည်းသာဖီဖာဥက္ကဌရာထူးအတွက်ယှဉ်ပြိုင်ရန်လျှောက်ထားမှုနှင့်အတူပြိုင်ဘက်မရှိဘဲဥက္ကဌအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်လာဦးမှာလည်းဖြစ်ပါတယ်။

ZawGyi

ဖီဖာကို ျပန္လည္ဖြဲ႕စည္းေရး ပရိသတ္မ်ားရဲ႕လက္မွတ္ေကာက္ခံမႈ တစ္သိန္းေက်ာ္အထိ ရရွိေနၿပီ

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကအျငင္းပြားဖြယ္ျပည့္ႏွက္ေနပါတယ္။ဒါေပမဲ့ေဘာလုံးပရိသတ္မ်ားကေတာ့ကမာၻ႔ဖလားၿပိဳင္ပြဲကိုဆိုးဆိုး႐ြား႐ြားကိုင္တြယ္ေနတဲ့ဖီဖာရဲ႕လုပ္ရပ္ကိုေနာက္ဆုံးအႀကိမ္ျမင္ေတြ႕ရတာမ်ိဳးျဖစ္ေစလိုေနၾကပါတယ္။

ဖီဖာကကမာၻ႔ဖလားအိမ္ရွင္အျဖစ္ေ႐ြးခ်ယ္လိုက္တဲ့ကာတာရဲ႕ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေရးကိုင္တြယ္မႈ၊ LGBT+အသိုင္းအဝိုင္းကိုႏွိပ္ကြက္မႈစတာတို႔အျပင္အေၾကာင္းျပခ်က္မ်ားစြာတို႔ျဖင့္ေဝဖန္မႈႀကဳံေနရပါတယ္။

ေဘာလုံးပရိသတ္မ်ားဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္သက္တန႔္ႏွင့္သက္ဆိုင္တဲ့မည္သည့္အရာမွယူေဆာင္ဝတ္ဆင္ႏိုင္ျခင္းမရွိသလို ကမာၻ႔ဖလားသမိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ပရိသတ္မ်ား ဘီယာေသာက္ခြင့္မရရွိခဲ့ၾကပါဘူး။

ဒါေၾကာင့္လည္း Kick it Out ဒုကၠဌခရစ္ပါအို႐ို႕စ္ဟာဖီဖာကိုေျပာင္းအလဲဖြဲ႕စည္းတည္ေဆာက္ေရးအတြက္ပရိသတ္မ်ားရဲ႕မဲဆႏၵလက္မွတ္ေကာက္ခံမႈျပဳလုပ္ေနပါတယ္။

ယခုအခါအားရဖြယ္ေကာင္းစြာဘဲေဘာလုံးပရိသတ္ေပါင္းတစ္သိန္းေက်ာ္တို႔ကဖီဖာကိုေျပာင္းလဲဖြဲ႕စည္းေရးအတြက္ေထာက္ခံလက္မွတ္ေရးထိုးထားၾကၿပီျဖစ္ပါတယ္။

ဖီဖာဟာလာမယ့္ႏွစ္တြင္ဥကၠဌေ႐ြးေကာက္ပြဲက်င္းပသြားပါမယ္။ဒါေပမဲ့လက္ရွိဥကၠဌဂ်ီယန္နီအင္ဖန္တီႏိုတစ္ဦးတည္းသာဖီဖာဥကၠဌရာထူးအတြက္ယွဥ္ၿပိဳင္ရန္ေလွ်ာက္ထားမႈႏွင့္အတူၿပိဳင္ဘက္မရွိဘဲဥကၠဌအျဖစ္ဆက္လက္တာဝန္ထမ္းေဆာင္လာဦးမွာလည္းျဖစ္ပါတယ္။