ဖီဖာက ပိတ်ပင်လျှင်လည်း One Love အသင်းခေါင်းဆောင်လက်ပတ်ကို ဟယ်ရီကိန်း ဝတ်ဆင်မည်

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ ဖီဖာကပိတ်ပင်မှုပြုလုပ်ကာ ဒဏ်ရိုက်လာမည်ဆိုပါကလည်း ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် One Love အသင်းခေါင်းဆောင်ကိုဝတ်ဆင်လာမှာဖြစ်ကြောင်းသိရပါတယ်။

၂၀၁၀ခုနှစ်တုန်းက ဖီဖာက၂၀၁၈ကမ္ဘာ့ဖလားကိုရုရှားတွင်ကျင်းပရန်ဆုံးဖြတ်လာတဲ့နေ့တွင်ပင်၂၀၂၂ကမ္ဘာ့ဖလားကိုအရှေ့အလယ်ပိုင်းတွင်ကျင်းပရန်ဆုံးဖြတ်လိုက်ပြီးနောက်ပြဿနာများတောက်လျှောက်တက်လာခဲ့တာဖြစ်ပါတယ်။

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကိုပုံမှန်အတိုင်းနွေရာသီတွင်မကျင်းပနိုင်ဘဲဆောင်းရာသီသို့ရွှေ့ဆိုင်းထားရာကတစ်ကမ္ဘာလုံးရဲ့လိဂ်ပြက္ခဒိန်အပြောင်းအလဲလုပ်ခဲ့ရပါတယ်။

ဒါ့အပြင်ကာတာနိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားများအပေါ်လူသားမစာနာဘဲ ပြုမူဆက်ဆံမှု၊ လိင်တူလက်မခံမှုတို့နှင့်ပတ်သက်ပြီးဝေဖန်နေကြပါတယ်။

ဒိန်းမတ်ဟာကာတာနိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကိုဆန့်ကျင်တဲ့အနေဖြင့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မှေးမှေးမှိန်မှိန်ဖန်တီးထားတဲ့ဝတ်စုံကိုဝတ်ဆင်ကစားလာပါမယ်။

တဖက်တွင်နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ဦးဆောင်ပြီးအင်္ဂလန်၊ဘယ်လ်ဂျီ၊ပြင်သစ်၊ဂျာမနီအပါအဝင်အသင်း ၈ သင်းတို့ဟာလည်းကာတာရဲ့လိင်တူအတူနေမှုကန့်သတ်မှုကို One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ပြီးဆန့်ကျင်သွားပါမယ်။

ဒါပေမဲ့လက်ရှိအချိန်တွင်ဖီဖာကဟယ်ရီကိန်းအပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းများမှအသင်းခေါင်းဆောင်အချို့တို့ရဲ့One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ရေးအပေါ် တစုံတရာဆုံးဖြတ်ခြင်းမပြုလုပ်ရသေးပါဘူး။

ဒါပေမဲ့ Sky Sports ရဲ့ဖော်ပြချက်အရအင်္ဂလန်ကတော့ဖီဖာကပိတ်ပင်ကာဒဏ်ရိုက်လာမည်ဆိုပါကလည်း One Love အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်လာမည်ဖြစ်ကြောင်းသိရပါတယ်။

ဒါ့အပြင်ယခုအပတ်နှောင်းပိုင်းတွင်ယူအီးအက်ဖ်အေမှတာဝန်ရှိသူများဟာဇူးရစ်တွင်ဖီဖာနှင့်တွေ့ဆုံပြီးကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကွင်းများတည်ဆောက်စဉ်သေဆုံးသွားတဲ့အလုပ်သမားခြောက်ထောင်ကျော်တို့အတွက်နစ်နာကြေးပေးရေးကိုလည်းဆွေးနွေးသွားပါမယ်။

ZawGyi

ဖီဖာက ပိတ္ပင္လွ်င္လည္း One Love အသင္းေခါင္းေဆာင္လက္ပတ္ကို ဟယ္ရီကိန္း ဝတ္ဆင္မည္

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာ ဖီဖာကပိတ္ပင္မႈျပဳလုပ္ကာ ဒဏ္႐ိုက္လာမည္ဆိုပါကလည္း ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ One Love အသင္းေခါင္းေဆာင္ကိုဝတ္ဆင္လာမွာျဖစ္ေၾကာင္းသိရပါတယ္။

၂၀၁၀ခုႏွစ္တုန္းက ဖီဖာက၂၀၁၈ကမာၻ႔ဖလားကို႐ုရွားတြင္က်င္းပရန္ဆုံးျဖတ္လာတဲ့ေန႔တြင္ပင္၂၀၂၂ကမာၻ႔ဖလားကိုအေရွ႕အလယ္ပိုင္းတြင္က်င္းပရန္ဆုံးျဖတ္လိုက္ၿပီးေနာက္ျပႆနာမ်ားေတာက္ေလွ်ာက္တက္လာခဲ့တာျဖစ္ပါတယ္။

၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲကိုပုံမွန္အတိုင္းေႏြရာသီတြင္မက်င္းပႏိုင္ဘဲေဆာင္းရာသီသို႔ေ႐ႊ႕ဆိုင္းထားရာကတစ္ကမာၻလုံးရဲ႕လိဂ္ျပကၡဒိန္အေျပာင္းအလဲလုပ္ခဲ့ရပါတယ္။

ဒါ့အျပင္ကာတာႏိုင္ငံရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ ႏိုင္ငံျခားေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေပၚလူသားမစာနာဘဲ ျပဳမူဆက္ဆံမႈ၊ လိင္တူလက္မခံမႈတို႔ႏွင့္ပတ္သက္ၿပီးေဝဖန္ေနၾကပါတယ္။

ဒိန္းမတ္ဟာကာတာႏိုင္ငံရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကိုဆန႔္က်င္တဲ့အေနျဖင့္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေမွးေမွးမွိန္မွိန္ဖန္တီးထားတဲ့ဝတ္စုံကိုဝတ္ဆင္ကစားလာပါမယ္။

တဖက္တြင္နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဦးေဆာင္ၿပီးအဂၤလန္၊ဘယ္လ္ဂ်ီ၊ျပင္သစ္၊ဂ်ာမနီအပါအဝင္အသင္း ၈ သင္းတို႔ဟာလည္းကာတာရဲ႕လိင္တူအတူေနမႈကန႔္သတ္မႈကို One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ၿပီးဆန႔္က်င္သြားပါမယ္။

ဒါေပမဲ့လက္ရွိအခ်ိန္တြင္ဖီဖာကဟယ္ရီကိန္းအပါအဝင္ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္အသင္းမ်ားမွအသင္းေခါင္းေဆာင္အခ်ိဳ႕တို႔ရဲ႕One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ေရးအေပၚ တစုံတရာဆုံးျဖတ္ျခင္းမျပဳလုပ္ရေသးပါဘူး။

ဒါေပမဲ့ Sky Sports ရဲ႕ေဖာ္ျပခ်က္အရအဂၤလန္ကေတာ့ဖီဖာကပိတ္ပင္ကာဒဏ္႐ိုက္လာမည္ဆိုပါကလည္း One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္လာမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဒါ့အျပင္ယခုအပတ္ေႏွာင္းပိုင္းတြင္ယူအီးအက္ဖ္ေအမွတာဝန္ရွိသူမ်ားဟာဇူးရစ္တြင္ဖီဖာႏွင့္ေတြ႕ဆုံၿပီးကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ကြင္းမ်ားတည္ေဆာက္စဥ္ေသဆုံးသြားတဲ့အလုပ္သမားေျခာက္ေထာင္ေက်ာ္တို႔အတြက္နစ္နာေၾကးေပးေရးကိုလည္းေဆြးေႏြးသြားပါမယ္။