
အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာဖီဖာကကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဝတ်ဆင်ရန်အတွက် ယူအန်နှင့်ပူးပေါင်းကာဆောင်ပုဒ်များပါအသင်းခေါင်းဆောင်လက်ပတ်သစ်များလုပ်ဆောင်လာပေမဲ့One Love အသင်းခေါင်းဆောင်လက်ပတ်ကိုသာဝတ်ဆင်လာပါမယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းရဲ့အင်္ဂလန်ကစားဖော်အဲရစ်ဒိုင်ယာဟာကမ္ဘာ့ဖလားအိမ်ရှင်ကာတာရဲ့နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားထောင်ပေါင်းများစွာသေဆုံးမှုနှင့်ပတ်သက်ပြီး လူသိရှင်ကြားရှုံ့ချမှုပြုလုပ်လာတဲ့ပထမဆုံးအင်္ဂလန်ကစားသမားလည်းဖြစ်လာပါတယ်။
ဖီဖာဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ပြိုင်ပွဲဝင်အသင်းများဝတ်ဆင်ရန်အတွက်ယူအန်နှင့်ပူးပေါင်းကာအသင်းခေါင်းဆောင်လက်ပတ်များလုပ်ဆောင်လာခဲ့ပါတယ်။
ဖီဖာရဲ့အသင်းခေါင်းဆောင်လက်ပတ်များတွင်NoDiscrimination၊ProtectChildren၊SaveThePlanet၊EducationForAll နှင့်BeActive ဆောင်ပုဒ်ပါအသင်းခေါင်းဆောင်လက်ပတ်များပါဝင်ပါတယ်။
ဒါပေမဲ့အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကတော့ယခင်အစီအစဉ်အတိုင်း One Love အသင်းခေါင်းဆောင်လက်ပတ်ကိုသာဆက်လက်အသုံးပြုလာမှာဖြစ်ကြောင်းကြေညာလာပါတယ်။
အက်ဖ်အေက “ဖီဖာရဲ့အသင်းခေါင်းဆောင်လက်ပတ်ကိုလေးစားပါတယ်။ဒါပေမဲ့ယခင်ကဝတ်ဆင်ဖို့စီစဉ်ထားတဲ့ One Love ကိုပဲဝတ်ဆင်သွားပါမယ်”လို့တုံ့ပြန်သွားပါတယ်။
အင်္ဂလန်အပါအဝင်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း၆သင်းတို့ဟာကမ္ဘာ့ဖလားအိမ်ရှင်ကာတာရဲ့လိင်တူဆက်ဆံမှုအားရာဇဝတ်မှုအဖြစ်သတ်မှတ်ထားမှုကိုရှုံ့ချတဲ့အနေဖြင့် One Love အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်လာကြမှာလည်းဖြစ်ပါတယ်။
ယင်းအစီအစဉ်ကိုနယ်သာလန်ဘောလုံးအဖွဲ့ချုပ်က ယူရို၂၀၂၀ပြိုင်ပွဲတွင်စတင်လုပ်ဆောင်လာတာဖြစ်ပြီးဘယ်လ်ဂျီယံ၊ဒိန်းမတ်၊ပြင်သစ်၊ဂျာမနီ၊နော်ဝေ၊ဆွီဒင်၊ဆွစ်ဇာလန်နှင့်ဝေးလ်တို့အပြင်အင်္ဂလန်လည်းထောက်ခံနေပါတယ်။
ZawGyi
ဖီဖာက အသင္းေခါင္းေဆာင္လက္ပတ္သစ္မ်ား လုပ္ေဆာင္လာေပမဲ့ One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုသာ ဆက္ဝတ္လာမယ့္ ဟယ္ရီကိန္း
အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာဖီဖာကကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဝတ္ဆင္ရန္အတြက္ ယူအန္ႏွင့္ပူးေပါင္းကာေဆာင္ပုဒ္မ်ားပါအသင္းေခါင္းေဆာင္လက္ပတ္သစ္မ်ားလုပ္ေဆာင္လာေပမဲ့One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုသာဝတ္ဆင္လာပါမယ္။
အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းရဲ႕အဂၤလန္ကစားေဖာ္အဲရစ္ဒိုင္ယာဟာကမာၻ႔ဖလားအိမ္ရွင္ကာတာရဲ႕ႏိုင္ငံျခားသားေ႐ႊ႕ေျပာင္းအလုပ္သမားေထာင္ေပါင္းမ်ားစြာေသဆုံးမႈႏွင့္ပတ္သက္ၿပီး လူသိရွင္ၾကားရႈံ႕ခ်မႈျပဳလုပ္လာတဲ့ပထမဆုံးအဂၤလန္ကစားသမားလည္းျဖစ္လာပါတယ္။
ဖီဖာဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ၿပိဳင္ပြဲဝင္အသင္းမ်ားဝတ္ဆင္ရန္အတြက္ယူအန္ႏွင့္ပူးေပါင္းကာအသင္းေခါင္းေဆာင္လက္ပတ္မ်ားလုပ္ေဆာင္လာခဲ့ပါတယ္။
ဖီဖာရဲ႕အသင္းေခါင္းေဆာင္လက္ပတ္မ်ားတြင္NoDiscrimination၊ProtectChildren၊SaveThePlanet၊EducationForAll ႏွင့္BeActive ေဆာင္ပုဒ္ပါအသင္းေခါင္းေဆာင္လက္ပတ္မ်ားပါဝင္ပါတယ္။
ဒါေပမဲ့အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ယခင္အစီအစဥ္အတိုင္း One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုသာဆက္လက္အသုံးျပဳလာမွာျဖစ္ေၾကာင္းေၾကညာလာပါတယ္။
အက္ဖ္ေအက “ဖီဖာရဲ႕အသင္းေခါင္းေဆာင္လက္ပတ္ကိုေလးစားပါတယ္။ဒါေပမဲ့ယခင္ကဝတ္ဆင္ဖို႔စီစဥ္ထားတဲ့ One Love ကိုပဲဝတ္ဆင္သြားပါမယ္”လို႔တုံ႔ျပန္သြားပါတယ္။
အဂၤလန္အပါအဝင္ကမာၻ႔ဖလားၿပိဳင္ပြဲဝင္အသင္း၆သင္းတို႔ဟာကမာၻ႔ဖလားအိမ္ရွင္ကာတာရဲ႕လိင္တူဆက္ဆံမႈအားရာဇဝတ္မႈအျဖစ္သတ္မွတ္ထားမႈကိုရႈံ႕ခ်တဲ့အေနျဖင့္ One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္လာၾကမွာလည္းျဖစ္ပါတယ္။
ယင္းအစီအစဥ္ကိုနယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္စတင္လုပ္ေဆာင္လာတာျဖစ္ၿပီးဘယ္လ္ဂ်ီယံ၊ဒိန္းမတ္၊ျပင္သစ္၊ဂ်ာမနီ၊ေနာ္ေဝ၊ဆြီဒင္၊ဆြစ္ဇာလန္ႏွင့္ေဝးလ္တို႔အျပင္အဂၤလန္လည္းေထာက္ခံေနပါတယ္။