ဖီဖာစည်းမျဉ်းချိုးဖောက်မှုကြောင့် အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားရှုံးထွက်ပြိုင်ဘက် ဆီနီဂေါ စုံစမ်းစစ်ဆေးခြင်းခံနေရ

ဆီနီဂေါအသင်းဟာအီကွေဒေါကိုအနိုင်ရရှိပြီးနောက်ဖီဖာစည်းမျဉ်းစည်းကမ်းကိုချိုးဖောက်မှုကြောင့်စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။

အလူဆစ်စီရဲ့ဆီနီဂေါဟာအုပ်စုနောက်ဆုံးပွဲတွင်အီကွေဒေါကို၂-၁ဂိုးဖြင့်အနိုင်ရရှိပြီးနောက်ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့ပြီးတနင်္ဂနွေနေ့တွင်အင်္ဂလန်နှင့်ရင်ဆိုင်ကစားရပါမယ်။

ဒါပေမဲ့၎င်းတို့ဟာအီကွေဒေါကိုအနိုင်ရတဲ့ပွဲမတိုင်မီဖီဖာစည်းမျဉ်းချိုးဖောက်မှုနှင့်အတူဒဏ်ရိုက်ခြင်းခံလာရဖို့ရှိနေပါတယ်။

ဖီဖာရဲ့စည်းမျဉ်းအရပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့နည်းပြအပြင်ကစားသမားတစ်ဦးပါတက်ရောက်ရပါမယ်။

ဆစ်စီဟာပထမပွဲနှစ်ပွဲတုန်းကကစားသမားတစ်ဦးစီခေါ်ယူပြီးသတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့ပေမဲ့အီကွေဒေါနှင့်ပွဲမတိုင်မီမှာတော့တစ်ဦးတည်းတက်ရောက်ခဲ့ပါတယ်။

ဒါကြောင့်လည်းဖီဖာကဆီနီဂေါအသင်းရဲ့စည်းကမ်းချိုးဖောက်မှုကိုစစ်ဆေးမှုပြုလုပ်နေကြောင်းကြေညာလာပါတယ်။

ဆီနီဂေါဟာပေါင်၈၈၀၀ဒဏ်ရိုက်ခြင်းခံလာရဖို့ရှိပါတယ်။ဂျာမနီဟာလည်းစပိန်နှင့်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့ကစားသမားခေါ်ဆောင်လာခြင်းမရှိမှုကြောင့်ပေါင်၈၈၀၀ဒဏ်ရိုက်ခံခဲ့ရပြီးဖြစ်ပါတယ်။

ZawGyi

ဖီဖာစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ အဂၤလန္ရဲ႕ကမာၻ႔ဖလားရႈံးထြက္ၿပိဳင္ဘက္ ဆီနီေဂါ စုံစမ္းစစ္ေဆးျခင္းခံေနရ

ဆီနီေဂါအသင္းဟာအီေကြေဒါကိုအႏိုင္ရရွိၿပီးေနာက္ဖီဖာစည္းမ်ဥ္းစည္းကမ္းကိုခ်ိဳးေဖာက္မႈေၾကာင့္စုံစမ္းစစ္ေဆးျခင္းခံေနရပါတယ္။

အလူဆစ္စီရဲ႕ဆီနီေဂါဟာအုပ္စုေနာက္ဆုံးပြဲတြင္အီေကြေဒါကို၂-၁ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ႏိုင္ခဲ့ၿပီးတနဂၤေႏြေန႔တြင္အဂၤလန္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

ဒါေပမဲ့၎တို႔ဟာအီေကြေဒါကိုအႏိုင္ရတဲ့ပြဲမတိုင္မီဖီဖာစည္းမ်ဥ္းခ်ိဳးေဖာက္မႈႏွင့္အတူဒဏ္႐ိုက္ျခင္းခံလာရဖို႔ရွိေနပါတယ္။

ဖီဖာရဲ႕စည္းမ်ဥ္းအရပြဲမတိုင္မီသတင္းစာရွင္းလင္းပြဲသို႔နည္းျပအျပင္ကစားသမားတစ္ဦးပါတက္ေရာက္ရပါမယ္။

ဆစ္စီဟာပထမပြဲႏွစ္ပြဲတုန္းကကစားသမားတစ္ဦးစီေခၚယူၿပီးသတင္းစာရွင္းလင္းပြဲသို႔တက္ေရာက္ခဲ့ေပမဲ့အီေကြေဒါႏွင့္ပြဲမတိုင္မီမွာေတာ့တစ္ဦးတည္းတက္ေရာက္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဖီဖာကဆီနီေဂါအသင္းရဲ႕စည္းကမ္းခ်ိဳးေဖာက္မႈကိုစစ္ေဆးမႈျပဳလုပ္ေနေၾကာင္းေၾကညာလာပါတယ္။

ဆီနီေဂါဟာေပါင္၈၈၀၀ဒဏ္႐ိုက္ျခင္းခံလာရဖို႔ရွိပါတယ္။ဂ်ာမနီဟာလည္းစပိန္ႏွင့္ပြဲမတိုင္မီသတင္းစာရွင္းလင္းပြဲသို႔ကစားသမားေခၚေဆာင္လာျခင္းမရွိမႈေၾကာင့္ေပါင္၈၈၀၀ဒဏ္႐ိုက္ခံခဲ့ရၿပီးျဖစ္ပါတယ္။