ဖီဖာစည်းမျဉ်းသစ်အရ နိုင်ငံပြောင်းကစားသွားတော့မယ့် အင်္ဂလန်သမိုင်းတွင် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူ

ကူလ်လမ်ဟတ်ဆင်အိုဒွိုင်းဟာဖီဖာစည်းမျဉ်းသစ်ကိုအခွင့်ကောင်းယူကာအင်္ဂလန်အသင်းမှဂါနာအသင်းသို့ပြောင်းလဲကစားသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

ချဲလ်ဆီးစတားဟာနွေရာသီအားလပ်ရက်တွင်သူ့အမျိုးများရှိရာဂါနာသို့အလည်အပတ်ရောက်နေခဲ့ပြီးကောင်းမွန်စွာကြိုဆိုခြင်းခံခဲ့ရပါတယ်။

သူဟာဂါနာသို့ရောက်နေစဉ်အတွင်းတွင်ဂါနာသမ္မတနာနာအေကူဖိုအက်ဒိုနှင့်တွေ့ဆုံခွင့်ရရှိခဲ့ပြီးဘောလုံးလောကတိုးတက်ရေး၊လူငယ်နှင့်ကလေးများအတွက်အခွင့်အလမ်းသစ်ပေါ်ပေါက်လာရေးတို့အတွက်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။

ဂါနာသမ္မတရဲ့ညွှန်ကြားချက်နဲ့အတူလူငယ်နှင့်အားကစားဝန်ကြီးမူစတာဖာအာဆစ်ဖ်ဟာအသက်၂၀နှစ်ရှိချဲလ်ဆီးစတားကိုဂါနာအတွက်ကစားပေးရန်ဖျောင်းဖျမှုပြုလုပ်ခဲ့ရာအောင်မြင်မှုရရှိခဲ့ပါတယ်။

ဟတ်ဆင်အိုဒွိုင်းဟာအင်္ဂလန်အသင်းတွင်အခွင့်အလမ်းနည်းပါးလာမှု၊ယူရို၂၀၂၀ဗိုလ်လုပွဲအပြီးတွင်လူမည်းအင်္ဂလန်စတားသုံးဦးအပြင်းအထန်လူမျိုးရေးခွဲခြားခံရမှုတို့ကြောင့်ဂါနာအတွက်ပြောင်းကစားရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဟတ်ဆင်အိုဒွိုင်းဟာအင်္ဂလန်ယူ-၁၆အသင်းတွင်ကစားခဲ့တဲ့အပြင်အသက်၁၆နှစ်နှင့်၁၃၅ရက်မှာအင်္ဂလန်စီနီယာအသင်းအတွက်ကစားခွင့်ရရှိကာအင်္ဂလန်သမိုင်းတွင်အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ်မှတ်တမ်းရေးထိုးခဲ့ပါတယ်။

သူဟာ၂၀၁၉ခုနှစ်၊မတ်လတုန်းကချက်ကို၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ယူရို၂၀၂၀ခြေစစ်ပွဲမှာလူစားဝင်ရောက်ကစားခဲ့တာဖြစ်ပြီးအင်္ဂလန်စီနီယာအသင်းအတွက်၃ပွဲကစားပေးထားပြီးဖြစ်ပါတယ်။ဒါ့အပြင်သူဟာယခုနှစ်အစောပိုင်းတုန်းကအင်္ဂလန်ယူ-၂၁အသင်းနှင့်အတူယူရိုယူ-၂၁ပြိုင်ပွဲဝင်ကစားခဲ့ပါတယ်။

ဖီဖာရဲ့ယခင်စည်းမျဉ်းအရဖီဖာအသိအမှတ်ပြုနိုင်ငံတကာပြိုင်ပွဲကစားထားတဲ့သူဟာနိုင်ငံပြောင်းကစားခွင့်မရပါဘူး။ဒါပေမယ့်ဖီဖာရဲ့စည်းမျဉ်းသစ်အရအသက်၂၁နှစ်မပြည့်မီနိုင်ငံပွဲ၄ပွဲအောက်ကစားထားတဲ့သူဟာနိုင်ငံပြောင်းကစားခွင့်ရှိနေပါတယ်။

ဒါကြောင့်လည်းအိုဒွိုင်းဟာအင်္ဂလန်အတွက်၃ပွဲသာကစားထားတဲ့အပြင်အသက်၂၁နှစ်အောက်ကစားသမားဖြစ်ရာဂါနာအတွက်ပြောင်းကစားခွင့်ရှိနေပါတယ်။

သူဟာလာမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာဂါနာနှင့်အတူပါဝင်လာဖို့ရှိနေပြီဖြစ်ပါတယ်။

ZawGyi

ဖီဖာစည္းမ်ဥ္းသစ္အရ ႏိုင္ငံေျပာင္းကစားသြားေတာ့မယ့္ အဂၤလန္သမိုင္းတြင္ အသက္အငယ္ဆုံးပြဲကစားခြင့္ရသူ

ကူလ္လမ္ဟတ္ဆင္အိုဒြိဳင္းဟာဖီဖာစည္းမ်ဥ္းသစ္ကိုအခြင့္ေကာင္းယူကာအဂၤလန္အသင္းမွဂါနာအသင္းသို႔ေျပာင္းလဲကစားသြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးစတားဟာေႏြရာသီအားလပ္ရက္တြင္သူ႔အမ်ိဳးမ်ားရွိရာဂါနာသို႔အလည္အပတ္ေရာက္ေနခဲ့ၿပီးေကာင္းမြန္စြာႀကိဳဆိုျခင္းခံခဲ့ရပါတယ္။

သူဟာဂါနာသို႔ေရာက္ေနစဥ္အတြင္းတြင္ဂါနာသမၼတနာနာေအကူဖိုအက္ဒိုႏွင့္ေတြ႕ဆုံခြင့္ရရွိခဲ့ၿပီးေဘာလုံးေလာကတိုးတက္ေရး၊လူငယ္ႏွင့္ကေလးမ်ားအတြက္အခြင့္အလမ္းသစ္ေပၚေပါက္လာေရးတို႔အတြက္ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ပါတယ္။

ဂါနာသမၼတရဲ႕ၫႊန္ၾကားခ်က္နဲ႔အတူလူငယ္ႏွင့္အားကစားဝန္ႀကီးမူစတာဖာအာဆစ္ဖ္ဟာအသက္၂၀ႏွစ္ရွိခ်ဲလ္ဆီးစတားကိုဂါနာအတြက္ကစားေပးရန္ေဖ်ာင္းဖ်မႈျပဳလုပ္ခဲ့ရာေအာင္ျမင္မႈရရွိခဲ့ပါတယ္။

ဟတ္ဆင္အိုဒြိဳင္းဟာအဂၤလန္အသင္းတြင္အခြင့္အလမ္းနည္းပါးလာမႈ၊ယူ႐ို၂၀၂၀ဗိုလ္လုပြဲအၿပီးတြင္လူမည္းအဂၤလန္စတားသုံးဦးအျပင္းအထန္လူမ်ိဳးေရးခြဲျခားခံရမႈတို႔ေၾကာင့္ဂါနာအတြက္ေျပာင္းကစားရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ဟတ္ဆင္အိုဒြိဳင္းဟာအဂၤလန္ယူ-၁၆အသင္းတြင္ကစားခဲ့တဲ့အျပင္အသက္၁၆ႏွစ္ႏွင့္၁၃၅ရက္မွာအဂၤလန္စီနီယာအသင္းအတြက္ကစားခြင့္ရရွိကာအဂၤလန္သမိုင္းတြင္အသက္အငယ္ဆုံးပြဲကစားခြင့္ရသူအျဖစ္မွတ္တမ္းေရးထိုးခဲ့ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္၊မတ္လတုန္းကခ်က္ကို၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ယူ႐ို၂၀၂၀ေျခစစ္ပြဲမွာလူစားဝင္ေရာက္ကစားခဲ့တာျဖစ္ၿပီးအဂၤလန္စီနီယာအသင္းအတြက္၃ပြဲကစားေပးထားၿပီးျဖစ္ပါတယ္။ဒါ့အျပင္သူဟာယခုႏွစ္အေစာပိုင္းတုန္းကအဂၤလန္ယူ-၂၁အသင္းႏွင့္အတူယူ႐ိုယူ-၂၁ၿပိဳင္ပြဲဝင္ကစားခဲ့ပါတယ္။

ဖီဖာရဲ႕ယခင္စည္းမ်ဥ္းအရဖီဖာအသိအမွတ္ျပဳႏိုင္ငံတကာၿပိဳင္ပြဲကစားထားတဲ့သူဟာႏိုင္ငံေျပာင္းကစားခြင့္မရပါဘူး။ဒါေပမယ့္ဖီဖာရဲ႕စည္းမ်ဥ္းသစ္အရအသက္၂၁ႏွစ္မျပည့္မီႏိုင္ငံပြဲ၄ပြဲေအာက္ကစားထားတဲ့သူဟာႏိုင္ငံေျပာင္းကစားခြင့္ရွိေနပါတယ္။

ဒါေၾကာင့္လည္းအိုဒြိဳင္းဟာအဂၤလန္အတြက္၃ပြဲသာကစားထားတဲ့အျပင္အသက္၂၁ႏွစ္ေအာက္ကစားသမားျဖစ္ရာဂါနာအတြက္ေျပာင္းကစားခြင့္ရွိေနပါတယ္။

သူဟာလာမယ့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲမွာဂါနာႏွင့္အတူပါဝင္လာဖို႔ရွိေနၿပီျဖစ္ပါတယ္။