ဖီဖာစည်းမျဉ်းအပြောင်းအလဲကြောင့် ဘုန်းမောက်စတားဒန်ဂျူးမာကို ရွေးချယ်နိုင်ရေး နိုင်ဂျီးရီးယားကြိုးပမ်းလာ

နိုင်ဂျီးရီးယားဟာဘုန်းမောက်စတားအာနူဒန်ဂျူးမာအားနယ်သာလန်အတွက်မကစားစေဘဲ၎င်းတို့အတွက်ကစားစေရန်ကြိုးပမ်းလာကြောင်းသိရပါတယ်။

အသက်၂၄နှစ်ရှိဒန်ဂျူးမာကိုနိုင်ဂျီးရီးယားမိခင်နှင့်ဒတ်ချ်ဖခင်တို့ကလာဂို့စ်တွင်မွေးဖွားခဲ့တာဖြစ်ပါတယ်။သူဟာအ သက်၄နှစ်အရွယ်မှာဟော်လန်သို့ပြောင်းခဲ့ပြီးနောက်ပီအက်စ်ဗွီအကယ်ဒမီသို့ရောက်ခဲ့ပါတယ်။

သူဟာ၂၀၁၈ခုနှစ်တုန်းကဂျာမနီနှင့်နေးရှင်းလိဂ်ပွဲနှင့်ဘယ်လ်ဂျီယံနှင့်ခြေစမ်းပွဲတို့မှာနယ်သာလန်လက်ရွေးစင်အ သင်းအတွက်ကစားခဲ့ဖူးပြီးနယ်သာလန်နှင့်ပွဲမှာဂိုးပါသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်၂၀၂၀ခုနှစ်၊စက်တင်ဘာလတုန်းကဖီဖာကလက်ရွေးစင်အသင်းအတွက်၃ပွဲထက်ပိုပြီးမကစားထားတဲ့ ကစားသမားများမှာအခြားနိုင်ငံတစ်ခုအတွက်ပြောင်းရွှေ့ကစားနိုင်ကြောင်းဥပဒေပြောင်းလဲခဲ့ပါတယ်။

ဒါကြောင့်လည်းဒန်ဂျူးမာဟာနိုင်ဂျီးရီးယားအသင်းအတွက်ကစားခွင့်ရှိနေပါတယ်။ဒန်ဂျူးမာဟာ၂၀၁၉ခုနှစ်တွင် ဘရုဂျက်မှဘုန်းမောက်သို့ပေါင်၁၃.၇သန်းဖြင့်ရောက်လာသူဖြစ်ပြီးယခုရာသီတွင်ချန်ပီယံရှစ်တွင်ဘုန်းမောက် အတွက်၇ဂိုးသွင်းယူထားပါတယ်။

ZawGyi

ဖီဖာစည္းမ်ဥ္းအေျပာင္းအလဲေၾကာင့္ ဘုန္းေမာက္စတားဒန္ဂ်ဴးမာကို ေ႐ြးခ်ယ္ႏိုင္ေရး ႏိုင္ဂ်ီးရီးယားႀကိဳးပမ္းလာ

ႏိုင္ဂ်ီးရီးယားဟာဘုန္းေမာက္စတားအာႏူဒန္ဂ်ဴးမာအားနယ္သာလန္အတြက္မကစားေစဘဲ၎တို႔အတြက္ကစားေစရန္ႀကိဳးပမ္းလာေၾကာင္းသိရပါတယ္။

အသက္၂၄ႏွစ္ရွိဒန္ဂ်ဴးမာကိုႏိုင္ဂ်ီးရီးယားမိခင္ႏွင့္ဒတ္ခ်္ဖခင္တို႔ကလာဂို႔စ္တြင္ေမြးဖြားခဲ့တာျဖစ္ပါတယ္။သူဟာအ သက္၄ႏွစ္အ႐ြယ္မွာေဟာ္လန္သို႔ေျပာင္းခဲ့ၿပီးေနာက္ပီအက္စ္ဗြီအကယ္ဒမီသို႔ေရာက္ခဲ့ပါတယ္။

သူဟာ၂၀၁၈ခုႏွစ္တုန္းကဂ်ာမနီႏွင့္ေနးရွင္းလိဂ္ပြဲႏွင့္ဘယ္လ္ဂ်ီယံႏွင့္ေျခစမ္းပြဲတို႔မွာနယ္သာလန္လက္ေ႐ြးစင္အ သင္းအတြက္ကစားခဲ့ဖူးၿပီးနယ္သာလန္ႏွင့္ပြဲမွာဂိုးပါသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္၂၀၂၀ခုႏွစ္၊စက္တင္ဘာလတုန္းကဖီဖာကလက္ေ႐ြးစင္အသင္းအတြက္၃ပြဲထက္ပိုၿပီးမကစားထားတဲ့ ကစားသမားမ်ားမွာအျခားႏိုင္ငံတစ္ခုအတြက္ေျပာင္းေ႐ႊ႕ကစားႏိုင္ေၾကာင္းဥပေဒေျပာင္းလဲခဲ့ပါတယ္။

ဒါေၾကာင့္လည္းဒန္ဂ်ဴးမာဟာႏိုင္ဂ်ီးရီးယားအသင္းအတြက္ကစားခြင့္ရွိေနပါတယ္။ဒန္ဂ်ဴးမာဟာ၂၀၁၉ခုႏွစ္တြင္ ဘ႐ုဂ်က္မွဘုန္းေမာက္သို႔ေပါင္၁၃.၇သန္းျဖင့္ေရာက္လာသူျဖစ္ၿပီးယခုရာသီတြင္ခ်န္ပီယံရွစ္တြင္ဘုန္းေမာက္ အတြက္၇ဂိုးသြင္းယူထားပါတယ္။