
ဥရုဂွေးနောက်ခံလူဟိုဆေးဂျီမီနက်ဇ်ဟာဂါနာကိုအနိုင်ရရှိတဲ့ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲအပြီးမှသူ့ရဲ့အပြုအမူများကြောင့်ပွဲများစွာပိတ်ပင်ခြင်းခံလာရဖို့ရှိနေပါတယ်။
ဥရုဂွေးဟာဂါနာကိုအနိုင်ရရှိခဲ့ပေမဲ့လည်းတောင်ကိုရီးယားကိုပေါ်တူဂီကိုမထင်မှတ်ဘဲအနိုင်ရရှိသွားမှုကြောင့်ကမ္ဘာ့ဖလားအုပ်စုအဆင့်မှပင်ထွက်ခွာခဲ့ရပါတယ်။
ပွဲအပြီးတွင်ဂျီမီနက်ဇ်အပါအဝင်ဥရုဂွေးကစားသမားများ၊နည်းပြအဖွဲ့ဝင်များဟာနာကျင်အချိန်ပိုတွင်အက်ဒီဆင်ကာဗာနီအားဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်မှုအတွက်ပင်နယ်တီမရရှိခဲ့မှုအပေါ်ဒိုင်လူကြီးအားဝိုင်းဝန်းစောဒကတက်ခဲ့ကြပါတယ်။
ဂျီမီနက်ဇ်ဟာကွင်းလယ်ဒိုင်လူကြီးကိုချဉ်းကပ်ရန်ကြိုးပမ်းချိန်တွင်ကစားဖော်တစ်ဦးရဲ့ထိန်းမှုခံခဲ့ရပါတယ်။ဒါ့အပြင်အက်ဒီဆင်ကာဗာနီမှာလည်းပွဲအပြီးဒိုင်လူကြီးကိုစောဒကတက်မှုအတွက်အဝါကတ်ပြသခံခဲ့ရပါတယ်။
ယခုအွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရဂျီမီနက်ဇ်ဟာဖီဖာဒါရိုက်တာတစ်ဦးကိုတံတောင်ဖြင့်တွက်ခဲ့သလိုကင်မရာရှေ့သို့သွားရောက်ကာဆဲဆိုမှုပြုလုပ်ခဲ့ပါတယ်။
အသက်၂၇နှစ်ရှိနောက်ခံလူက “ဒီကောင်တွေအားလုံးကသူခိုးတွေပဲ။ခွေးမသားတွေ။မှတ်တမ်းတင်ထားစမ်းပါ။ခွေးမသားတွေ”လို့ဆဲဆိုခဲ့ပါတယ်။
သူဟာကင်မရာရှေ့တွင်ဆဲဆိုမှု၊ဖီဖာဒါရိုက်တာကိုတံတောင်ဖြင့်တွက်မှုတို့ကြောင့်၁၅ပွဲပယ်ပြစ်ဒဏ်အထိကျခံရဖို့ရှိနေကြောင်း Mundo Deportivo ကဖော်ပြသွားပါတယ်။
ဖီဖာဟာဂျီမီနက်ဇ်ကိုနိုင်ငံအသင်းအတွက်သာမက ကလပ်အသင်းအဖြစ်တဲ့အက်သလက်တီကိုအတွက်ပါပွဲကစားခွင့်ပိတ်ပင်မှုပြုလုပ်လာနိုင်ပါတယ်။
တကယ်လို့များနိုင်ငံအတွက်သာမကကလပ်အတွက်ပါကစားခွင့်ပိတ်ပင်လာမည်ဆိုပါကဥရုဂွေးအတွက်သာမကအက်သလက်တီကိုအတွက်ပါကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါမယ်။
ဒါ့အပြင်ပွဲအပြီးဥမင်လှိုဏ်ခေါင်းထဲသို့ဝင်ရောက်ရာတွင်VAR Monitor ကိုလက်သီးဖြင့်ထိုးလှဲခဲ့တဲ့အက်ဒီဆင်ကာဗာနီမှာလည်းဖီဖာရဲ့အရေးယူခြင်းခံလာရဖို့ရှိနေပါတယ်။
ZawGyi
ဖီဖာဒါ႐ိုက္တာကို တံေတာင္ျဖင့္ ေထာင္းခဲ့မႈေၾကာင့္ ဂ်ီမီနက္ဇ္ ၁၅ ပြဲပယ္ခံရႏိုင္
ဥ႐ုေဂြးေနာက္ခံလူဟိုေဆးဂ်ီမီနက္ဇ္ဟာဂါနာကိုအႏိုင္ရရွိတဲ့ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲအၿပီးမွသူ႔ရဲ႕အျပဳအမူမ်ားေၾကာင့္ပြဲမ်ားစြာပိတ္ပင္ျခင္းခံလာရဖို႔ရွိေနပါတယ္။
ဥ႐ုေဂြးဟာဂါနာကိုအႏိုင္ရရွိခဲ့ေပမဲ့လည္းေတာင္ကိုရီးယားကိုေပၚတူဂီကိုမထင္မွတ္ဘဲအႏိုင္ရရွိသြားမႈေၾကာင့္ကမာၻ႔ဖလားအုပ္စုအဆင့္မွပင္ထြက္ခြာခဲ့ရပါတယ္။
ပြဲအၿပီးတြင္ဂ်ီမီနက္ဇ္အပါအဝင္ဥ႐ုေဂြးကစားသမားမ်ား၊နည္းျပအဖြဲ႕ဝင္မ်ားဟာနာက်င္အခ်ိန္ပိုတြင္အက္ဒီဆင္ကာဗာနီအားဧရိယာအတြင္းျပစ္ဒဏ္က်ဴးလြန္မႈအတြက္ပင္နယ္တီမရရွိခဲ့မႈအေပၚဒိုင္လူႀကီးအားဝိုင္းဝန္းေစာဒကတက္ခဲ့ၾကပါတယ္။
ဂ်ီမီနက္ဇ္ဟာကြင္းလယ္ဒိုင္လူႀကီးကိုခ်ဥ္းကပ္ရန္ႀကိဳးပမ္းခ်ိန္တြင္ကစားေဖာ္တစ္ဦးရဲ႕ထိန္းမႈခံခဲ့ရပါတယ္။ဒါ့အျပင္အက္ဒီဆင္ကာဗာနီမွာလည္းပြဲအၿပီးဒိုင္လူႀကီးကိုေစာဒကတက္မႈအတြက္အဝါကတ္ျပသခံခဲ့ရပါတယ္။
ယခုအြန္လိုင္းတြင္ထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္အရဂ်ီမီနက္ဇ္ဟာဖီဖာဒါ႐ိုက္တာတစ္ဦးကိုတံေတာင္ျဖင့္တြက္ခဲ့သလိုကင္မရာေရွ႕သို႔သြားေရာက္ကာဆဲဆိုမႈျပဳလုပ္ခဲ့ပါတယ္။
အသက္၂၇ႏွစ္ရွိေနာက္ခံလူက “ဒီေကာင္ေတြအားလုံးကသူခိုးေတြပဲ။ေခြးမသားေတြ။မွတ္တမ္းတင္ထားစမ္းပါ။ေခြးမသားေတြ”လို႔ဆဲဆိုခဲ့ပါတယ္။
သူဟာကင္မရာေရွ႕တြင္ဆဲဆိုမႈ၊ဖီဖာဒါ႐ိုက္တာကိုတံေတာင္ျဖင့္တြက္မႈတို႔ေၾကာင့္၁၅ပြဲပယ္ျပစ္ဒဏ္အထိက်ခံရဖို႔ရွိေနေၾကာင္း Mundo Deportivo ကေဖာ္ျပသြားပါတယ္။
ဖီဖာဟာဂ်ီမီနက္ဇ္ကိုႏိုင္ငံအသင္းအတြက္သာမက ကလပ္အသင္းအျဖစ္တဲ့အက္သလက္တီကိုအတြက္ပါပြဲကစားခြင့္ပိတ္ပင္မႈျပဳလုပ္လာႏိုင္ပါတယ္။
တကယ္လို႔မ်ားႏိုင္ငံအတြက္သာမကကလပ္အတြက္ပါကစားခြင့္ပိတ္ပင္လာမည္ဆိုပါကဥ႐ုေဂြးအတြက္သာမကအက္သလက္တီကိုအတြက္ပါႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာပါမယ္။
ဒါ့အျပင္ပြဲအၿပီးဥမင္လႈိဏ္ေခါင္းထဲသို႔ဝင္ေရာက္ရာတြင္VAR Monitor ကိုလက္သီးျဖင့္ထိုးလွဲခဲ့တဲ့အက္ဒီဆင္ကာဗာနီမွာလည္းဖီဖာရဲ႕အေရးယူျခင္းခံလာရဖို႔ရွိေနပါတယ္။