ဖီဖာနှင့်ယူအီးအက်ဖ်အေတို့မှာ အိတ်ဖောင်းရေးသာ စိတ်ဝင်စားကြောင်း အင်တာဗျူးမှာ ရိုးသားစွာဖွင့်ဟလာတဲ့ ကော့တွိုက်စ်

သီဘောက်ကော့တွိုက်စ်ကဟာတနင်္ဂနွေနေ့ညနေတုန်းကအီတလီအားယူအီးအက်ဖ်အေနေရှင်းလိဂ်တတိယနေရာလုပွဲတွင်အီတလီကိုရှုံးနိမ့်ပြီးနောက်ဘောလုံးအာဏာပိုင်တို့မှာ အိတ်ဖောင်းကိုသာစိတ်ဝင်စားကြောင်းဝေဖန်ထောက်ပြလာပါတယ်။

ဘယ်လ်ဂျီယံဟာကြားရက်တုန်းကကမ္ဘာ့ဖလားချန်ပီယံပြင်သစ်ကိုရှုံးနိမ့်ပြီးနောက်တနင်္ဂနွေနေ့တုန်းကတတိယနေရာလုပွဲတွင်ယူရို၂၀၂၀ချန်ပီယံအီတလီကို၂-၁ဂိုးဖြင့်ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။

အီတလီအတွက်ဂိုးများကိုနီကိုဘာရယ်လာနှင့်ဒိုမီနီကိုဘီရာဒီတို့ကသွင်းယူခဲ့ပြီးဘယ်လ်ဂျီယံအတွက်နှစ်သိမ့်ဂိုးကိုပွဲပြီးခါနီးမှာချားလ်ဒီကေတီလီရီကသွင်းယူခဲ့ပါတယ်။

ကော့တွိုက်စ်ကနေးရှင်းလိဂ်တတိယနေရာပွဲမှာကစားရန်အကြောင်းမရှိကြောင်းနှင့်ဖီဖာနှင့်ယူအီးအက်ဖ်အေတို့မှာဘောလုံးပွဲများကိုငွေထုတ်စက်ကဲ့သို့အသုံးချကာငွေရရှိရေးကိုသာလုပ်ဆောင်နေကြောင်းအပြင်းအထန်ဝေဖန်သွားပါတယ်။

ပွဲမတိုင်မီအင်တာဗျူးတွင်ကော့တွိုက်စ်က “ဒီပွဲကငွေအတွက်ပွဲတစ်ပွဲပါ။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ရိုးသားရပါမယ်။ယူအီးအက်ဖ်အေအတွက်ပိုအပိုကလေးရရှိစေဖို့အတွက်ပဲဒီပွဲကိုကစားရတာပါ။နှစ်သင်းလုံးရဲ့လူစာရင်းဘယ်လောက်ပြောင်းသွားလဲကြည့်ပါလား။တကယ်လို့နှစ်သင်းလုံးသာဗိုလ်လုပွဲကစားရမယ်ဆိုရင်ဒီလူစာရင်းနဲ့ကွဲပြားတဲ့လူစာရင်းနဲ့ပွဲထွက်လာပါလိမ့်မယ်။ဒါကိုကြည့်ရင်ကျွန်တော်တို့ပွဲတွေကစားရတာဘယ်လောက်များတယ်ဆိုတာမြင်နိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဆက်လက်ပြီးကော့တွိုက်စ်က “သူတို့(ယူအီးအက်ဖ်အေ)ဟာနောက်ထပ်ဖလားပြိုင်ပွဲ(ယူရိုပါကွန်ဖရင့်လိဂ်)ထပ်ဖန်တီးခဲ့တာပဲကြည့်။အမြဲတမ်းဒီအတိုင်းပါပဲ။သူတို့ကအခြားသူတွေစူပါလိဂ်လုပ်ချင်တော့ဒေါသထွက်ကြတယ်။ဒါပေမယ့်သူတို့ဟာတကယ်တမ်းမှာတော့ကစားသမားတွေကိုဂရုမစိုက်ပါဘူး။သူတို့ကသူ့အိတ်ကပ်ငွေဖောင်းဖို့ဘဲစဉ်းစားကြပါတယ်။ဒါနဲ့ပတ်သက်ပြီးကစားသမားတွေ မပြောကြတာဆိုးတယ်။အခုဆိုရင်နှစ်တိုင်းယူရိုနဲ့ကမ္ဘာ့ဖလားကျင်းပဖို့လုပ်နေကြပြန်ပြီ။ကျွန်တော်တို့အတွက်နားချိန်ကဘယ်မှာလဲ။ဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ဖီဖာႏွင့္ယူအီးအက္ဖ္ေအတို႔မွာ အိတ္ေဖာင္းေရးသာ စိတ္ဝင္စားေၾကာင္း အင္တာဗ်ဴးမွာ ႐ိုးသားစြာဖြင့္ဟလာတဲ့ ေကာ့တြိဳက္စ္

သီေဘာက္ေကာ့တြိဳက္စ္ကဟာတနဂၤေႏြေန႔ညေနတုန္းကအီတလီအားယူအီးအက္ဖ္ေအေနရွင္းလိဂ္တတိယေနရာလုပြဲတြင္အီတလီကိုရႈံးနိမ့္ၿပီးေနာက္ေဘာလုံးအာဏာပိုင္တို႔မွာ အိတ္ေဖာင္းကိုသာစိတ္ဝင္စားေၾကာင္းေဝဖန္ေထာက္ျပလာပါတယ္။

ဘယ္လ္ဂ်ီယံဟာၾကားရက္တုန္းကကမာၻ႔ဖလားခ်န္ပီယံျပင္သစ္ကိုရႈံးနိမ့္ၿပီးေနာက္တနဂၤေႏြေန႔တုန္းကတတိယေနရာလုပြဲတြင္ယူ႐ို၂၀၂၀ခ်န္ပီယံအီတလီကို၂-၁ဂိုးျဖင့္ထပ္မံရႈံးနိမ့္ခဲ့ပါတယ္။

အီတလီအတြက္ဂိုးမ်ားကိုနီကိုဘာရယ္လာႏွင့္ဒိုမီနီကိုဘီရာဒီတို႔ကသြင္းယူခဲ့ၿပီးဘယ္လ္ဂ်ီယံအတြက္ႏွစ္သိမ့္ဂိုးကိုပြဲၿပီးခါနီးမွာခ်ားလ္ဒီေကတီလီရီကသြင္းယူခဲ့ပါတယ္။

ေကာ့တြိဳက္စ္ကေနးရွင္းလိဂ္တတိယေနရာပြဲမွာကစားရန္အေၾကာင္းမရွိေၾကာင္းႏွင့္ဖီဖာႏွင့္ယူအီးအက္ဖ္ေအတို႔မွာေဘာလုံးပြဲမ်ားကိုေငြထုတ္စက္ကဲ့သို႔အသုံးခ်ကာေငြရရွိေရးကိုသာလုပ္ေဆာင္ေနေၾကာင္းအျပင္းအထန္ေဝဖန္သြားပါတယ္။

ပြဲမတိုင္မီအင္တာဗ်ဴးတြင္ေကာ့တြိဳက္စ္က “ဒီပြဲကေငြအတြက္ပြဲတစ္ပြဲပါ။ဒါနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔႐ိုးသားရပါမယ္။ယူအီးအက္ဖ္ေအအတြက္ပိုအပိုကေလးရရွိေစဖို႔အတြက္ပဲဒီပြဲကိုကစားရတာပါ။ႏွစ္သင္းလုံးရဲ႕လူစာရင္းဘယ္ေလာက္ေျပာင္းသြားလဲၾကည့္ပါလား။တကယ္လို႔ႏွစ္သင္းလုံးသာဗိုလ္လုပြဲကစားရမယ္ဆိုရင္ဒီလူစာရင္းနဲ႔ကြဲျပားတဲ့လူစာရင္းနဲ႔ပြဲထြက္လာပါလိမ့္မယ္။ဒါကိုၾကည့္ရင္ကြၽန္ေတာ္တို႔ပြဲေတြကစားရတာဘယ္ေလာက္မ်ားတယ္ဆိုတာျမင္ႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဆက္လက္ၿပီးေကာ့တြိဳက္စ္က “သူတို႔(ယူအီးအက္ဖ္ေအ)ဟာေနာက္ထပ္ဖလားၿပိဳင္ပြဲ(ယူ႐ိုပါကြန္ဖရင့္လိဂ္)ထပ္ဖန္တီးခဲ့တာပဲၾကည့္။အၿမဲတမ္းဒီအတိုင္းပါပဲ။သူတို႔ကအျခားသူေတြစူပါလိဂ္လုပ္ခ်င္ေတာ့ေဒါသထြက္ၾကတယ္။ဒါေပမယ့္သူတို႔ဟာတကယ္တမ္းမွာေတာ့ကစားသမားေတြကိုဂ႐ုမစိုက္ပါဘူး။သူတို႔ကသူ႔အိတ္ကပ္ေငြေဖာင္းဖို႔ဘဲစဥ္းစားၾကပါတယ္။ဒါနဲ႔ပတ္သက္ၿပီးကစားသမားေတြ မေျပာၾကတာဆိုးတယ္။အခုဆိုရင္ႏွစ္တိုင္းယူ႐ိုနဲ႔ကမာၻ႔ဖလားက်င္းပဖို႔လုပ္ေနၾကျပန္ၿပီ။ကြၽန္ေတာ္တို႔အတြက္နားခ်ိန္ကဘယ္မွာလဲ။ဘယ္ေတာ့မွရွိလာမွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။