ဖီဖာရဲ့ကျေးဇူးကြောင့် ပေါင်သန်း ၅၀ အထိ ရရှိလာတော့မဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာဖီဖာကပုံစံသစ်ဖြင့်ကျင်းပလာမဲ့ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဝင်ခွင့်ရရှိလာမှာဖြစ်ကြောင်းကြေညာလာပြီးနောက်ပေါင်သန်း၅၀အထိရရှိလာတော့မှာဖြစ်ပါတယ်။

ဖီဖာဟာ၂၀၂၅ခုနှစ်မှစတင်ကာဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုပုံစံသစ်ဖြင့်ကျင်းပလာမှာဖြစ်ပြီးအသင်း၃၂သင်းအထိတိုးမြှင့်ကျင်းပလာပါမယ်။၂၀၂၅ခုနှစ်တွင်ကျင်းပလာမဲ့ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုတရုတ်ကအိမ်ရှင်အဖြစ်ကျင်းပလာဖို့ရှိပါတယ်။

ဥရောပအခြေစိုက်ကလပ်များဟာပုံစံသစ်ဖြင့်ကျင်းပလာမဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်နေရာ၁၂နေရာအထိရရှိထားပါတယ်။

ယင်းမှ၄သင်းက၂၀၂၀-၂၁ရာသီမှ၂၀၂၃-၂၄ရာသီအထိလေးရာသီအတွင်းချန်ပီယံလိဂ်ချန်ပီယံဖြစ်ထားတဲ့အသင်းတို့ဝင်ခွင့်ရရှိလာပါမယ်။

ဒါကြောင့်လည်း၂၀၂၁ခုနှစ်တုန်းကမန်စီးတီးကိုအနိုင်ယူကာချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ချဲလ်ဆီးနှင့်လက်ရှိချန်ပီယံလိဂ်ချန်ပီယံရီးရဲလ်မက်ဒရစ်တို့ဝင်ခွင့်ရရှိလာပါမယ်။ဒါ့အပြင်လာမယ့်ချန်ပီယံလိဂ်ချန်ပီယံနှစ်သင်းတို့ဝင်ခွင့်ရရှိလာပါမယ်။

ကျန်ဥရောပမှနေရာ၈နေရာအားယူအီးအက်ဖ်အေရဲ့လေးနှစ်အတွင်းကလပ်အဆင့်ရပ်တည်မှုအပေါ်မူတည်ပြီးဝင်ခွင့်ရရှိပါမယ်။

ဒါပေမဲ့ကျန်၈နေရာအတွက်မူမည်သည့်နိုင်ငံကမှ နေရာ၂နေရာထက်ပိုပြီးရရှိလာမှာမဟုတ်ပါဘူး။ဒါကြောင့်လည်းလီဗာပူးနှင့်မန်စီးတီးတို့ရရှိနိုင်တဲ့အခွင့်အရေးရှိနေပါတယ်။ဒါပေမဲ့လီဗာပူးသာလာမယ့်ရာသီတွင်ဥရောပဝင်ခွင့်မရရှိလာပါကယူနိုက်တက်ကချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရုံဖြင့်ကလပ်ကမ္ဘာ့ဖလားဝင်ခွင့်ရရှိလာပါမယ်။

ZawGyi

ဖီဖာရဲ႕ေက်းဇူးေၾကာင့္ ေပါင္သန္း ၅၀ အထိ ရရွိလာေတာ့မဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာဖီဖာကပုံစံသစ္ျဖင့္က်င္းပလာမဲ့ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဝင္ခြင့္ရရွိလာမွာျဖစ္ေၾကာင္းေၾကညာလာၿပီးေနာက္ေပါင္သန္း၅၀အထိရရွိလာေတာ့မွာျဖစ္ပါတယ္။

ဖီဖာဟာ၂၀၂၅ခုႏွစ္မွစတင္ကာဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကိုပုံစံသစ္ျဖင့္က်င္းပလာမွာျဖစ္ၿပီးအသင္း၃၂သင္းအထိတိုးျမႇင့္က်င္းပလာပါမယ္။၂၀၂၅ခုႏွစ္တြင္က်င္းပလာမဲ့ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကိုတ႐ုတ္ကအိမ္ရွင္အျဖစ္က်င္းပလာဖို႔ရွိပါတယ္။

ဥေရာပအေျခစိုက္ကလပ္မ်ားဟာပုံစံသစ္ျဖင့္က်င္းပလာမဲ့ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေနရာ၁၂ေနရာအထိရရွိထားပါတယ္။

ယင္းမွ၄သင္းက၂၀၂၀-၂၁ရာသီမွ၂၀၂၃-၂၄ရာသီအထိေလးရာသီအတြင္းခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ထားတဲ့အသင္းတို႔ဝင္ခြင့္ရရွိလာပါမယ္။

ဒါေၾကာင့္လည္း၂၀၂၁ခုႏွစ္တုန္းကမန္စီးတီးကိုအႏိုင္ယူကာခ်န္ပီယံလိဂ္ဖလားဆြတ္ခူးခဲ့တဲ့ခ်ဲလ္ဆီးႏွင့္လက္ရွိခ်န္ပီယံလိဂ္ခ်န္ပီယံရီးရဲလ္မက္ဒရစ္တို႔ဝင္ခြင့္ရရွိလာပါမယ္။ဒါ့အျပင္လာမယ့္ခ်န္ပီယံလိဂ္ခ်န္ပီယံႏွစ္သင္းတို႔ဝင္ခြင့္ရရွိလာပါမယ္။

က်န္ဥေရာပမွေနရာ၈ေနရာအားယူအီးအက္ဖ္ေအရဲ႕ေလးႏွစ္အတြင္းကလပ္အဆင့္ရပ္တည္မႈအေပၚမူတည္ၿပီးဝင္ခြင့္ရရွိပါမယ္။

ဒါေပမဲ့က်န္၈ေနရာအတြက္မူမည္သည့္ႏိုင္ငံကမွ ေနရာ၂ေနရာထက္ပိုၿပီးရရွိလာမွာမဟုတ္ပါဘူး။ဒါေၾကာင့္လည္းလီဗာပူးႏွင့္မန္စီးတီးတို႔ရရွိႏိုင္တဲ့အခြင့္အေရးရွိေနပါတယ္။ဒါေပမဲ့လီဗာပူးသာလာမယ့္ရာသီတြင္ဥေရာပဝင္ခြင့္မရရွိလာပါကယူႏိုက္တက္ကခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္႐ုံျဖင့္ကလပ္ကမာၻ႔ဖလားဝင္ခြင့္ရရွိလာပါမယ္။