
အက်သလက်တီကိုမက်ဒရစ်ဟာစပါးစ်နှင့်စာချုပ်ဖျက်သိမ်းလိုက်တဲ့နောက်တန်းအစွန်လူမတ်ဒိုဟာတီကိုခေါ်ယူလိုက်ပါတယ်။
ဒိုဟာတီဟာအက်သလက်တီကိုသို့ရာသီအကုန်အထိကာလတိုစာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။
အသက်၃၀နှစ်ရှိနောက်ခံလူဟာစပါးစ်နှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် မကြာမီတွင်ပင်အက်သလက်တီကိုသို့ပြောင်းခဲ့တာလည်းဖြစ်ပါတယ်။
စပါးစ်ဟာဖီဖာရဲ့စည်းမျဉ်းသစ်ကြောင့်ဒိုဟာတီကိုအငှားချနိုင်ခဲ့ခြင်းမရှိဘဲစာချုပ်ဖျက်သိမ်းမှုပြုလုပ်လာရတာဖြစ်ပါတယ်။ဖီဖာရဲ့စည်းမျဉ်းသစ်အရကလပ်အနေဖြင့်ကစားသမား၈ဦးတည်းကိုသာအငှားချထားနိုင်ပါမယ်။
စပါးစ်ဟာဟယ်ရီဝင့်၊တန်ဂေအမ်ဒွမ်ဘီလီ၊ဘရိုင်ယန်ဂေးလ်၊ဂျိုးရိုဒွန်၊ဆာဂျီယိုရီဂူလွန်၊ဂျီယိုဗန်နီလိုစယ်ဆို၊ဒက်စ်တီနီအူဒိုဂီ၊ဒီဂျက်စပင့်တို့အားအငှားချထားပြီးဖြစ်ပါတယ်။
ဒိုဟာတီဟာအက်သလက်တီကိုတွင်စပါးစ်ကစားဖော်ဟောင်းရီဂူလွန်နှင့်ပြန်လည်ဆုံစည်းရပါမယ်။
စပါးစ်ဟာစပို့တင်းလစ္စဘွန်းညာနောက်ခံလူပီဒရိုပေါ်ရိုကိုခေါ်ယူကာပြန်လည်အားဖြည့်ထားပါတယ်။
ZawGyi
ဖီဖာရဲ့စည်းမျဉ်းသစ်ကြောင့် စပါးစ်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံရတဲ့ ဒိုဟာတီကို အက်သလက်တီကိုခေါ်ယူ