
ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုရဲ့နိုင်ငံတိုင်းကိုပီလီအားဂုဏ်ပြုတဲ့အနေဖြင့်ကွင်းတစ်ကွင်းအမည်မှည့်ခေါ်ရန်တောင်းမှုကိုလက်ခံတဲ့ပထမဆုံးနိုင်ငံတစ်နိုင်ငံထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
ဘောလုံးသမိုင်းတွင်အကြီးကျယ်ဆုံးကစားသမားများထဲမှတစ်ဦးဖြစ်တဲ့ပီလီဟာပြီးခဲ့တဲ့အပတ်တုန်းကအသက်၈၂နှစ်အရွယ်တွင်ဘရာဇီးနိုင်ငံ၊ဆာအိုပေါ်လိုရှိ Albert Einstein Israelite Hospital တွင်ကွယ်လွန်သွားခဲ့ပါတယ်။
ပီလီရဲ့ရုပ်အလောင်းကိုပြီးခဲ့တဲ့အင်္ဂါနေ့တုန်းကကမ္ဘာ့အရှည်ဆုံးမိုးမျှော်သင်္ချိုင်းတွင်မီးရှို့ခဲ့ပါတယ်။
အင်ဖန်တီနိုဟာပီလီရဲ့ဈာပနသို့ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများအားပီလီကိုဂုဏ်ပြုသောအားဖြင့်အနည်းဆုံးကွင်းတစ်ကွင်းကိုပီလီအမည်ပေးရန်တောင်းဆိုသွားမယ်လို့ဆိုခဲ့ပါတယ်။
ယခုအခါဖီဖာရဲ့တောင်းဆိုမှုကိုလက်ခံတဲ့ပထမဆုံးနိုင်ငံထွက်ပေါ်လာပြီဖြစ်ပါတယ်။
အာဖရိကနိုင်ငံကိတ်ဗာဒီကလက်ရွေးစင်အသင်းရဲ့ပွဲများကိုလက်ခံကျင်းပတဲ့ပရိသတ်၁၅၀၀၀ဆန့်ကွင်းကိုပီလီကွင်းလို့အမည်ပေးသွားမှာဖြစ်ကြောင်းကြေညာလာပါတယ်။
ကိတ်ဗာဒီရဲ့ဝန်ကြီးချုပ်ယူလစ်ဆီကော်ရီယာအီဆေးလ်ဗားက နိုင်ငံတော်ကွင်းကိုပီလီကွင်းလို့မှည့်ခေါ်သွားမှာဖြစ်ကြောင်းတရားဝင်ကြေညာလာတာဖြစ်ပါတယ်။
ပီလီဟာဘောလုံးသမိုင်းတွင်ကမ္ဘာ့ဖလားသုံးကြိမ်ဆွတ်ခူးဖူးတဲ့တစ်ဦးတည်းသောကစားသမားအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။
ZawGyi
ဖီဖာရဲ႕ပီလီကို ဂုဏ္ျပဳကြင္းအမည္ေပးရန္ ေတာင္းဆိုမႈကို လက္ခံတဲ့ ပထမႏိုင္ငံထြက္ေပၚလာ
ဖီဖာဥကၠဌဂ်ီယန္နီအင္ဖန္တီႏိုရဲ႕ႏိုင္ငံတိုင္းကိုပီလီအားဂုဏ္ျပဳတဲ့အေနျဖင့္ကြင္းတစ္ကြင္းအမည္မွည့္ေခၚရန္ေတာင္းမႈကိုလက္ခံတဲ့ပထမဆုံးႏိုင္ငံတစ္ႏိုင္ငံထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။
ေဘာလုံးသမိုင္းတြင္အႀကီးက်ယ္ဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္တဲ့ပီလီဟာၿပီးခဲ့တဲ့အပတ္တုန္းကအသက္၈၂ႏွစ္အ႐ြယ္တြင္ဘရာဇီးႏိုင္ငံ၊ဆာအိုေပၚလိုရွိ Albert Einstein Israelite Hospital တြင္ကြယ္လြန္သြားခဲ့ပါတယ္။
ပီလီရဲ႕႐ုပ္အေလာင္းကိုၿပီးခဲ့တဲ့အဂၤါေန႔တုန္းကကမာၻ႔အရွည္ဆုံးမိုးေမွ်ာ္သခ်ႋဳင္းတြင္မီးရႈိ႕ခဲ့ပါတယ္။
အင္ဖန္တီႏိုဟာပီလီရဲ႕ဈာပနသို႔ကိုယ္တိုင္တက္ေရာက္ခဲ့ၿပီး ကမာၻ႔ႏိုင္ငံမ်ားအားပီလီကိုဂုဏ္ျပဳေသာအားျဖင့္အနည္းဆုံးကြင္းတစ္ကြင္းကိုပီလီအမည္ေပးရန္ေတာင္းဆိုသြားမယ္လို႔ဆိုခဲ့ပါတယ္။
ယခုအခါဖီဖာရဲ႕ေတာင္းဆိုမႈကိုလက္ခံတဲ့ပထမဆုံးႏိုင္ငံထြက္ေပၚလာၿပီျဖစ္ပါတယ္။
အာဖရိကႏိုင္ငံကိတ္ဗာဒီကလက္ေ႐ြးစင္အသင္းရဲ႕ပြဲမ်ားကိုလက္ခံက်င္းပတဲ့ပရိသတ္၁၅၀၀၀ဆန႔္ကြင္းကိုပီလီကြင္းလို႔အမည္ေပးသြားမွာျဖစ္ေၾကာင္းေၾကညာလာပါတယ္။
ကိတ္ဗာဒီရဲ႕ဝန္ႀကီးခ်ဳပ္ယူလစ္ဆီေကာ္ရီယာအီေဆးလ္ဗားက ႏိုင္ငံေတာ္ကြင္းကိုပီလီကြင္းလို႔မွည့္ေခၚသြားမွာျဖစ္ေၾကာင္းတရားဝင္ေၾကညာလာတာျဖစ္ပါတယ္။
ပီလီဟာေဘာလုံးသမိုင္းတြင္ကမာၻ႔ဖလားသုံးႀကိမ္ဆြတ္ခူးဖူးတဲ့တစ္ဦးတည္းေသာကစားသမားအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။