ဖီဖာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် ရော်နယ်ဒို၊ မိုဟာမက်ဆာလာနှင့်ကီဗင်ဒီဘရိုင်းတို့ပါဝင်

မိုဟာမက်ဆာလက်၊ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ကီဗင်ဒီဘရိုင်းတို့ဟာဖီဖာအကောင်းဆုံးကစားသမားဆု(အမျိုးသား)အတွက်ဆန်ကာတင်ကစားသမား၁၁ဦးစာရင်းတွင်ပါဝင်ခဲ့ကြပါတယ်။

ဒါ့အပြင်ချဲလ်ဆီးမှအဓိကကွင်းလယ်ကစားသမားများဖြစ်ကြတဲ့ဂျော်ဂျင်ဟို၊အန်ဂိုလိုကန်တီတို့ဟာလည်း လာမယ့်နှစ်ဇန်နဝါရီလ၁၇ရက်နေ့တွင်ချီးမြှင့်မယ့်ဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်ခဲ့ကြပါတယ်။

မိုဟာမက်ဆာလက်ဟာယခုရာသီတွင်လီဗာပူးနှင့်အတူခြေစွမ်းပြကစားနေသူဖြစ်ပြီးပြိုင်ပွဲအရပ်ရပ်မှာ၁၆ပွဲကစားထားရာမှာ၁၆ဂိုးအထိသွင်းယူထားပါတယ်။အီဂျစ်စတားဟာကိုးပွဲဆက်တိုက်ဂိုးသွင်းကာလီဗာပူးသမိုင်းမှာစံချိန်သစ်ရေးထိုးထားပါတယ်။

ရော်နယ်ဒိုမှာလည်းမန်ယူအသင်းရလဒ်ဆိုးရွားနေပေမယ့်အကောင်းဆုံးကစားနေပြီးချန်ပီယံလိဂ်တွင်နောက်ကျအနိုင်ဂိုးများသွင်းယူကာချန်ပီယံလိဂ်၁၆သင်းအဆင့်သို့တက်နိုင်မယ့်အခွင့်အရေးရလာအောင် စွမ်းဆောင်ပေးထားပါတယ်။ပေါ်တူဂီစတားဟာယခုရာသီအစောပိုင်းတုန်းကနိုင်ငံတကာဂိုးအများဆုံးသွင်းယူသူအဖြစ်လည်းစံချိန်သစ်ရေးထိုးထားပါတယ်။

ဒီဘရိုင်းဟာလည်းပရီးမီးယားလိဂ်ဖလားနှင့်ခါရာဘောင်ဖလားတို့ရရှိအောင်အဓိကနေရာမှကူညီခဲ့ကာPFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဂျော်ဂျင်ဟိုနှင့်အန်ဂိုလိုကန်တီတို့ဟာချဲလ်ဆီးနှင့်အတူချန်ပီယံလိဂ်ဖလား၊ဥရောပစူပါဖလားတို့ဆွတ်ခူးခဲ့ပါတယ်။အီတလီကွင်းလယ်ကစားသမားဟာအီတလီနှင့်အတူယူရို၂၀၂၀ဖလားဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါ့အပြင်ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုအတွက်ဆန်ကာတင်စာရင်းတွင်ပီအက်စ်ဂျီမှလီယွန်နယ်မက်ဆီ၊ကိုင်လီယန်ဘက်ပေးနှင့်နေမာတို့လည်းပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ဖီဖာဆုရှင်လီဝန်ဒေါ့စကီး၊အာလင်းဟာလန်းနှင့်ဘန်ဇီးမားတို့မှာလည်းဖီဖာတစ်နှစ်တာအကောင်းဆုံးဆုအတွက်ဆန်ကာတင်၁၁ဦးစာရင်းမှာပါဝင်ပါတယ်။

ဖီဖာတစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုအတွက်ဆန်ကာတင်စာရင်းတွင်အလစ်ဆင်၊ကက်စ်ပါရှမိုက်ကယ်၊အက်ဒူယတ်မင်ဒီ၊မန်နူရယ်နူအာနှင့်ဂျီယန်လူဂီဒွန်နာရမ်မာတို့ပါဝင်ပါတယ်။

ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက်ဆန်ကာတင်စာရင်းတွင်ပက်ဂွါဒီယိုလာ၊သောမတ်စ်တူချယ်၊အန်တိုနီယိုကွန်တီ၊ရောဘတ်တိုမန်စီနီ၊ဟန်စီဖလစ်၊လီယွန်နယ်စကာလိုနီနှင့်ဒီယေဂိုဆီမြွန်နီတို့ပါဝင်ပါတယ်။

ZawGyi

ဖီဖာအေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ကာတင္စာရင္းတြင္ ေရာ္နယ္ဒို၊ မိုဟာမက္ဆာလာႏွင့္ကီဗင္ဒီဘ႐ိုင္းတို႔ပါဝင္

မိုဟာမက္ဆာလက္၊ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ကီဗင္ဒီဘ႐ိုင္းတို႔ဟာဖီဖာအေကာင္းဆုံးကစားသမားဆု(အမ်ိဳးသား)အတြက္ဆန္ကာတင္ကစားသမား၁၁ဦးစာရင္းတြင္ပါဝင္ခဲ့ၾကပါတယ္။

ဒါ့အျပင္ခ်ဲလ္ဆီးမွအဓိကကြင္းလယ္ကစားသမားမ်ားျဖစ္ၾကတဲ့ေဂ်ာ္ဂ်င္ဟို၊အန္ဂိုလိုကန္တီတို႔ဟာလည္း လာမယ့္ႏွစ္ဇန္နဝါရီလ၁၇ရက္ေန႔တြင္ခ်ီးျမႇင့္မယ့္ဆုအတြက္ဆန္ကာတင္စာရင္းတြင္ပါဝင္ခဲ့ၾကပါတယ္။

မိုဟာမက္ဆာလက္ဟာယခုရာသီတြင္လီဗာပူးႏွင့္အတူေျခစြမ္းျပကစားေနသူျဖစ္ၿပီးၿပိဳင္ပြဲအရပ္ရပ္မွာ၁၆ပြဲကစားထားရာမွာ၁၆ဂိုးအထိသြင္းယူထားပါတယ္။အီဂ်စ္စတားဟာကိုးပြဲဆက္တိုက္ဂိုးသြင္းကာလီဗာပူးသမိုင္းမွာစံခ်ိန္သစ္ေရးထိုးထားပါတယ္။

ေရာ္နယ္ဒိုမွာလည္းမန္ယူအသင္းရလဒ္ဆိုး႐ြားေနေပမယ့္အေကာင္းဆုံးကစားေနၿပီးခ်န္ပီယံလိဂ္တြင္ေနာက္က်အႏိုင္ဂိုးမ်ားသြင္းယူကာခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔တက္ႏိုင္မယ့္အခြင့္အေရးရလာေအာင္ စြမ္းေဆာင္ေပးထားပါတယ္။ေပၚတူဂီစတားဟာယခုရာသီအေစာပိုင္းတုန္းကႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္လည္းစံခ်ိန္သစ္ေရးထိုးထားပါတယ္။

ဒီဘ႐ိုင္းဟာလည္းပရီးမီးယားလိဂ္ဖလားႏွင့္ခါရာေဘာင္ဖလားတို႔ရရွိေအာင္အဓိကေနရာမွကူညီခဲ့ကာPFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုႏွင့္အန္ဂိုလိုကန္တီတို႔ဟာခ်ဲလ္ဆီးႏွင့္အတူခ်န္ပီယံလိဂ္ဖလား၊ဥေရာပစူပါဖလားတို႔ဆြတ္ခူးခဲ့ပါတယ္။အီတလီကြင္းလယ္ကစားသမားဟာအီတလီႏွင့္အတူယူ႐ို၂၀၂၀ဖလားဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဒါ့အျပင္ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးဆုအတြက္ဆန္ကာတင္စာရင္းတြင္ပီအက္စ္ဂ်ီမွလီယြန္နယ္မက္ဆီ၊ကိုင္လီယန္ဘက္ေပးႏွင့္ေနမာတို႔လည္းပါဝင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ဖီဖာဆုရွင္လီဝန္ေဒါ့စကီး၊အာလင္းဟာလန္းႏွင့္ဘန္ဇီးမားတို႔မွာလည္းဖီဖာတစ္ႏွစ္တာအေကာင္းဆုံးဆုအတြက္ဆန္ကာတင္၁၁ဦးစာရင္းမွာပါဝင္ပါတယ္။

ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးဂိုးသမားဆုအတြက္ဆန္ကာတင္စာရင္းတြင္အလစ္ဆင္၊ကက္စ္ပါရွမိုက္ကယ္၊အက္ဒူယတ္မင္ဒီ၊မန္ႏူရယ္ႏူအာႏွင့္ဂ်ီယန္လူဂီဒြန္နာရမ္မာတို႔ပါဝင္ပါတယ္။

ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုအတြက္ဆန္ကာတင္စာရင္းတြင္ပက္ဂြါဒီယိုလာ၊ေသာမတ္စ္တူခ်ယ္၊အန္တိုနီယိုကြန္တီ၊ေရာဘတ္တိုမန္စီနီ၊ဟန္စီဖလစ္၊လီယြန္နယ္စကာလိုနီႏွင့္ဒီေယဂိုဆီႁမြန္နီတို႔ပါဝင္ပါတယ္။