ဖီဖာအကောင်းဆုံးဂိုးသမားဆုဆန်ကာတင်စာရင်းဝင်တွင် ပါဝင်နေတဲ့သူနဲ့ပတ်သက်ပြီး မှားယွင်းနေမှုကို ပြန်ပြင်ရန် ဖီဖာကို မင်ဒီတောင်းဆို

ချဲလ်ဆီးဂိုးသမားအက်ဒူယတ်မင်ဒီဟာသူနဲ့ပတ်သက်ပြီထူးထူးဆန်းဆန်းမှားယွင်းနေမှုကိုပြန်ပြင်ပေးရန်ဖီဖာကမ္ဘာ့ဖလားဆိုရှယ်မီဒီယာအဖွဲ့အား တောင်းဆိုမှုပြုလုပ်လာပါတယ်။

ဖီဖာကမ္ဘာ့ဖလားဆိုရှယ်မီဒီယာအဖွဲ့ဟာမကြာသေးမီတုန်းကအင်စတာဂရမ်တွင်ပို့စ်တင်ခဲ့ပြီးလာမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကစားလာဖို့ရှိနေတဲ့ကမ္ဘာ့အကောင်းဆုံးဂိုးသမားငါးဦးကိုစုပေါင်းပြီးပို့စ်တစ်ခုတင်ခဲ့ပါတယ်။

ဒါပေမယ့်ယင်းပို့စ်တွင်အခြားဂိုးသမားလေးဦးတို့မှာသက်ဆိုင်ရာလက်ရွေးစင်အသင်းအင်္ကျီဝတ်ဆင်ထားတဲ့ဓာတ်ပုံကိုသုံးထားကာ တစ်ဦးတည်းသောအာဖရိကသားအဖြစ်ပါဝင်တဲ့မင်ဒီကိုမူလေ့ကျင့်ရေးဝတ်စုံဖြင့်ဓာတ်ပုံကိုအသုံးပြုထားပါတယ်။

အသက်၂၉နှစ်ရှိချဲလ်ဆီးဂိုးသမားဟာဖီဖာကမ္ဘာ့ဖလားဆိုရှယ်မီဒီယာအဖွဲ့ရဲ့ဓာတ်ပုံရွေးချယ်မှုကိုအကြီးအကျယ်ဒေါသထွက်နေပါတယ်။

ရန်းနက်စ်ဂိုးသမားဟောင်းက “ဒီပို့စ်ကိုကြည့်နေတာနှစ်ရက်ရှိပြီ။နားလည်ဖို့ကြိုးစားခဲ့တယ်။ဒါပေမယ့်နားမလည်နိုင်အောင်ဖြစ်ရတယ်။ဒါကသာမန်လုပ်ရပ်လား။ကျွန်တော်တစ်ယောက်တည်းဘဲကျွန်တော့်နိုင်ငံဆီနီဂေါအင်္ကျီမပါဘူး။ဒါကဆီနီဂေါအပေါ်မျှတရဲ့လား”လို့ပြောကြားသွားပါတယ်။

ZawGyi

ဖီဖာအေကာင္းဆုံးဂိုးသမားဆုဆန္ကာတင္စာရင္းဝင္တြင္ ပါဝင္ေနတဲ့သူနဲ႔ပတ္သက္ၿပီး မွားယြင္းေနမႈကို ျပန္ျပင္ရန္ ဖီဖာကို မင္ဒီေတာင္းဆို

ခ်ဲလ္ဆီးဂိုးသမားအက္ဒူယတ္မင္ဒီဟာသူနဲ႔ပတ္သက္ၿပီထူးထူးဆန္းဆန္းမွားယြင္းေနမႈကိုျပန္ျပင္ေပးရန္ဖီဖာကမာၻ႔ဖလားဆိုရွယ္မီဒီယာအဖြဲ႕အား ေတာင္းဆိုမႈျပဳလုပ္လာပါတယ္။

ဖီဖာကမာၻ႔ဖလားဆိုရွယ္မီဒီယာအဖြဲ႕ဟာမၾကာေသးမီတုန္းကအင္စတာဂရမ္တြင္ပို႔စ္တင္ခဲ့ၿပီးလာမယ့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကစားလာဖို႔ရွိေနတဲ့ကမာၻ႔အေကာင္းဆုံးဂိုးသမားငါးဦးကိုစုေပါင္းၿပီးပို႔စ္တစ္ခုတင္ခဲ့ပါတယ္။

ဒါေပမယ့္ယင္းပို႔စ္တြင္အျခားဂိုးသမားေလးဦးတို႔မွာသက္ဆိုင္ရာလက္ေ႐ြးစင္အသင္းအက်ႌဝတ္ဆင္ထားတဲ့ဓာတ္ပုံကိုသုံးထားကာ တစ္ဦးတည္းေသာအာဖရိကသားအျဖစ္ပါဝင္တဲ့မင္ဒီကိုမူေလ့က်င့္ေရးဝတ္စုံျဖင့္ဓာတ္ပုံကိုအသုံးျပဳထားပါတယ္။

အသက္၂၉ႏွစ္ရွိခ်ဲလ္ဆီးဂိုးသမားဟာဖီဖာကမာၻ႔ဖလားဆိုရွယ္မီဒီယာအဖြဲ႕ရဲ႕ဓာတ္ပုံေ႐ြးခ်ယ္မႈကိုအႀကီးအက်ယ္ေဒါသထြက္ေနပါတယ္။

ရန္းနက္စ္ဂိုးသမားေဟာင္းက “ဒီပို႔စ္ကိုၾကည့္ေနတာႏွစ္ရက္ရွိၿပီ။နားလည္ဖို႔ႀကိဳးစားခဲ့တယ္။ဒါေပမယ့္နားမလည္ႏိုင္ေအာင္ျဖစ္ရတယ္။ဒါကသာမန္လုပ္ရပ္လား။ကြၽန္ေတာ္တစ္ေယာက္တည္းဘဲကြၽန္ေတာ့္ႏိုင္ငံဆီနီေဂါအက်ႌမပါဘူး။ဒါကဆီနီေဂါအေပၚမွ်တရဲ႕လား”လို႔ေျပာၾကားသြားပါတယ္။