ဖီဖာဥက္ကဌသစ်အဖြစ် ၂၀၂၇ ခုနှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်လာမဲ့ အင်ဖန်တီနို

ဖီဖာဥက္ကဥဌဂျီယန်နီအင်ဖန်တီနိုဟာဖီဖာဥက္ကဌအဖြစ်နောက်ထပ်လေးနှစ်တာဝန်ထမ်းဆောင်ရန်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အသက်၅၂နှစ်ရှိဆွစ်-အီတာလျှံလူမျိုးဟာ၂၀၁၆ခုနှစ်တွင်ဆပ်ဘလတ္တာရဲ့ဖီဖာဥက္ကဌရာထူးကို ဆက်ခံလာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၉ခုနှစ်တွင်ဖီဖာဥက္ကဌအဖြစ်ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီးယခုအခါထပ်မံရွေးချယ်ခြင်းခံရမှုနဲ့အတူ၂၀၂၇ခုနှစ်အထိတာဝန်ထမ်းဆောင်လာတော့မှာဖြစ်ပါတယ်။

သူဟာရဝမ်ဒါတွင်ပြုလုပ်တဲ့၇၃ကြိမ်မြောက်ဖီဖာကွန်ဂရက်တွင်ဖီဖာဥက္ကဌအဖြစ်ပြိုင်ဘက်မရှိထပ်မံရွေးချယ်ခြင်းခံလာရတာလည်းဖြစ်ပါတယ်။

ဖီဖာဥက္ကဌအဖြစ်ရွေးချယ်ခြင်းခံရပြီးနောက်အင်ဖန်တီနိုက “တကယ်ပဲဂုဏ်ယူလှပါတယ်။တကယ့်ကိုကြီးမားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ပြီးတော့အမှန်တကယ်အလုပ်လုပ်ရတဲ့နေရာလည်းဖြစ်ပါတယ်။ဆက်ပြီးတော့ဖီဖာနဲ့ကမ္ဘာ့ဘောလုံးလောကအတွက်အလုပ်အကျွေးပြုသွားမယ်လို့ကတိပြုပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဖီဖာဥကၠဌသစ္အျဖစ္ ၂၀၂၇ ခုႏွစ္အထိ ဆက္လက္တာဝန္ထမ္းေဆာင္လာမဲ့ အင္ဖန္တီႏို

ဖီဖာဥကၠဥဌဂ်ီယန္နီအင္ဖန္တီႏိုဟာဖီဖာဥကၠဌအျဖစ္ေနာက္ထပ္ေလးႏွစ္တာဝန္ထမ္းေဆာင္ရန္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

အသက္၅၂ႏွစ္ရွိဆြစ္-အီတာလွ်ံလူမ်ိဳးဟာ၂၀၁၆ခုႏွစ္တြင္ဆပ္ဘလတၱာရဲ႕ဖီဖာဥကၠဌရာထူးကို ဆက္ခံလာခဲ့သူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္တြင္ဖီဖာဥကၠဌအျဖစ္ျပန္လည္ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာျဖစ္ၿပီးယခုအခါထပ္မံေ႐ြးခ်ယ္ျခင္းခံရမႈနဲ႔အတူ၂၀၂၇ခုႏွစ္အထိတာဝန္ထမ္းေဆာင္လာေတာ့မွာျဖစ္ပါတယ္။

သူဟာရဝမ္ဒါတြင္ျပဳလုပ္တဲ့၇၃ႀကိမ္ေျမာက္ဖီဖာကြန္ဂရက္တြင္ဖီဖာဥကၠဌအျဖစ္ၿပိဳင္ဘက္မရွိထပ္မံေ႐ြးခ်ယ္ျခင္းခံလာရတာလည္းျဖစ္ပါတယ္။

ဖီဖာဥကၠဌအျဖစ္ေ႐ြးခ်ယ္ျခင္းခံရၿပီးေနာက္အင္ဖန္တီႏိုက “တကယ္ပဲဂုဏ္ယူလွပါတယ္။တကယ့္ကိုႀကီးမားတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ၿပီးေတာ့အမွန္တကယ္အလုပ္လုပ္ရတဲ့ေနရာလည္းျဖစ္ပါတယ္။ဆက္ၿပီးေတာ့ဖီဖာနဲ႔ကမာၻ႔ေဘာလုံးေလာကအတြက္အလုပ္အေကြၽးျပဳသြားမယ္လို႔ကတိျပဳပါတယ္”လို႔ေျပာၾကားသြားပါတယ္။