ဖီဖာ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လီယွန်နယ်မက်ဆီ ဆွတ်ခူး

အာဂျင်တီးနားနှင့်ပီအက်စ်ဂျီစူပါစတားလီယွန်နယ်မက်ဆီဟာ 2022 Best Fifa Awards ဆုပေးပွဲအခမ်းအနားတွင် အမျိုးသားတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

အသက်၃၅နှစ်ရှိမက်ဆီဟာပြင်သစ်တိုက်စစ်သမားတွေဖြစ်ကြတဲ့ကိုင်လီယန်ဘက်ပေးနှင့်ကာရမ်ဘန်ဇီးမားတို့ကိုကျော်ဖြတ်ကာဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားကိုချန်ပီယံဖြစ်အောင်ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။သူဟာ၂၀၂၁-၂၂ရာသီအတွင်းတွင်ကလပ်နှင့်နိုင်ငံအတွက်၄၉ပွဲကစားပေးခဲ့ရာမှာ၂၇ဂိုးသွင်းခဲ့သူလည်းဖြစ်ပါတယ်။

ဘာစီလိုနာအမျိုးသမီးအသင်းမှစတားအလက်ဆီယာပူတဲလ်လက်စ်ကအမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။

ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဒုတိယအကြိမ်မြောက်ဆွတ်ခူးခဲ့တဲ့မက်ဆီက “ဒီဆုကအရမ်းအံ့ဩစရာကောင်းတယ်။တကယ့်ကိုကြီးကျယ်ခမ်းနားတဲ့နှစ်တစ်နှစ်ပါ။ပြီးတော့ဒီကိုရောက်လာပြီးဒီဆုကိုရယူနိုင်တဲ့အတွက်လည်းဂုဏ်ယူတယ်။ကစားဖော်တွေရဲ့အကူအညီမပါဘဲဒီနေရာမှာရှိနေမှာမဟုတ်ပါဘူး။ဒီဆုကိုအိပ်မက်မက်ခဲ့တယ်။ကာလရှည်ကြာမက်နိုင်ဖို့လည်းမျှော်လင့်တယ်။ဒီဆုကိုအရမ်းနည်းတဲ့လူအနည်းငယ်ပဲဆွတ်ခူးကြတယ်။ကျွန်တော်လည်းကံကောင်းစွာဘဲဆွတ်ခူးနိုင်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ပဲရစ်တွင်ကျင်းပတဲ့ 2022 Best Fifa Awardsဆုပေးပွဲတွင်အာဂျင်တီးနားနည်းပြစကာလိုနီကတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

သူဟာမန်စီးတီးကိုပရီးမီးယားလိဂ်ဖလား၆ကြိမ်မြောက်ဆွတ်ခူးနိုင်အောင်ဦးဆောင်ခဲ့တဲ့ဂွါဒီယိုလာနှင့်ရီးရဲလ်မက်ဒရစ်ကိုချန်ပီယံလိဂ်ဖလားရအောင်ဦးဆောင်ခဲ့တဲ့ကာလိုအန်ဆယ်လော့တီတို့အားကျော်ဖြတ်ကာဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

ဗီလာနှင့်အာဂျင်တီးနားဂိုးသမားအီမီလီယာနိုမာတီနက်ဇ်ကအကောင်းဆုံးဂိုးသမား(အမျိုးသား)နှင့် အင်္ဂလန်ဂိုးသမားမေရီအမ်းပ်ကအကောင်းဆုံးဂိုးသမားဆု(အမျိုးသမီး)ကိုဆွတ်ခူးသွားခဲ့ပါတယ်။

ဒါ့အပြင်အင်္ဂလန်အမျိုးသမီးအသင်းကိုယူရို၂၀၂၂ချန်ပီယံဖြစ်အောင်စွမ်းဆောင်ခဲ့တဲ့ဒတ်ချ်လူမျိုးနည်းပြဆာရီနာဝီမန်းကအကောင်းဆုံးနည်းပြဆု(အမျိုးသမီး)ဆွတ်ခူးသွားခဲ့ပါတယ်။

အကောင်းဆုံးဂိုးဆုကိုမာကန်အိုလီစကီးကလည်းကောင်း၊အကောင်းဆုံးပရိသတ်ဆုကိုအာဂျင်တီးနားပရိသတ်များကလည်းကောင်း၊အသန့်ရှင်းဆုံးကစားသမားဆုကိုလူကာလိုချိုဗီလီကလည်းကောင်းဆွတ်ခူးသွားခဲ့ပါတယ်။

ဒါ့အပြင် FIFPro World Xl ကိုလည်းကြေညာခဲ့ရာကောတွိုက်စ်၊ဟာကီမီ၊ဗန်ဒိုက်၊ကန်စီလို၊ဒီဘရိုင်း၊ကက်စ်မီရို၊မိုဒရစ်၊မက်ဆီ၊ဘန်ဇီးမား၊ဟာလန်း၊ဘက်ပေးတို့ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ZawGyi

ဖီဖာ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုကို လီယြန္နယ္မက္ဆီ ဆြတ္ခူး

အာဂ်င္တီးနားႏွင့္ပီအက္စ္ဂ်ီစူပါစတားလီယြန္နယ္မက္ဆီဟာ 2022 Best Fifa Awards ဆုေပးပြဲအခမ္းအနားတြင္ အမ်ိဳးသားတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

အသက္၃၅ႏွစ္ရွိမက္ဆီဟာျပင္သစ္တိုက္စစ္သမားေတြျဖစ္ၾကတဲ့ကိုင္လီယန္ဘက္ေပးႏွင့္ကာရမ္ဘန္ဇီးမားတို႔ကိုေက်ာ္ျဖတ္ကာဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အာဂ်င္တီးနားကိုခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။သူဟာ၂၀၂၁-၂၂ရာသီအတြင္းတြင္ကလပ္ႏွင့္ႏိုင္ငံအတြက္၄၉ပြဲကစားေပးခဲ့ရာမွာ၂၇ဂိုးသြင္းခဲ့သူလည္းျဖစ္ပါတယ္။

ဘာစီလိုနာအမ်ိဳးသမီးအသင္းမွစတားအလက္ဆီယာပူတဲလ္လက္စ္ကအမ်ိဳးသမီးတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားခဲ့ပါတယ္။

ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဒုတိယအႀကိမ္ေျမာက္ဆြတ္ခူးခဲ့တဲ့မက္ဆီက “ဒီဆုကအရမ္းအံ့ဩစရာေကာင္းတယ္။တကယ့္ကိုႀကီးက်ယ္ခမ္းနားတဲ့ႏွစ္တစ္ႏွစ္ပါ။ၿပီးေတာ့ဒီကိုေရာက္လာၿပီးဒီဆုကိုရယူႏိုင္တဲ့အတြက္လည္းဂုဏ္ယူတယ္။ကစားေဖာ္ေတြရဲ႕အကူအညီမပါဘဲဒီေနရာမွာရွိေနမွာမဟုတ္ပါဘူး။ဒီဆုကိုအိပ္မက္မက္ခဲ့တယ္။ကာလရွည္ၾကာမက္ႏိုင္ဖို႔လည္းေမွ်ာ္လင့္တယ္။ဒီဆုကိုအရမ္းနည္းတဲ့လူအနည္းငယ္ပဲဆြတ္ခူးၾကတယ္။ကြၽန္ေတာ္လည္းကံေကာင္းစြာဘဲဆြတ္ခူးႏိုင္ခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ပဲရစ္တြင္က်င္းပတဲ့ 2022 Best Fifa Awardsဆုေပးပြဲတြင္အာဂ်င္တီးနားနည္းျပစကာလိုနီကတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

သူဟာမန္စီးတီးကိုပရီးမီးယားလိဂ္ဖလား၆ႀကိမ္ေျမာက္ဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ခဲ့တဲ့ဂြါဒီယိုလာႏွင့္ရီးရဲလ္မက္ဒရစ္ကိုခ်န္ပီယံလိဂ္ဖလားရေအာင္ဦးေဆာင္ခဲ့တဲ့ကာလိုအန္ဆယ္ေလာ့တီတို႔အားေက်ာ္ျဖတ္ကာဆြတ္ခူးသြားခဲ့တာျဖစ္ပါတယ္။

ဗီလာႏွင့္အာဂ်င္တီးနားဂိုးသမားအီမီလီယာႏိုမာတီနက္ဇ္ကအေကာင္းဆုံးဂိုးသမား(အမ်ိဳးသား)ႏွင့္ အဂၤလန္ဂိုးသမားေမရီအမ္းပ္ကအေကာင္းဆုံးဂိုးသမားဆု(အမ်ိဳးသမီး)ကိုဆြတ္ခူးသြားခဲ့ပါတယ္။

ဒါ့အျပင္အဂၤလန္အမ်ိဳးသမီးအသင္းကိုယူ႐ို၂၀၂၂ခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ခဲ့တဲ့ဒတ္ခ်္လူမ်ိဳးနည္းျပဆာရီနာဝီမန္းကအေကာင္းဆုံးနည္းျပဆု(အမ်ိဳးသမီး)ဆြတ္ခူးသြားခဲ့ပါတယ္။

အေကာင္းဆုံးဂိုးဆုကိုမာကန္အိုလီစကီးကလည္းေကာင္း၊အေကာင္းဆုံးပရိသတ္ဆုကိုအာဂ်င္တီးနားပရိသတ္မ်ားကလည္းေကာင္း၊အသန႔္ရွင္းဆုံးကစားသမားဆုကိုလူကာလိုခ်ိဳဗီလီကလည္းေကာင္းဆြတ္ခူးသြားခဲ့ပါတယ္။

ဒါ့အျပင္ FIFPro World Xl ကိုလည္းေၾကညာခဲ့ရာေကာတြိဳက္စ္၊ဟာကီမီ၊ဗန္ဒိုက္၊ကန္စီလို၊ဒီဘ႐ိုင္း၊ကက္စ္မီ႐ို၊မိုဒရစ္၊မက္ဆီ၊ဘန္ဇီးမား၊ဟာလန္း၊ဘက္ေပးတို႔ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။