ဖီယင်နုအကယ်ဒမီနည်းပြရာထူးမှ လီဗာပူးဂန္ထဝင်ဒတ်ကုဒ်နုတ်ထွက်

ဒတ်ကုဒ်ဟာသူ့ရဲ့နည်းပြဘဝကိုတည်ဆောက်ရန်အတွက်ဖီယင်နုအကယ်ဒမီနည်းပြရာထူးမှနုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်းသိရပါတယ်။

ဖီယင်နုအသင်းခေါင်းဆောင်ဟောင်းဒတ်ကုဒ်တို့ဟာ၂၀၁၈ခုနှစ်တုန်းကကစားသမားဘဝမှအနားယူပြီးနောက် ဖီယင်နုအကယ်ဒမီတွင်တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်ယခုအခါဒတ်ကုဒ်ဟာသူ့ရဲ့နည်းပြဘဝကိုအခြားကလပ်မှာတိုးတက်အောင်လုပ်ဆောင်ရေးအတွက်ရာထူးမှနုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။

ဒတ်ကုဒ်က “ဖီယင်နုကကျွန်တော့်အတွက်ဘယ်လောက်အရေးပါတယ်ဆိုတာလူတိုင်းသိပါတယ်။ပြီးတော့ကျွန် တော်ဟာဒီကလပ်မှာအတွေ့အကြုံတွေအများကြီးရခဲ့ပါတယ်။တစ်နေ့မှာကျွန်တော်တို့လမ်းတွေမတူလာတော့မှာ သိပါတယ်။အခုကျွန်တော့်အတွက်ကိုယ့်လမ်းကိုဆက်လက်လျှောက်လှမ်းဖို့လိုနေပြီလို့ထင်ပါတယ်”လို့ဆိုသွားပါတယ်။

ဒတ်ကုဒ်ဟာဖီယင်နုအတွက်၁၂၁ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး၂၀၁၇ခုနှစ်ဒတ်ချ်အမှတ်ပေးဖလားရရှိအောင်ကူညီခဲ့သူ လည်းဖြစ်ပါတယ်။သူဟာလီဗာပူးအတွက်၂၈၆ပွဲကစားကာ၇၁ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။

ZawGyi

ဖီယင္ႏုအကယ္ဒမီနည္းျပရာထူးမွ လီဗာပူးဂႏၴဝင္ဒတ္ကုဒ္ႏုတ္ထြက္

ဒတ္ကုဒ္ဟာသူ႔ရဲ႕နည္းျပဘဝကိုတည္ေဆာက္ရန္အတြက္ဖီယင္ႏုအကယ္ဒမီနည္းျပရာထူးမွႏုတ္ထြက္လိုက္ၿပီ ျဖစ္ေၾကာင္းသိရပါတယ္။

ဖီယင္ႏုအသင္းေခါင္းေဆာင္ေဟာင္းဒတ္ကုဒ္တို႔ဟာ၂၀၁၈ခုႏွစ္တုန္းကကစားသမားဘဝမွအနားယူၿပီးေနာက္ ဖီယင္ႏုအကယ္ဒမီတြင္တာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္ယခုအခါဒတ္ကုဒ္ဟာသူ႔ရဲ႕နည္းျပဘဝကိုအျခားကလပ္မွာတိုးတက္ေအာင္လုပ္ေဆာင္ေရးအတြက္ရာထူးမွႏုတ္ထြက္လိုက္ၿပီျဖစ္ပါတယ္။

ဒတ္ကုဒ္က “ဖီယင္ႏုကကြၽန္ေတာ့္အတြက္ဘယ္ေလာက္အေရးပါတယ္ဆိုတာလူတိုင္းသိပါတယ္။ၿပီးေတာ့ကြၽန္ ေတာ္ဟာဒီကလပ္မွာအေတြ႕အႀကဳံေတြအမ်ားႀကီးရခဲ့ပါတယ္။တစ္ေန႔မွာကြၽန္ေတာ္တို႔လမ္းေတြမတူလာေတာ့မွာ သိပါတယ္။အခုကြၽန္ေတာ့္အတြက္ကိုယ့္လမ္းကိုဆက္လက္ေလွ်ာက္လွမ္းဖို႔လိုေနၿပီလို႔ထင္ပါတယ္”လို႔ဆိုသြားပါတယ္။

ဒတ္ကုဒ္ဟာဖီယင္ႏုအတြက္၁၂၁ဂိုးသြင္းယူေပးခဲ့သူျဖစ္ၿပီး၂၀၁၇ခုႏွစ္ဒတ္ခ်္အမွတ္ေပးဖလားရရွိေအာင္ကူညီခဲ့သူ လည္းျဖစ္ပါတယ္။သူဟာလီဗာပူးအတြက္၂၈၆ပြဲကစားကာ၇၁ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။