ဖီအိုရင်တီးနားတွင် ၂၈ မိနစ်ကစားကာ ရီးရဲလ်မက်ဒရစ်တွင် သုံးနှစ်ကစားခဲ့သည်ထက် ဂိုးသွင်းခဲ့တဲ့ လူကာဂျိုဗစ်

လူကာဂျိုဗစ်အတွက်ဖီအိုရင်တီးနားတွင်အကောင်းဆုံးစတင်ပြီးရီးရဲလ်မက်ဒရစ်အိပ်မက်ဆိုးမှနှိုးထနိုင်ခဲ့ပါတယ်။

အသက်၂၄နှစ်ရှိတိုက်စစ်မှူးဟာယခုလအစောပိုင်းတုန်းကရီးရဲလ်မက်ဒရစ်မှဖီအိုရင်တီးနားသို့၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

သူဟာဖီအိုရင်တီးနားအတွက်ကစားတဲ့ပထမဆုံးပွဲမှာ၂၈မိနစ်အတွင်း၄ဂိုးသွင်းယူပြီးရီးရဲလ်မက်ဒရစ်တွင်ကစားတဲ့သုံးနှစ်တာကာလတုန်းကသွင်းယူခဲ့တဲ့ဂိုးအရေအတွက်ထက်သွင်းယူနိုင်ခဲ့ပါတယ်။သူဟာရီးရဲလ်ဗီစင်ဇာကို၇-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာ၂၈မိနစ်အတွင်း၄ဂိုးသွင်းခဲ့တာလည်းဖြစ်ပါတယ်။

သူဟာဖရန့်ဖတ်ကနေရီးရဲလ်မက်ဒရစ်သို့ပေါင်၅၂သန်းဖြင့်ပြောင်းရွှေ့ပြီးတဲ့နောက်ရီးရဲလ်မက်ဒရစ်အတွက်၅၁ပွဲကစားခဲ့ရာမှာ၃ဂိုးတည်းသာသွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်ပုံမှန်ပွဲထွက်ကစားခွင့်မရမှုကြောင့်ဖရန့်ဖတ်သို့အငှားဖြင့်ပြန်ပြောင်းကစားခဲ့ရာမှာလည်း၁၈ပွဲကစားခဲ့ပေမဲ့၄ဂိုးတည်းသာသွင်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့သူဟာဖီအိုရင်တီးနားအတွက်ပထမဆုံးကစားတဲ့ပွဲမှာ၄ဂိုးသွင်းယူပြီးသူ့အရည်အသွေးကိုပြသခဲ့ပါတယ်။ဖီအိုရင်တီးနားဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကထွက်ခွာသွားခဲ့တဲ့ဗလာဟိုဗစ်နေရာမှာဂျိုဗစ်နှင့်အစားထိုးနိုင်ပြီလို့ကြည့်လျက်ရှိနေပါတယ်။

ZawGyi

ဖီအိုရင္တီးနားတြင္ ၂၈ မိနစ္ကစားကာ ရီးရဲလ္မက္ဒရစ္တြင္ သုံးႏွစ္ကစားခဲ့သည္ထက္ ဂိုးသြင္းခဲ့တဲ့ လူကာဂ်ိဳဗစ္

လူကာဂ်ိဳဗစ္အတြက္ဖီအိုရင္တီးနားတြင္အေကာင္းဆုံးစတင္ၿပီးရီးရဲလ္မက္ဒရစ္အိပ္မက္ဆိုးမွႏႈိးထႏိုင္ခဲ့ပါတယ္။

အသက္၂၄ႏွစ္ရွိတိုက္စစ္မႉးဟာယခုလအေစာပိုင္းတုန္းကရီးရဲလ္မက္ဒရစ္မွဖီအိုရင္တီးနားသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

သူဟာဖီအိုရင္တီးနားအတြက္ကစားတဲ့ပထမဆုံးပြဲမွာ၂၈မိနစ္အတြင္း၄ဂိုးသြင္းယူၿပီးရီးရဲလ္မက္ဒရစ္တြင္ကစားတဲ့သုံးႏွစ္တာကာလတုန္းကသြင္းယူခဲ့တဲ့ဂိုးအေရအတြက္ထက္သြင္းယူႏိုင္ခဲ့ပါတယ္။သူဟာရီးရဲလ္ဗီစင္ဇာကို၇-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာ၂၈မိနစ္အတြင္း၄ဂိုးသြင္းခဲ့တာလည္းျဖစ္ပါတယ္။

သူဟာဖရန႔္ဖတ္ကေနရီးရဲလ္မက္ဒရစ္သို႔ေပါင္၅၂သန္းျဖင့္ေျပာင္းေ႐ႊ႕ၿပီးတဲ့ေနာက္ရီးရဲလ္မက္ဒရစ္အတြက္၅၁ပြဲကစားခဲ့ရာမွာ၃ဂိုးတည္းသာသြင္းႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္ပုံမွန္ပြဲထြက္ကစားခြင့္မရမႈေၾကာင့္ဖရန႔္ဖတ္သို႔အငွားျဖင့္ျပန္ေျပာင္းကစားခဲ့ရာမွာလည္း၁၈ပြဲကစားခဲ့ေပမဲ့၄ဂိုးတည္းသာသြင္းႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့သူဟာဖီအိုရင္တီးနားအတြက္ပထမဆုံးကစားတဲ့ပြဲမွာ၄ဂိုးသြင္းယူၿပီးသူ႔အရည္အေသြးကိုျပသခဲ့ပါတယ္။ဖီအိုရင္တီးနားဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကထြက္ခြာသြားခဲ့တဲ့ဗလာဟိုဗစ္ေနရာမွာဂ်ိဳဗစ္ႏွင့္အစားထိုးႏိုင္ၿပီလို႔ၾကည့္လ်က္ရွိေနပါတယ္။