ဖီအိုရင်တီးနား-အင်တာပရိသတ်ရန်ပွဲတွင် ပါဝင်ခဲ့သူများ ကွင်းကြည့်ခွင့် ၁၀ နှစ်ပိတ်ပင်ခံရနိုင်

အင်္ဂါနေ့ညကစီးရီးအေပွဲစဉ်မတိုင်မီ ဖီအိုရင်တီးနားပရိသတ်များနှင့်ရုပ်ဆိုင်းအကျည်းတန်စွာရန်ဖြစ်ခဲ့တဲ့အင်တာမီလန်ပရိသတ်များဟာပွဲကြည့်ခွင့်၁၀နှစ်ပိတ်ပင်ခြင်းခံရဖို့ရှိနေပါတယ်။

ရဲတပ်ဖွဲ့များရဲ့ကြေညာချက်အရအင်တာမီလန်ပရိသတ်များဟာသံတုတ်များ၊သစ်သားတုတ်များကိုင်ဆောင်ကာဖီအိုရင်တီးနားပရိသတ်များရဲ့ကားကိုဖျက်ဆီးမှုပြုလုပ်ခဲ့တဲ့အပြင်မီးရှူးများပစ်ဖောက်ကာမီးခိုးများလွှမ်းစေခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာအင်တာမီလန်ပရိသတ်၁၈ဦးတို့အားဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီးရန်ပွဲတွင်ပါဝင်တဲ့အခြား၁၂ဦးတို့ကိုလည်းစီစီတီဗွီမှတ်တမ်းများကြည့်ကာစစ်ဆေးမှုပြုလုပ်နေပါတယ်။

အဆိုပါရုပ်ဆိုးအကျည်းတန်ဖြစ်ရပ်မှာဖီအိုရင်တီးနားရဲ့အာတဲမီယိုဖရန်ချီကွင်းနဲ့၅မိနစ်ခရီးအကွာအဝေးရှိပီယာဇာအယ်ဘတ်တီတွင်ဖြစ်ခဲ့တာဖြစ်ပြီးနှစ်ဖက်ပရိသတ်များဟာလမ်းအလယ်ခေါင်တွင်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

စီးရီးအေကွင်းများဟာကိုဗစ်ကန့်သတ်ချက်ကြောင့်ယခုရာသီတွင်ကွင်းများသို့ပရိသတ်၁၆၀၀၀အထိလာကြည့်ခွင့်ပေးထားပြီးယင်းပွဲတွင်အင်တာမီလန်က၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ဖီအိုရင္တီးနား-အင္တာပရိသတ္ရန္ပြဲတြင္ ပါဝင္ခဲ့သူမ်ား ကြင္းၾကည့္ခြင့္ ၁၀ ႏွစ္ပိတ္ပင္ခံရႏိုင္

အဂၤါေန႔ညကစီးရီးေအပြဲစဥ္မတိုင္မီ ဖီအိုရင္တီးနားပရိသတ္မ်ားႏွင့္႐ုပ္ဆိုင္းအက်ည္းတန္စြာရန္ျဖစ္ခဲ့တဲ့အင္တာမီလန္ပရိသတ္မ်ားဟာပြဲၾကည့္ခြင့္၁၀ႏွစ္ပိတ္ပင္ျခင္းခံရဖို႔ရွိေနပါတယ္။

ရဲတပ္ဖြဲ႕မ်ားရဲ႕ေၾကညာခ်က္အရအင္တာမီလန္ပရိသတ္မ်ားဟာသံတုတ္မ်ား၊သစ္သားတုတ္မ်ားကိုင္ေဆာင္ကာဖီအိုရင္တီးနားပရိသတ္မ်ားရဲ႕ကားကိုဖ်က္ဆီးမႈျပဳလုပ္ခဲ့တဲ့အျပင္မီးရႉးမ်ားပစ္ေဖာက္ကာမီးခိုးမ်ားလႊမ္းေစခဲ့ပါတယ္။

ရဲတပ္ဖြဲ႕ဟာအင္တာမီလန္ပရိသတ္၁၈ဦးတို႔အားဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ၿပီးရန္ပြဲတြင္ပါဝင္တဲ့အျခား၁၂ဦးတို႔ကိုလည္းစီစီတီဗြီမွတ္တမ္းမ်ားၾကည့္ကာစစ္ေဆးမႈျပဳလုပ္ေနပါတယ္။

အဆိုပါ႐ုပ္ဆိုးအက်ည္းတန္ျဖစ္ရပ္မွာဖီအိုရင္တီးနားရဲ႕အာတဲမီယိုဖရန္ခ်ီကြင္းနဲ႔၅မိနစ္ခရီးအကြာအေဝးရွိပီယာဇာအယ္ဘတ္တီတြင္ျဖစ္ခဲ့တာျဖစ္ၿပီးႏွစ္ဖက္ပရိသတ္မ်ားဟာလမ္းအလယ္ေခါင္တြင္တိုက္ခိုက္မႈျပဳလုပ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

စီးရီးေအကြင္းမ်ားဟာကိုဗစ္ကန႔္သတ္ခ်က္ေၾကာင့္ယခုရာသီတြင္ကြင္းမ်ားသို႔ပရိသတ္၁၆၀၀၀အထိလာၾကည့္ခြင့္ေပးထားၿပီးယင္းပြဲတြင္အင္တာမီလန္က၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။