ဖီးလစ်ကို ယူနိုက်တက်၊ အာဆင်နယ်တို့အား ကျော်ဖြတ်ကာ ခေါ်ယူရန် သဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာဂျိုအာဖီးလစ်ကိုအက်သလက်တီကိုမှရာသီအကုန်အထိအငှားဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးဟာအက်သလက်တီကိုဘက်ကပေါ်တူဂီတိုက်စစ်သမားအတွက်တောင်းဆိုတဲ့အတိုင်းငှားရမ်းခပေါင်၁၀ပေးရန်အသင့်ဖြစ်နေမှုနဲ့အတူ ခေါ်ယူရေးအတွက်နှုတ်အားဖြင့်သဘောတူညီမှုရရှိသွားခဲ့တာဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိပေါ်တူဂီစတားဟာနည်းပြဒီယေဂိုဆီမြွန်နီနှင့်အဆင်မပြေဖြစ်ပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့တွင်အသင်းပြောင်းရန်တာစူနေခဲ့သူလည်းဖြစ်ပါတယ်။

သူ့ကိုခေါ်ယူရန်ယူနိုက်တက်နှင့်အာဆင်နယ်တို့အပြိုင်ကြိုးပမ်းခဲ့ကြပေမဲ့ ယခုအခါချဲလ်ဆီးကလက်ဦးမှုရယူသွားပြီဖြစ်ပါတယ်။

ချဲလ်ဆီးဟာဂျိုအာဖီးလစ်ကိုအငှားဖြင့်ခေါ်ယူရာတွင် နွေရာသီတွင်ပေါင်၇၀.၅သန်းဖြင့်အပြီးသတ်ခေါ်ယူမဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုလာပါမယ်။

ZawGyi

ဖီးလစ္ကို ယူႏိုက္တက္၊ အာဆင္နယ္တို႔အား ေက်ာ္ျဖတ္ကာ ေခၚယူရန္ သေဘာတူညီမႈရရွိသြားၿပီျဖစ္တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာဂ်ိဳအာဖီးလစ္ကိုအက္သလက္တီကိုမွရာသီအကုန္အထိအငွားျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာအက္သလက္တီကိုဘက္ကေပၚတူဂီတိုက္စစ္သမားအတြက္ေတာင္းဆိုတဲ့အတိုင္းငွားရမ္းခေပါင္၁၀ေပးရန္အသင့္ျဖစ္ေနမႈနဲ႔အတူ ေခၚယူေရးအတြက္ႏႈတ္အားျဖင့္သေဘာတူညီမႈရရွိသြားခဲ့တာျဖစ္ပါတယ္။

အသက္၂၃ႏွစ္ရွိေပၚတူဂီစတားဟာနည္းျပဒီေယဂိုဆီႁမြန္နီႏွင့္အဆင္မေျပျဖစ္ၿပီးေနာက္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္အသင္းေျပာင္းရန္တာစူေနခဲ့သူလည္းျဖစ္ပါတယ္။

သူ႔ကိုေခၚယူရန္ယူႏိုက္တက္ႏွင့္အာဆင္နယ္တို႔အၿပိဳင္ႀကိဳးပမ္းခဲ့ၾကေပမဲ့ ယခုအခါခ်ဲလ္ဆီးကလက္ဦးမႈရယူသြားၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာဂ်ိဳအာဖီးလစ္ကိုအငွားျဖင့္ေခၚယူရာတြင္ ေႏြရာသီတြင္ေပါင္၇၀.၅သန္းျဖင့္အၿပီးသတ္ေခၚယူမဲ့အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုလာပါမယ္။