ဖုန်းသုံးရင်း ရေစိမ်နေရာမှ ဖုန်းရေထဲပြုတ်ကာ ဓာတ်လိုက်ပြီး စပိန်ဘောလုံးသမားဟောင်းသေဆုံး

စပိန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားဟောင်းတစ်ဦးဟာမတော်တဆလျှပ်စစ်ဓာတ်လိုက်မှုဖြစ်ကာရေစိမ်နေစဉ်အတွင်းသေဆုံးသွားခဲ့ကြောင်းသိရပါတယ်။

ဆန်တီယာဂိုအော်တဲရိုးဟာရေစိမ်ကန်တွင်ဖုန်းအားသွင်းရင်း ဖုန်းသုံးနေခဲ့တာဖြစ်ပြီးဖုန်းမတော်တဆရေထဲပြုတ်ကျရာမှဓာတ်ကူးမှုဖြစ်ကာဓာတ်လိုက်မှုဖြစ်ပြီးမက်ဒရစ်ရှိနေအိမ်တွင်သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

ဇနီးသည်ညဖက်အိမ်ပြန်ရောက်လာချိန်တွင်မှရေစိမ်ကန်တွင်ဖုန်းနဲ့အတူသေဆုံးနေတဲ့သူ့ရုပ်လောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အသက်၃၈နှစ်ရှိအော်တဲရိုးသေဆုံးနေစဉ်စမတ်ဖုန်းမှာဗိုက်ပေါ်တွင်တင်နေပြီး မီးလောင်ကွက်ဖြစ်နေပါတယ်။

ဒေသခံများအကြားတွင်ဆန်တီလို့လူသိများတဲ့သူဟာရီးရဲလ်အိုဗီဒိုလူငယ်အသင်းတွင်ကစားသမားဘဝစတင်ကာဇိုဗီလာဂါ၊ဖိုလ်ဂူရိုအပါအဝင်ကလပ်အများအပြားတို့တွင်ကစားခဲ့ဖြစ်ပါတယ်။

သူဟာကစားသမားဘဝမှအနားယူပြီးဖြစ်ပေမယ့်လည်းအားလပ်ချိန်များတွင်ခုနှစ်ယောက်တစ်သင်းကစားရတဲ့ဘောလုံးပွဲများတွင်ပါဝင်ကစားနေတုန်းဖြစ်ပါတယ်။

ZawGyi






