ဖူလ်ဟမ်ကို ရှုံးနိမ့်ပြီးနောက် စတီဗင်ဂျရတ်ကို ဗီလာ ထုတ်ပယ်

စတီဗင်ဂျရတ်ဟာမနေ့ညတုန်းကဖူလ်ဟမ်ကိုရှုံးနိမ့်ကာတန်းမဆင်းရရေးတိုက်ပွဲဝင်ရမယ့်အခြေအနေသို့ရောက်သွားပြီးနောက် ဗီလာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံလာရပြီဖြစ်ပါတယ်။

ဗီလာဟာမနေ့ညတုန်းကဖူလ်ဟမ်ကိုအဝေးကွင်းတွင်၃-၀ဂိုးဖြင့်ရှုံးနိမ့်ပြီး ၁၁ ပွဲတွင် ၆ ပွဲမြောက်အရှုံးနှင့်ရင်ဆိုင်ရပြီးနောက် နာရီအနည်းငယ်အကြာမှာ စတီဗင်ဂျရတ်ကို ထုတ်ပယ်ရန်ဆုံးဖြတ်လိုက်ပါတယ်။

ဗီလာဟာ ဖူလ်ဟမ်နှင့်ပွဲစဉ်အပါအဝင်နောက်ပိုင်းပွဲစဉ်တွင်တွင် ပရိသတ်များက စတီဗင်ဂျရတ်ကိုထုတ်ပယ်ရန်တောင်းဆိုလာပြီးနောက် ပရိသတ်သဘောအတိုင်းထုတ်ပယ်ရန်ဆုံးဖြတ်လာတာလည်းဖြစ်ပါတယ်။

ဗီလာဟာနောက်ဆုံးပရီးမီးယားလိဂ်ပွဲလေးပွဲဆက်နိုင်ပွဲပျောက်နေပြီး အဆင့်၁၇နေရာမှာရပ်တည်နေကာတန်းဆင်းဇုန်ရဲ့အပေါ်တွင်ဂိုးကွာခြားချက်ဖြင့်ရပ်တည်နေပါတယ်။

လီဗာပူးဂန္ထဝင်ကစားသမားဟာဖူလ်ဟမ်ကိုရှုံးနိမ့်ပြီးသတင်းစာရှင်းလင်းပွဲတွင် သူ့အနာဂတ်အတွက်အစွမ်းကုန်တိုက်ပွဲဝင်မယ်လို့ကြုံးဝါးပြောကြားပြီး နာရီအနည်းငယ်အကြာမှာဘဲ ထုတ်ပယ်ခံလာရပါတယ်။

စတီဗင်ဂျရတ်ဟာရိန်းဂျားကိုသုံးရာသီကြာကိုင်တွယ်စဉ်အတွင်း စကော့တလန်အမှတ်ပေးဖလားဆွတ်ခူးပေးပြီးနောက် ၂၀၂၁ခုနှစ်၊နိုဝင်ဘာလတုန်းက ဗီလာနည်းပြရာထူးကိုရယူခဲ့သူဖြစ်ပါတယ်။

ဂျရတ်ဟာဗီလာကိုပထမဆုံးကိုင်တွယ်တဲ့ရာသီမှာအဆင့်၁၄နေရာမှာရရှိအောင်စွမ်းဆောင်နိုင်ပေမဲ့ယခုရာသီမှာတော့ရလဒ်ဆိုးရွားနေပါတယ်။

ဗီလာဟာစတီဗင်ဂျရတ်နေရာတွင်အစားထိုးရန်အတွက်နည်းပြသစ်ရှာဖွေနေပြီး ချဲလ်ဆီးနည်းပြဟောင်းသောမတ်စ်တူချယ်၊စပါးစ်နည်းပြဟောင်းပိုချက်တီနိုတို့ကရေပန်းစားနေပါတယ်။

ZawGyi

ဖူလ္ဟမ္ကို ရႈံးနိမ့္ၿပီးေနာက္ စတီဗင္ဂ်ရတ္ကို ဗီလာ ထုတ္ပယ္

စတီဗင္ဂ်ရတ္ဟာမေန႔ညတုန္းကဖူလ္ဟမ္ကိုရႈံးနိမ့္ကာတန္းမဆင္းရေရးတိုက္ပြဲဝင္ရမယ့္အေျခအေနသို႔ေရာက္သြားၿပီးေနာက္ ဗီလာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံလာရၿပီျဖစ္ပါတယ္။

ဗီလာဟာမေန႔ညတုန္းကဖူလ္ဟမ္ကိုအေဝးကြင္းတြင္၃-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီး ၁၁ ပြဲတြင္ ၆ ပြဲေျမာက္အရႈံးႏွင့္ရင္ဆိုင္ရၿပီးေနာက္ နာရီအနည္းငယ္အၾကာမွာ စတီဗင္ဂ်ရတ္ကို ထုတ္ပယ္ရန္ဆုံးျဖတ္လိုက္ပါတယ္။

ဗီလာဟာ ဖူလ္ဟမ္ႏွင့္ပြဲစဥ္အပါအဝင္ေနာက္ပိုင္းပြဲစဥ္တြင္တြင္ ပရိသတ္မ်ားက စတီဗင္ဂ်ရတ္ကိုထုတ္ပယ္ရန္ေတာင္းဆိုလာၿပီးေနာက္ ပရိသတ္သေဘာအတိုင္းထုတ္ပယ္ရန္ဆုံးျဖတ္လာတာလည္းျဖစ္ပါတယ္။

ဗီလာဟာေနာက္ဆုံးပရီးမီးယားလိဂ္ပြဲေလးပြဲဆက္ႏိုင္ပြဲေပ်ာက္ေနၿပီး အဆင့္၁၇ေနရာမွာရပ္တည္ေနကာတန္းဆင္းဇုန္ရဲ႕အေပၚတြင္ဂိုးကြာျခားခ်က္ျဖင့္ရပ္တည္ေနပါတယ္။

လီဗာပူးဂႏၴဝင္ကစားသမားဟာဖူလ္ဟမ္ကိုရႈံးနိမ့္ၿပီးသတင္းစာရွင္းလင္းပြဲတြင္ သူ႔အနာဂတ္အတြက္အစြမ္းကုန္တိုက္ပြဲဝင္မယ္လို႔ႀကဳံးဝါးေျပာၾကားၿပီး နာရီအနည္းငယ္အၾကာမွာဘဲ ထုတ္ပယ္ခံလာရပါတယ္။

စတီဗင္ဂ်ရတ္ဟာရိန္းဂ်ားကိုသုံးရာသီၾကာကိုင္တြယ္စဥ္အတြင္း စေကာ့တလန္အမွတ္ေပးဖလားဆြတ္ခူးေပးၿပီးေနာက္ ၂၀၂၁ခုႏွစ္၊ႏိုဝင္ဘာလတုန္းက ဗီလာနည္းျပရာထူးကိုရယူခဲ့သူျဖစ္ပါတယ္။

ဂ်ရတ္ဟာဗီလာကိုပထမဆုံးကိုင္တြယ္တဲ့ရာသီမွာအဆင့္၁၄ေနရာမွာရရွိေအာင္စြမ္းေဆာင္ႏိုင္ေပမဲ့ယခုရာသီမွာေတာ့ရလဒ္ဆိုး႐ြားေနပါတယ္။

ဗီလာဟာစတီဗင္ဂ်ရတ္ေနရာတြင္အစားထိုးရန္အတြက္နည္းျပသစ္ရွာေဖြေနၿပီး ခ်ဲလ္ဆီးနည္းျပေဟာင္းေသာမတ္စ္တူခ်ယ္၊စပါးစ္နည္းျပေဟာင္းပိုခ်က္တီႏိုတို႔ကေရပန္းစားေနပါတယ္။