
အာဆင်နယ်အသင်းသားတို့ဟာပြီးခဲ့တဲ့အပတ်တုန်းက ဖူလ်ဟမ်ကိုအဝေးကွင်းမှာ၃-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်အဝတ်အစားလဲခန်းအတွင်းမှာကြီးမားတဲ့နာရီနှင့်အတူအတူဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။ယခုအခါမှာတော့ယင်းသို့ကြီးမားတဲ့နာရီနှင့်အတူဓာတ်ပုံရိုက်ကူးအောင်ပွဲခံမှုရဲ့နောက်ကွယ်ကအကြောင်းရင်းကိုသိခွင့်ရရှိလာပြီဖြစ်ပါတယ်။
အာဆင်နယ်ဟာ Craven Cottage တွင်ထရိုဆတ်ရဲ့ဖန်တီးမှု၃ကြိမ်မှရရှိတဲ့ဂိုး၃ဂိုးဖြင့်၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ပွဲအပြီးတွင်အာဆင်နယ်ကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များဟာအဝတ်အစားလဲခန်းအတွင်းတွင်ကြီးမားတဲ့နာရီနှင့်အတူဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။
ယင်းနာရီမှာအမ်းမရိတ်ကွင်းမှ Clock End ပွဲကြည့်စင်မှ နာရီရဲ့ပုံတူဖြစ်ပါတယ်။ယင်းနာရီကယခင်ကွင်းဟောင်းဟိုက်ဘူရီကွင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၂၀၁၀ခုနှစ်တုန်းကကွင်းသစ်တွင်တပ်ဆင်ထားခဲ့တာဖြစ်ပါတယ်။
The Mail ရဲ့ဖော်ပြချက်အရအာဆင်နယ်ဟာယင်းနာရီကိုအဝေးကွင်းသို့ယူဆောင်ရခြင်းမှာစိတ်ပိုင်းဆိုင်ရာဗျူဟာနှင့်သက်ဆိုင်နေကြောင်းသိရပါတယ်။
အာဆင်နယ်နည်းပြအာတီတာဟာအဝေးကွင်းအဝတ်အစားလဲခန်းကိုလည်းအိမ်ကွင်းအဝတ်အစားလဲခန်းကဲ့သို့ခံစားရစေရန်အတွက် ၎င်းတို့ရဲ့နာရီကိုယူဆောင်လာစေတဲ့အပြင် အသင်းလိုဂိုကိုကပ်ခြင်း၊အသင်းလိုက်ဓာတ်ပုံကိုကပ်ခြင်းတို့ပြုလုပ်ကာကစားသမားများရဲ့စိတ်ခံစားချက်ကိုပြောင်းလဲပေးနေတာလည်းဖြစ်ပါတယ်။
အာဆင်နယ်နည်းပြအာတီတာဟာအထက်ပါဗျူဟာကိုအသုံးပြုလာတာဘယ်လောက်ကြာမြင့်လာပြီဆိုတာကိုတော့မသိရသေးပါဘူး။
အာဆင်နယ်ဟာယခုရာသီတွင်အဝေးကွင်း၁၄ပွဲကစားထားရာတွင်၁၁ပွဲအထိအနိုင်ရရှိထားမှုကတော့ယင်းလုပ်ဆောင်ရဲ့အကျိုးဆက်ဖြစ်ကောင်းဖြစ်လာဖို့ရှိနေပါတယ်။
အာဆင်နယ်ဟာပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်အရေးပါတဲ့ပွဲစဉ်များအဖြစ်ဧပြီလနှောင်းပိုင်းတွင်မန်စီးတီးနှင့်ရင်ဆိုင်ရမှာဖြစ်သလိုယင်းလတွင်ပင်အန်ဖီးလ်သို့သွားရောက်ကာအာဆင်နယ်နှင့်ရင်ဆိုင်ရပါမယ်။
ZawGyi
ဖူလ္ဟမ္ကို အႏိုင္ရတဲ့ပြဲအၿပီးတြင္ ႀကီးမားတဲ့ နာရီႏွင့္အတူ အာဆင္နယ္အသင္း ဘာေၾကာင့္ ေအာင္ပြဲခံခဲ့သလဲ?
အာဆင္နယ္အသင္းသားတို႔ဟာၿပီးခဲ့တဲ့အပတ္တုန္းက ဖူလ္ဟမ္ကိုအေဝးကြင္းမွာ၃-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္အဝတ္အစားလဲခန္းအတြင္းမွာႀကီးမားတဲ့နာရီႏွင့္အတူအတူဓာတ္ပုံ႐ိုက္ကူးခဲ့ၾကပါတယ္။ယခုအခါမွာေတာ့ယင္းသို႔ႀကီးမားတဲ့နာရီႏွင့္အတူဓာတ္ပုံ႐ိုက္ကူးေအာင္ပြဲခံမႈရဲ႕ေနာက္ကြယ္ကအေၾကာင္းရင္းကိုသိခြင့္ရရွိလာၿပီျဖစ္ပါတယ္။
အာဆင္နယ္ဟာ Craven Cottage တြင္ထ႐ိုဆတ္ရဲ႕ဖန္တီးမႈ၃ႀကိမ္မွရရွိတဲ့ဂိုး၃ဂိုးျဖင့္၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
ပြဲအၿပီးတြင္အာဆင္နယ္ကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားဟာအဝတ္အစားလဲခန္းအတြင္းတြင္ႀကီးမားတဲ့နာရီႏွင့္အတူဓာတ္ပုံ႐ိုက္ကူးခဲ့ၾကပါတယ္။
ယင္းနာရီမွာအမ္းမရိတ္ကြင္းမွ Clock End ပြဲၾကည့္စင္မွ နာရီရဲ႕ပုံတူျဖစ္ပါတယ္။ယင္းနာရီကယခင္ကြင္းေဟာင္းဟိုက္ဘူရီကြင္းရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး၂၀၁၀ခုႏွစ္တုန္းကကြင္းသစ္တြင္တပ္ဆင္ထားခဲ့တာျဖစ္ပါတယ္။
The Mail ရဲ႕ေဖာ္ျပခ်က္အရအာဆင္နယ္ဟာယင္းနာရီကိုအေဝးကြင္းသို႔ယူေဆာင္ရျခင္းမွာစိတ္ပိုင္းဆိုင္ရာဗ်ဴဟာႏွင့္သက္ဆိုင္ေနေၾကာင္းသိရပါတယ္။
အာဆင္နယ္နည္းျပအာတီတာဟာအေဝးကြင္းအဝတ္အစားလဲခန္းကိုလည္းအိမ္ကြင္းအဝတ္အစားလဲခန္းကဲ့သို႔ခံစားရေစရန္အတြက္ ၎တို႔ရဲ႕နာရီကိုယူေဆာင္လာေစတဲ့အျပင္ အသင္းလိုဂိုကိုကပ္ျခင္း၊အသင္းလိုက္ဓာတ္ပုံကိုကပ္ျခင္းတို႔ျပဳလုပ္ကာကစားသမားမ်ားရဲ႕စိတ္ခံစားခ်က္ကိုေျပာင္းလဲေပးေနတာလည္းျဖစ္ပါတယ္။
အာဆင္နယ္နည္းျပအာတီတာဟာအထက္ပါဗ်ဴဟာကိုအသုံးျပဳလာတာဘယ္ေလာက္ၾကာျမင့္လာၿပီဆိုတာကိုေတာ့မသိရေသးပါဘူး။
အာဆင္နယ္ဟာယခုရာသီတြင္အေဝးကြင္း၁၄ပြဲကစားထားရာတြင္၁၁ပြဲအထိအႏိုင္ရရွိထားမႈကေတာ့ယင္းလုပ္ေဆာင္ရဲ႕အက်ိဳးဆက္ျဖစ္ေကာင္းျဖစ္လာဖို႔ရွိေနပါတယ္။
အာဆင္နယ္ဟာပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္အေရးပါတဲ့ပြဲစဥ္မ်ားအျဖစ္ဧၿပီလေႏွာင္းပိုင္းတြင္မန္စီးတီးႏွင့္ရင္ဆိုင္ရမွာျဖစ္သလိုယင္းလတြင္ပင္အန္ဖီးလ္သို႔သြားေရာက္ကာအာဆင္နယ္ႏွင့္ရင္ဆိုင္ရပါမယ္။