ဖူလ်ဟမ်နှင့်ပွဲကို လာကြည့်တဲ့ပရိသတ်များကို မတိုက်ခိုက်ရန် သပိတ်မှောက်သူများကို မန်ယူပရိသတ်တောင်းဆို

မန်ယူရဲ့အကြီးမားဆုံးပရိသတ်အုပ်စုကဆန္ဒပြသပိတ်မှောက်တဲ့ပရိသတ်များအနေဖြင့်ဖူလ်ဟမ်နှင့်ပွဲကိုလာကြည့်တဲ့ကိုယ့်အသင်းပရိသတ်များအားမတိုက်ခိုက်ရန်တောင်းဆိုလိုက်ပါတယ်။

ယနေ့ညတွင်အိုးထရက်ဖို့ဒ်တွင်ဖူလ်ဟမ်နှင့်ကစားရမယ့်ပွဲစဉ်အားပရိသတ်၁၀၀၀၀ဝင်ကြည့်ခွင့်ရရှိထားပါတယ်။မန်ယူ-ဖူလ်ဟမ်ပွဲမှာလော့ဒေါင်းနောက်ပိုင်းတွင်ပရိသတ်များဝင်ရောက်ကြည့်ခွင့်ရရှိတဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲဖြစ်လာပါမယ်။

ဒါပေမယ့်ပွဲကိုကြည့်ရှုခြင်းမရှိတဲ့အခြားထောင်ပေါင်းများစွာသောမန်ယူပရိသတ်များဟာလည်းအိုးထရက်ဖို့ဒ်ကွင်းသို့လာရောက်ကာအသင်းပိုင်ရှင်ဂလေဇာမိသားစုအားသပိတ်မှောက်ဆန္ဒပြသွားဖို့ရှိနေပါတယ်။

မန်ယူပရိသတ်အချို့တို့ကမန်ယူပွဲကိုကြည့်ရန်လက်မှတ်ဝယ်ယူခြင်း၊အမှတ်တရပစ္စည်းဝယ်ယူခြင်းမပြုလုပ်ကာအသင်းပိုင်ရှင်ကိုဆန့်ကျင်သင့်တယ်လို့ယုံကြည်ကြပါတယ်။

ဒါကြောင့် Manchester United Supporters Trust ကဆန္ဒပြပရိသတ်များအနေဖြင့်ပွဲကြည့်ရန်ဆုံးဖြတ်ထားတဲ့ပရိသတ်များရဲ့ဆုံးဖြတ်ချက်ကိုလေးစားရမှာဖြစ်ကြောင်း၊တိုက်ခိုက်မှု၊ရန်လိုမှုများမလုပ်သင့်ကြောင်းကြေညာသွားပါတယ်။

မန်ယူပရိသတ်များကဂျာမနီတွင်ကဲ့သို့မန်ယူအသင်းရဲ့၅၁ ရာခိုင်နှုန်းကိုပရိသတ်များကပိုင်ဆိုင်သင့်တယ်လို့ယုံကြည်နေကြပါတယ်။

ZawGyi

ဖူလ္ဟမ္ႏွင့္ပြဲကို လာၾကည့္ပရိသတ္မ်ားကို မတိုက္ခိုက္ရန္ သပိတ္ေမွာက္သူမ်ားကို မန္ယူပရိသတ္ေတာင္းဆို

မန္ယူရဲ႕အႀကီးမားဆုံးပရိသတ္အုပ္စုကဆႏၵျပသပိတ္ေမွာက္တဲ့ပရိသတ္မ်ားအေနျဖင့္ဖူလ္ဟမ္ႏွင့္ပြဲကိုလာၾကည့္တဲ့ကိုယ့္အသင္းပရိသတ္မ်ားအားမတိုက္ခိုက္ရန္ေတာင္းဆိုလိုက္ပါတယ္။

ယေန႔ညတြင္အိုးထရက္ဖို႔ဒ္တြင္ဖူလ္ဟမ္ႏွင့္ကစားရမယ့္ပြဲစဥ္အားပရိသတ္၁၀၀၀၀ဝင္ၾကည့္ခြင့္ရရွိထားပါတယ္။မန္ယူ-ဖူလ္ဟမ္ပြဲမွာေလာ့ေဒါင္းေနာက္ပိုင္းတြင္ပရိသတ္မ်ားဝင္ေရာက္ၾကည့္ခြင့္ရရွိတဲ့ပထမဆုံးပရီးမီးယားလိဂ္ပြဲျဖစ္လာပါမယ္။

ဒါေပမယ့္ပြဲကိုၾကည့္ရႈျခင္းမရွိတဲ့အျခားေထာင္ေပါင္းမ်ားစြာေသာမန္ယူပရိသတ္မ်ားဟာလည္းအိုးထရက္ဖို႔ဒ္ကြင္းသို႔လာေရာက္ကာအသင္းပိုင္ရွင္ဂေလဇာမိသားစုအားသပိတ္ေမွာက္ဆႏၵျပသြားဖို႔ရွိေနပါတယ္။

မန္ယူပရိသတ္အခ်ိဳ႕တို႔ကမန္ယူပြဲကိုၾကည့္ရန္လက္မွတ္ဝယ္ယူျခင္း၊အမွတ္တရပစၥည္းဝယ္ယူျခင္းမျပဳလုပ္ကာအသင္းပိုင္ရွင္ကိုဆန႔္က်င္သင့္တယ္လို႔ယုံၾကည္ၾကပါတယ္။

ဒါေၾကာင့္ Manchester United Supporters Trust ကဆႏၵျပပရိသတ္မ်ားအေနျဖင့္ပြဲၾကည့္ရန္ဆုံးျဖတ္ထားတဲ့ပရိသတ္မ်ားရဲ႕ဆုံးျဖတ္ခ်က္ကိုေလးစားရမွာျဖစ္ေၾကာင္း၊တိုက္ခိုက္မႈ၊ရန္လိုမႈမ်ားမလုပ္သင့္ေၾကာင္းေၾကညာသြားပါတယ္။

မန္ယူပရိသတ္မ်ားကဂ်ာမနီတြင္ကဲ့သို႔မန္ယူအသင္းရဲ႕၅၁ ရာခိုင္ႏႈန္းကိုပရိသတ္မ်ားကပိုင္ဆိုင္သင့္တယ္လို႔ယုံၾကည္ေနၾကပါတယ္။