ဖူလ်ဟမ်နှင့်ပွဲတွင် တုန်လှုပ်စရာဖျက်ထုတ်မှုပြုလုပ်ခဲ့ပေမဲ့ အနီကတ်ပြထုတ်ပယ်မခံခဲ့ရတဲ့ ဆန်ဟောင်မင်း

စပါးစ်စတားဆန်ဟောင်မင်းဟာမနေ့ညတုန်းကဖူလ်ဟမ်ကိုအနိုင်ရရှိတဲ့ပွဲစဉ်တွင်ဖူလ်ဟမ်ရဲ့ကန်နီတီတီကိုကြမ်းတမ်းစွာဖျက်ထုတ်ကစားခဲ့ပေမဲ့လည်းကံကောင်းထောက်မစွာအနီကတ်ပြထုတ်ပယ်ခြင်းမခံခဲ့ရပါဘူး။

မနေ့ညတုန်းက Craven Cottage တွင်ဖူလ်ဟမ်ကိုစပါးစ်က၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်စပါးစ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုဟယ်ရီကိန်းကသွင်းယူခဲ့ပါတယ်။ဟယ်ရီကိန်းဟာယင်းဂိုးကြောင့်ဂျမ်မီဂရေ့ဗ်ရဲ့စပါးစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်(၂၆၆ဂိုး)ကိုလိုက်မီသွားခဲ့ပါတယ်။

ဒါပေမဲ့စပါးစ်ဟာဖူလ်ဟမ်နှင့်ပွဲစဉ်တွင်ဆန်ဟောင်မင်းအထုတ်ခံရကာတစ်ယောက်အလျှော့ကစားရနိုင်တဲ့အနေအထားမျိုးမှာရှိနေခဲ့ပါတယ်။

ဆန်ဟောင်မင်းဟာပွဲချိန်၂၈မိနစ်တွင်ဖူလ်ဟမ်နောက်ခံလူတီတီကို၅၀/၅၀အနေအထားမျိုးမှာခြေကျင်းဝတ်ကိုတက်နင်းဖျတ်ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဖူလ်ဟမ်ကစားသမားများဟာဒိင်လူကြီးကိုအနီကတ်ပြသရန်ဝိုင်းဝန်းစောဒကတက်ခဲ့ကြပေမဲ့ ဆန်ဟောင်မင်းမှာအဝါကတ်သာပြသခြင်းခံခဲ့ရပါတယ်။

VAR ကယင်းဖြစ်ရပ်ကိုစစ်ဆေးမှုပြုလုပ်ကာဒိုင်လူကြီးရဲ့ယခင်ဆုံးဖြတ်ချက်ကိုလက်ခံခဲ့ပါတယ်။

ZawGyi

ဖူလ္ဟမ္ႏွင့္ပြဲတြင္ တုန္လႈပ္စရာဖ်က္ထုတ္မႈျပဳလုပ္ခဲ့ေပမဲ့ အနီကတ္ျပထုတ္ပယ္မခံခဲ့ရတဲ့ ဆန္ေဟာင္မင္း

စပါးစ္စတားဆန္ေဟာင္မင္းဟာမေန႔ညတုန္းကဖူလ္ဟမ္ကိုအႏိုင္ရရွိတဲ့ပြဲစဥ္တြင္ဖူလ္ဟမ္ရဲ႕ကန္နီတီတီကိုၾကမ္းတမ္းစြာဖ်က္ထုတ္ကစားခဲ့ေပမဲ့လည္းကံေကာင္းေထာက္မစြာအနီကတ္ျပထုတ္ပယ္ျခင္းမခံခဲ့ရပါဘူး။

မေန႔ညတုန္းက Craven Cottage တြင္ဖူလ္ဟမ္ကိုစပါးစ္က၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္စပါးစ္အတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုဟယ္ရီကိန္းကသြင္းယူခဲ့ပါတယ္။ဟယ္ရီကိန္းဟာယင္းဂိုးေၾကာင့္ဂ်မ္မီဂေရ႕ဗ္ရဲ႕စပါးစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့စံခ်ိန္(၂၆၆ဂိုး)ကိုလိုက္မီသြားခဲ့ပါတယ္။

ဒါေပမဲ့စပါးစ္ဟာဖူလ္ဟမ္ႏွင့္ပြဲစဥ္တြင္ဆန္ေဟာင္မင္းအထုတ္ခံရကာတစ္ေယာက္အေလွ်ာ့ကစားရႏိုင္တဲ့အေနအထားမ်ိဳးမွာရွိေနခဲ့ပါတယ္။

ဆန္ေဟာင္မင္းဟာပြဲခ်ိန္၂၈မိနစ္တြင္ဖူလ္ဟမ္ေနာက္ခံလူတီတီကို၅၀/၅၀အေနအထားမ်ိဳးမွာေျခက်င္းဝတ္ကိုတက္နင္းဖ်တ္ထုတ္ခဲ့တာလည္းျဖစ္ပါတယ္။

ဖူလ္ဟမ္ကစားသမားမ်ားဟာဒိင္လူႀကီးကိုအနီကတ္ျပသရန္ဝိုင္းဝန္းေစာဒကတက္ခဲ့ၾကေပမဲ့ ဆန္ေဟာင္မင္းမွာအဝါကတ္သာျပသျခင္းခံခဲ့ရပါတယ္။

VAR ကယင္းျဖစ္ရပ္ကိုစစ္ေဆးမႈျပဳလုပ္ကာဒိုင္လူႀကီးရဲ႕ယခင္ဆုံးျဖတ္ခ်က္ကိုလက္ခံခဲ့ပါတယ္။