
လီယန်ဒရိုထရိုဆတ်ဟာ Craven Cottage တွင်ဖူလ်ဟမ်ကိုအာဆင်နယ်တို့အနိုင်ရရှိတဲ့ပွဲမှာပရီးမီးယားလိဂ်စံချိန်သစ်ရေးထိုးခဲ့ပါတယ်။
ထရိုဆတ်ဟာဇန်နဝါရီအပြောင်းအရွှေ့တွင်ဘရိုက်တန်မှရောက်လာပြီးနောက် အာဆင်နယ်ကိုပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးဆက်လက်ကူညီပေးနေပါတယ်။
သူဟာမနေ့ညတုန်းက Cottage ပွဲစဉ်တွင်လည်းဆက်လက်ခြေစွမ်းပြခဲ့ပြီးပထမပိုင်းတွင်ဟက်ထရစ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။
Opta ရဲ့ဖော်ပြမှုအရသူဟာပရီးမီးယားလိဂ်သမိုင်းတွင်အဝေးကွင်းပွဲစဉ်မှာပထမပိုင်း၄၅မိနစ်အတွင်းဟက်ထရစ်ဖန်တီးနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာကြောင်းသိရပါတယ်။
ဒါ့အပြင်သူဟာလွန်ခဲ့တဲ့ဆယ်စုနှစ်တုန်းကအာဆင်နယ်စတားဟောင်းဆန်တီကာဇိုလာနောက်ပိုင်းတွင်ပရီးမီးယားလိဂ်တစ်ရာသီတည်းမှာဟက်ထရစ်သွင်းပြီးဟက်ထရစ်ဖန်တီးနိုင်တဲ့ပထမဆုံးကစားသမားလည်းဖြစ်လာပါတယ်။သူဟာအောက်တိုဘာလတုန်းကအန်ဖီးလ်ပွဲစဉ်တွင်ဘရိုက်တန်အတွက်ဟက်ထရစ်သွင်းခဲ့သူလည်းဖြစ်ပါတယ်။
သူဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အာဆင်နယ်သို့ရောက်လာပြီးနောက်၁ဂိုးသွင်းကာ၅ကြိမ်အထိဖန်တီးထားနိုင်ပြီဖြစ်ပါတယ်။
ထရိုဆတ်ဟာမနေ့ညတုန်းကဖူလ်ဟမ်နှင့်ပွဲတွင်ထောင့်ကန်ဘောမှတဆင့်ဂါဘရီရယ်ခေါင်းတိုက်ဂိုးသွင်းနိုင်အောင်ပထမဂိုးအဖြစ်ဖန်တီးခဲ့ပါတယ်။ယင်းနောက်အသက်၂၈နှစ်ရှိဘယ်လ်ဂျီယံစတားဟာဖူလ်ဟမ်မှတီတီကိုကျော်ဖြတ်ပြီးမာတီနယ်လီခေါင်းတိုက်ဂိုးသွင်းနိုင်အောင်ဒုတိယဂိုးအဖြစ်ဖန်တီးခဲ့ပါတယ်။ယင်းနောက်သူဟာပထမပိုင်းပြီးခါနီးမှာဘယ်ခြမ်းမှဖြတ်တင်ဘောပြုလုပ်ပြီးမာတင်အိုဒီဂတ်ဂိုးသွင်းနိုင်အောင်ဖန်တီးခဲ့ပါတယ်။
အာဆင်နယ်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကမိုင်ခေလိုမူဒရစ်ကိုခေါ်ယူရေးကြိုးပမ်းမှုမအောင်မြင်ပြီးနောက်ဘရိုက်တန်မှထရိုဆတ်ကိုခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့သူဟာအာဆင်နယ်သို့ရောက်လာပြီးနောက်ချက်ချင်းပင်ခြေစွမ်းပြကစားနေပါတယ်။
ZawGyi
ဖူလ္ဟမ္ႏွင့္ပြဲတြင္ ပရီးမီးယားလိဂ္စံခ်ိန္သစ္တင္ခဲ့တဲ့ လီယန္ဒ႐ို ထ႐ိုဆတ္
လီယန္ဒ႐ိုထ႐ိုဆတ္ဟာ Craven Cottage တြင္ဖူလ္ဟမ္ကိုအာဆင္နယ္တို႔အႏိုင္ရရွိတဲ့ပြဲမွာပရီးမီးယားလိဂ္စံခ်ိန္သစ္ေရးထိုးခဲ့ပါတယ္။
ထ႐ိုဆတ္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ဘ႐ိုက္တန္မွေရာက္လာၿပီးေနာက္ အာဆင္နယ္ကိုပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရးဆက္လက္ကူညီေပးေနပါတယ္။
သူဟာမေန႔ညတုန္းက Cottage ပြဲစဥ္တြင္လည္းဆက္လက္ေျခစြမ္းျပခဲ့ၿပီးပထမပိုင္းတြင္ဟက္ထရစ္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။
Opta ရဲ႕ေဖာ္ျပမႈအရသူဟာပရီးမီးယားလိဂ္သမိုင္းတြင္အေဝးကြင္းပြဲစဥ္မွာပထမပိုင္း၄၅မိနစ္အတြင္းဟက္ထရစ္ဖန္တီးႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာေၾကာင္းသိရပါတယ္။
ဒါ့အျပင္သူဟာလြန္ခဲ့တဲ့ဆယ္စုႏွစ္တုန္းကအာဆင္နယ္စတားေဟာင္းဆန္တီကာဇိုလာေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္တစ္ရာသီတည္းမွာဟက္ထရစ္သြင္းၿပီးဟက္ထရစ္ဖန္တီးႏိုင္တဲ့ပထမဆုံးကစားသမားလည္းျဖစ္လာပါတယ္။သူဟာေအာက္တိုဘာလတုန္းကအန္ဖီးလ္ပြဲစဥ္တြင္ဘ႐ိုက္တန္အတြက္ဟက္ထရစ္သြင္းခဲ့သူလည္းျဖစ္ပါတယ္။
သူဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အာဆင္နယ္သို႔ေရာက္လာၿပီးေနာက္၁ဂိုးသြင္းကာ၅ႀကိမ္အထိဖန္တီးထားႏိုင္ၿပီျဖစ္ပါတယ္။
ထ႐ိုဆတ္ဟာမေန႔ညတုန္းကဖူလ္ဟမ္ႏွင့္ပြဲတြင္ေထာင့္ကန္ေဘာမွတဆင့္ဂါဘရီရယ္ေခါင္းတိုက္ဂိုးသြင္းႏိုင္ေအာင္ပထမဂိုးအျဖစ္ဖန္တီးခဲ့ပါတယ္။ယင္းေနာက္အသက္၂၈ႏွစ္ရွိဘယ္လ္ဂ်ီယံစတားဟာဖူလ္ဟမ္မွတီတီကိုေက်ာ္ျဖတ္ၿပီးမာတီနယ္လီေခါင္းတိုက္ဂိုးသြင္းႏိုင္ေအာင္ဒုတိယဂိုးအျဖစ္ဖန္တီးခဲ့ပါတယ္။ယင္းေနာက္သူဟာပထမပိုင္းၿပီးခါနီးမွာဘယ္ျခမ္းမွျဖတ္တင္ေဘာျပဳလုပ္ၿပီးမာတင္အိုဒီဂတ္ဂိုးသြင္းႏိုင္ေအာင္ဖန္တီးခဲ့ပါတယ္။
အာဆင္နယ္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကမိုင္ေခလိုမူဒရစ္ကိုေခၚယူေရးႀကိဳးပမ္းမႈမေအာင္ျမင္ၿပီးေနာက္ဘ႐ိုက္တန္မွထ႐ိုဆတ္ကိုေခၚယူခဲ့ရတာျဖစ္ပါတယ္။ဒါေပမဲ့သူဟာအာဆင္နယ္သို႔ေရာက္လာၿပီးေနာက္ခ်က္ခ်င္းပင္ေျခစြမ္းျပကစားေနပါတယ္။