ဖူလ်ဟမ်နှင့်ပွဲ နာကျင်အချိန်တွင် ဟာလန်း အနိုင်ဂိုးသွင်းပြီးနောက် ရယ်စရာကောင်းတဲ့အောင်ပွဲခံမှုပြုလုပ်ခဲ့တဲ့ ဂွါဒီယိုလာ

မနေ့ညတုန်းကဖူလ်ဟမ်နှင့်ပွဲစဉ်ရဲ့နာကျင်အချိန်တွင်အာလင်းဟာလန်းကအနိုင်ဂိုးသွင်းယူလိုက်ပြီးနောက် မန်စီးတီးနည်းပြဂွါဒီယိုလာရဲ့အောင်ပွဲခံမှုကြောင့်ပရိသတ်များပြုံးရယ်ခဲ့ကြရပါတယ်။

အသက်၂၂နှစ်ရှိနော်ဝေတိုက်စစ်မှူးဟာနာကျင်အချိန်တွင်ပင်နယ်တီက မန်စီးတီးတို့၂-၁ဖြင့်အနိုင်ရရှိစေမဲ့အနိုင်ဂိုးကိုသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကစားသမားတို့ အာလင်းဟာလန်းရဲ့အနိုင်ဂိုးကြောင့်အောင်ပွဲခံနေချိန်တွင် ဂွါဒီယိုလာဟာလည်း ကွင်းဘေးတွင်အောင်ပွဲခံခဲ့ပါတယ်။

ဂွါဒီယိုလာဟာယင်းပွဲတွင်စောစောစီးစီးအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရတဲ့ နောက်ခံလူကန်စီလိုနှင့်အချင်းများခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာဟာလန်းကအနိုင်ဂိုးသွင်းလိုက်ချိန်မှာတော့ကင်မရာရှေ့တွင်ရေဗူးကိုင်ပြီးလက်သီးလက်မောင်းတန်းအောင်ပွဲခံခဲ့ပါတယ်။

ဂွါဒီယိုလာဟာပွဲပြီးခရာမှုတ်ပြီးချိန်တွင်သူ့ကို ဗီဒီယိုရိုက်ကူးနေတဲ့ ကင်မရာကိုတွန်းခဲ့တာလည်းတွေ့ရပါတယ်။

ZawGyi

ဖူလ္ဟမ္ႏွင့္ပြဲ နာက်င္အခ်ိန္တြင္ ဟာလန္း အႏိုင္ဂိုးသြင္းၿပီးေနာက္ ရယ္စရာေကာင္းတဲ့ေအာင္ပြဲခံမႈျပဳလုပ္ခဲ့တဲ့ ဂြါဒီယိုလာ

မေန႔ညတုန္းကဖူလ္ဟမ္ႏွင့္ပြဲစဥ္ရဲ႕နာက်င္အခ်ိန္တြင္အာလင္းဟာလန္းကအႏိုင္ဂိုးသြင္းယူလိုက္ၿပီးေနာက္ မန္စီးတီးနည္းျပဂြါဒီယိုလာရဲ႕ေအာင္ပြဲခံမႈေၾကာင့္ပရိသတ္မ်ားၿပဳံးရယ္ခဲ့ၾကရပါတယ္။

အသက္၂၂ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးဟာနာက်င္အခ်ိန္တြင္ပင္နယ္တီက မန္စီးတီးတို႔၂-၁ျဖင့္အႏိုင္ရရွိေစမဲ့အႏိုင္ဂိုးကိုသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးကစားသမားတို႔ အာလင္းဟာလန္းရဲ႕အႏိုင္ဂိုးေၾကာင့္ေအာင္ပြဲခံေနခ်ိန္တြင္ ဂြါဒီယိုလာဟာလည္း ကြင္းေဘးတြင္ေအာင္ပြဲခံခဲ့ပါတယ္။

ဂြါဒီယိုလာဟာယင္းပြဲတြင္ေစာေစာစီးစီးအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရတဲ့ ေနာက္ခံလူကန္စီလိုႏွင့္အခ်င္းမ်ားခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာဟာလန္းကအႏိုင္ဂိုးသြင္းလိုက္ခ်ိန္မွာေတာ့ကင္မရာေရွ႕တြင္ေရဗူးကိုင္ၿပီးလက္သီးလက္ေမာင္းတန္းေအာင္ပြဲခံခဲ့ပါတယ္။

ဂြါဒီယိုလာဟာပြဲၿပီးခရာမႈတ္ၿပီးခ်ိန္တြင္သူ႔ကို ဗီဒီယို႐ိုက္ကူးေနတဲ့ ကင္မရာကိုတြန္းခဲ့တာလည္းေတြ႕ရပါတယ္။