ဖူလ်ဟမ်နှင့်အတူ စိတ်လှုပ်ရှားစရာ ရာသီပိုင်ဆိုင်ထားတဲ့ မာကိုဆေးလ်ဗားကို ကွန်တီနေရာတွင် အစားထိုးရန် စပါးစ်ပစ်မှတ်ထား

စပါးစ်ဟာအန်တိုနီယိုကွန်တီရဲ့နေရာတွင်ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗားနှင့်အစားထိုးရန်ပစ်မှတ်ထားနေကြောင်းသိရပါတယ်။

ကွန်တီဟာယခုရာသီအကုန်တွင်စပါးစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးအနာဂတ်မရေမရာဖြစ်နေပါတယ်။

အသက်၅၃နှစ်ရှိကွန်တီကရာသီကုန်တဲ့အချိန်တွင်မှမြောက်လန်ဒန်တွင်ဆက်ရှိနေရေးနှင့်ပတ်သက်ပြီးဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်းဖွင့်ဟထားပါတယ်။

ယင်းသို့အခြေအနေကြောင့်ကွန်တီဟာရာသီအကုန်တွင်စပါးစ်မှထွက်ခွာလိမ့်မယ်လို့အားလံးကယူဆနေပါတယ်။စပါးစ်ဟာကွန်တီထွက်ခွာလျှင်လစ်လပ်လာမဲ့နည်းပြရာထူးနေရာမှာမာကိုဆေးလ်ဗားကိုခန့်အပ်ရန်ပစ်မှတ်ထားနေပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာပြီးခဲ့တဲ့နှစ်မေလတုန်းကဖူလ်ဟမ်ကိုပရီးမီးယားလိဂ်သို့တိုက်ရိုက်တန်းတက်နိုင်အောင်စွမ်းဆောင်ထားနိုင်တဲ့အပြင်ယူရိုပါလိဂ်ဝင်ခွင့်နေရာအတွက်တိုက်ပွဲဝင်နိုင်အောင်ဦးဆောင်ပေးထားနိုင်ပါတယ်။

မာကိုဆေးလ်ဗားရဲ့ဖူလ်ဟမ်နှင့်စာချုပ်သက်တမ်းမှာ၂၀၂၄ခုနှစ်တွင်ကုန်ဆုံးမှာဖြစ်ပြီး၂၀၁၉ခုနှစ်၊ဒီဇင်ဘာလတုန်းကအဲဗာတန်မှထုတ်ပယ်ခြင်းခံရပြီးနောက်အလားအလာကောင်းတဲ့နည်းပြအဖြစ်ပြန်လည်နလန်ထူလာခဲ့သူလည်းဖြစ်ပါတယ်။

စပါးစ်ဟာမာကိုဆေးလ်ဗားအပြင်ချဲလ်ဆီးနည်းပြဟောင်းသောမတ်စ်တူချယ်၊စပိန်နှင့်ဘာစီလိုနာနည်းပြဟောင်းလူးဝစ်အန်းနရစ်၊နည်းပြဟောင်းပိုချက်တီနိုတို့ကိုလည်းပစ်မှတ်ထားနေပါတယ်။

ဒါပေမဲ့စပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်းဟာငွေကြေးများစွာသုံးစွဲခြင်းမရှိဘဲအသင်းကိုပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းဖြစ်အောင်ဖူလ်ဟမ်ကိုတည်ဆောက်ထားနိုင်တဲ့ဆေးလ်ဗားရဲ့လုပ်ရပ်ကိုင်ရည်ကိုပိုမိုသဘောကျနေပါတယ်။

တဖက်တွင်စပါးစ်ဟာဟယ်ရီကိန်းရဲ့အနာဂတ်မည်သို့ဖြစ်လာမည်ကိုမသိရသေးပါဘူး။ဟယ်ရီကိန်းဟာစပါးစ်နှင့်စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့သူဖြစ်ပြီး နွေရာသီတွင် ဆုဖလားများဆွတ်ခူးနိုင်မဲ့အသင်းတစ်သင်းသို့ပြောင်းရန်အလေးအနက်ထားစဉ်းစားနေပါတယ်။

ZawGyi

ဖူလ္ဟမ္ႏွင့္အတူ စိတ္လႈပ္ရွားစရာ ရာသီပိုင္ဆိုင္ထားတဲ့ မာကိုေဆးလ္ဗားကို ကြန္တီေနရာတြင္ အစားထိုးရန္ စပါးစ္ပစ္မွတ္ထား

စပါးစ္ဟာအန္တိုနီယိုကြန္တီရဲ႕ေနရာတြင္ဖူလ္ဟမ္နည္းျပမာကိုေဆးလ္ဗားႏွင့္အစားထိုးရန္ပစ္မွတ္ထားေနေၾကာင္းသိရပါတယ္။

ကြန္တီဟာယခုရာသီအကုန္တြင္စပါးစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးအနာဂတ္မေရမရာျဖစ္ေနပါတယ္။

အသက္၅၃ႏွစ္ရွိကြန္တီကရာသီကုန္တဲ့အခ်ိန္တြင္မွေျမာက္လန္ဒန္တြင္ဆက္ရွိေနေရးႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းဖြင့္ဟထားပါတယ္။

ယင္းသို႔အေျခအေနေၾကာင့္ကြန္တီဟာရာသီအကုန္တြင္စပါးစ္မွထြက္ခြာလိမ့္မယ္လို႔အားလံးကယူဆေနပါတယ္။စပါးစ္ဟာကြန္တီထြက္ခြာလွ်င္လစ္လပ္လာမဲ့နည္းျပရာထူးေနရာမွာမာကိုေဆးလ္ဗားကိုခန႔္အပ္ရန္ပစ္မွတ္ထားေနပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဟာၿပီးခဲ့တဲ့ႏွစ္ေမလတုန္းကဖူလ္ဟမ္ကိုပရီးမီးယားလိဂ္သို႔တိုက္႐ိုက္တန္းတက္ႏိုင္ေအာင္စြမ္းေဆာင္ထားႏိုင္တဲ့အျပင္ယူ႐ိုပါလိဂ္ဝင္ခြင့္ေနရာအတြက္တိုက္ပြဲဝင္ႏိုင္ေအာင္ဦးေဆာင္ေပးထားႏိုင္ပါတယ္။

မာကိုေဆးလ္ဗားရဲ႕ဖူလ္ဟမ္ႏွင့္စာခ်ဳပ္သက္တမ္းမွာ၂၀၂၄ခုႏွစ္တြင္ကုန္ဆုံးမွာျဖစ္ၿပီး၂၀၁၉ခုႏွစ္၊ဒီဇင္ဘာလတုန္းကအဲဗာတန္မွထုတ္ပယ္ျခင္းခံရၿပီးေနာက္အလားအလာေကာင္းတဲ့နည္းျပအျဖစ္ျပန္လည္နလန္ထူလာခဲ့သူလည္းျဖစ္ပါတယ္။

စပါးစ္ဟာမာကိုေဆးလ္ဗားအျပင္ခ်ဲလ္ဆီးနည္းျပေဟာင္းေသာမတ္စ္တူခ်ယ္၊စပိန္ႏွင့္ဘာစီလိုနာနည္းျပေဟာင္းလူးဝစ္အန္းနရစ္၊နည္းျပေဟာင္းပိုခ်က္တီႏိုတို႔ကိုလည္းပစ္မွတ္ထားေနပါတယ္။

ဒါေပမဲ့စပါးစ္ဥကၠဌဒါနီရယ္လီဗိုင္းဟာေငြေၾကးမ်ားစြာသုံးစြဲျခင္းမရွိဘဲအသင္းကိုၿပိဳင္ဆိုင္မႈျပင္းထန္တဲ့အသင္းျဖစ္ေအာင္ဖူလ္ဟမ္ကိုတည္ေဆာက္ထားႏိုင္တဲ့ေဆးလ္ဗားရဲ႕လုပ္ရပ္ကိုင္ရည္ကိုပိုမိုသေဘာက်ေနပါတယ္။

တဖက္တြင္စပါးစ္ဟာဟယ္ရီကိန္းရဲ႕အနာဂတ္မည္သို႔ျဖစ္လာမည္ကိုမသိရေသးပါဘူး။ဟယ္ရီကိန္းဟာစပါးစ္ႏွင့္စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာက်န္ေတာ့သူျဖစ္ၿပီး ေႏြရာသီတြင္ ဆုဖလားမ်ားဆြတ္ခူးႏိုင္မဲ့အသင္းတစ္သင္းသို႔ေျပာင္းရန္အေလးအနက္ထားစဥ္းစားေနပါတယ္။