ဖူလ်ဟမ်နှင့်အဝေးကွင်းပွဲအတွက် ယူနိုက်တက်လူစာရင်းတွင် ခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်

ခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့ညတွင်ဖူလ်ဟမ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ယူနိုက်တက်လူစာရင်းတွင်ပါဝင်လာခြင်းမရှိကြောင်းဗြိတိန်မီဒီယာများရဲ့ဖော်ပြချက်အရသိရပါတယ်။

ယူနိုက်တက်ဟာစနေနေ့တုန်းကလန်ဒန်သို့ခရီးထွက်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ကစားသမားများထဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုပါဝင်ခြင်းမရှိကြောင်းသိရပါတယ်။

ပေါ်တူဂီစူပါစတားဟာနေမကောင်းဖြစ်နေမှုကြောင့်ကြားရက်တုန်းကဗီလာကိုအနိုင်ရရှိတဲ့ခါရာဘောင်ဖလားပွဲစဉ်ကိုလည်းလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

ယင်းပွဲအပြီးတွင်ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကခရစ္စတီယာနိုရော်နယ်ဒိုမှာဖူလ်ဟမ်နှင့်ပွဲစဉ်တွင်ပါဝင်လာနိုင်ဖွယ်မရှိကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်ယူနိုက်တက်အတွက်ပရီးမီးယားလိဂ်ပွဲ၄ပွဲတည်းသာပွဲထွက်ကစားခွင့်ရရှိထားသူဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်မှုနှင့်အတူ ဖူလ်ဟမ်နှင့်ပွဲစဉ်တွင်အန်တိုနီမာရှယ်ကိုတိုက်စစ်မှာအသုံးပြုလာဖို့ရှိပါတယ်။

ZawGyi

ဖူလ္ဟမ္ႏွင့္အေဝးကြင္းပြဲအတြက္ ယူႏိုက္တက္လူစာရင္းတြင္ ခရစၥတီယာႏိုေရာ္နယ္ဒိုမပါဝင္

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယေန႔ညတြင္ဖူလ္ဟမ္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ယူႏိုက္တက္လူစာရင္းတြင္ပါဝင္လာျခင္းမရွိေၾကာင္းၿဗိတိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

ယူႏိုက္တက္ဟာစေနေန႔တုန္းကလန္ဒန္သို႔ခရီးထြက္ခဲ့တာျဖစ္ၿပီး ယူႏိုက္တက္ကစားသမားမ်ားထဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုပါဝင္ျခင္းမရွိေၾကာင္းသိရပါတယ္။

ေပၚတူဂီစူပါစတားဟာေနမေကာင္းျဖစ္ေနမႈေၾကာင့္ၾကားရက္တုန္းကဗီလာကိုအႏိုင္ရရွိတဲ့ခါရာေဘာင္ဖလားပြဲစဥ္ကိုလည္းလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။

ယင္းပြဲအၿပီးတြင္ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ကခရစၥတီယာႏိုေရာ္နယ္ဒိုမွာဖူလ္ဟမ္ႏွင့္ပြဲစဥ္တြင္ပါဝင္လာႏိုင္ဖြယ္မရွိေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီတြင္ယူႏိုက္တက္အတြက္ပရီးမီးယားလိဂ္ပြဲ၄ပြဲတည္းသာပြဲထြက္ကစားခြင့္ရရွိထားသူျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုမပါဝင္မႈႏွင့္အတူ ဖူလ္ဟမ္ႏွင့္ပြဲစဥ္တြင္အန္တိုနီမာရွယ္ကိုတိုက္စစ္မွာအသုံးျပဳလာဖို႔ရွိပါတယ္။