ဖူလ်ဟမ်ပွဲကစားရန် နာရီအနည်းငယ်အလိုတွင်မှ ရွှေ့ဆိုင်းလိုက်သည့် ပရီးမီးယားလိဂ်ကို မော်ရင်ဟို တိုက်ခိုက်

စပါးစ်နည်းပြမော်ရင်ဟိုဟာမနေ့ညတုန်းကဖူလ်ဟမ်နှင့်ပွဲစဉ်အားကစားရန်၃နာရီအလိုတွင်မှရွှေ့ဆိုင်းလိုက်မှုအ ပေါ်မပျော်မရွှင်ဖြစ်နေပါတယ်။

စပါးစ်-ဖူလ်ဟမ်ပွဲစဉ်မှာယခုရာသီတွင်ကိုဗစ်ကြောင့်တတိယမြောက်ရွှေ့ဆိုင်းလိုက်ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်လည်း ဖြစ်ပါတယ်။

ဖူလ်ဟမ်ဟာမြောက်လန်ဒန်ကလပ်နှင့်ပွဲမတိုင်မီကိုဗစ်ကူးစက်မှုခံထားရပြီးပရီးမီးယားလိဂ်တာဝန်ရှိသူများကရွှေ့ ဆိုင်းရန်ဆုံးဖြတ်ခဲ့ပါတယ်။ထွက်ပေါ်နေတဲ့သတင်းများအရဖူလ်ဟမ်အသင်းတွင်ကစားသမား၅ဦးအထိကိုဗစ်ကူးစက်ခြင်းခံထားရကြောင်းသိရပါတယ်။

ဒါပေမယ့်မော်ရင်ဟိုဟာဖူလ်ဟမ်နှင့်ပွဲစဉ်အားကစားရန်အချိန်များစွာစောင့်ဆိုင်းရပြီးမရေမရာအခြေအနေအပေါ် မကျေမနပ်ဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးနှင့်မန်ယူနည်းပြဟောင်းဟာပွဲမတိုင်မီကွင်းအတွင်းတွင်ထိုင်နေကြတဲ့စပါးစ်အသင်းသားများကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်အားတင်ကာပရီးမီးယားလိဂ်ကိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ယင်းဗီဒီယိုဖိုင်တွင်မော်ရင်ဟိုက “ညနေ၆နာရီမှာကစားမယ့်ပွဲ။ပွဲကစားဖြစ်မလားအခုထိမသိရသေးပါဘူး။ကမ္ဘာ ပေါ်မှာအကောင်းဆုံးလိဂ်ပါ”ဆိုပြီးပြောကြားထားပါတယ်။

စပါးစ်အသင်းဟာလည်းပွဲကစားရန်အတွက်အစစအရာရာပြင်ဆင်ထားပြီးချိန်တွင်မှပွဲကစားရန်၃နာရီခန့်အလိုတွင် ပွဲကိုရွှေ့ဆိုင်းလိုက်မှုအပေါ်ဒေါသထွက်နေပြီးပရီးမီးယားလိဂ်ထံသို့ဖြေရှင်းချက်တောင်းထားပါတယ်။

ZawGyi







