ဖေဖော်ဝါရီလလယ်ပိုင်းမှ စတင်ကာ ဝတ်စုံတစ်စုံတည်းကိုသာ မပြောင်းဘဲ ဝတ်ဆင်လာခဲ့တဲ့ အာဆင်နယ်နည်းပြအာတီတာ

အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာအာဆင်နယ်အသင်းနိုင်ပွဲဆက်နေစဉ်အတွင်းတူညီတဲ့ဝတ်စုံကိုသာဝတ်ဆင်လာခဲ့ပါတယ်။

အာဆင်နယ်ဟာဒုတိယနေရာမှလက်ရှိချန်ပီယံမန်စီးတီးကိုရမှတ်၅မှတ်အထိဖြတ်ကာပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေပြီး၂၀၀၄ခုနှစ်နောက်ပိုင်းပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ရန်အခြေအနေကောင်းနေပါတယ်။

စပိန်လူမျိုးနည်းပြဟာ၂၀၀၄ခုနှစ်နောက်ပိုင်းပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ရေးအတွက်ဉာဏ်စွမ်းရှိသမျှနည်းဗျူဟာများကိုအသုံးပြုနေပါတယ်။တဖက်တွင်သူဟာကံကောင်းစေရန်အတွက်ကံကောင်းခြင်းဝတ်စုံကိုလည်းဝတ်ဆင်နေပါတယ်။

အာတီတာဟာဖေဖော်ဝါရီလ၁၅ရက်နေ့တုန်းကမန်စီးတီးကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးတဲ့နောက် နောက်ဆုံး၃ပွဲဆက်နိုင်ပွဲရရှိခဲ့ရာမှာတူညီတဲ့အင်္ကျီများ၊ဖိနပ်၊ဘောင်းဘီတို့ကိုသာဝတ်ဆင်လာခဲ့ပါတယ်။

အာတီတာက “ကျွန်တော်ကနည်းလမ်းကျပြီးတသမတ်တည်းသွားတဲ့လူပါ။ကျွန်တော်တို့အနိုင်ရချိန်မှာအဝတ်အစားမလဲချင်ပါဘူး။တူညီတဲ့ Jumpers၊ Trousers နဲ့ဖိနပ်ကိုပဲသုံးတယ်။အရင်တုန်းကလည်းဒီလိုပဲ။ရှုံးရင်တော့တစ်ခုခုကွဲပြားတာကိုပြောင်းပါတယ်။ဒါတွေကကျွန်တော်ချစ်မြတ်နိုးတာတွေကိုလုပ်ခွင့်ပေးတယ်။နေ့စဉ်နေ့တိုင်းကိုယ်လုပ်နေရတာတွေအပေါ်မှာမြတ်နိုးတယ်။သံသယဝင်စရာရှိတယ်၊ဖိအားရှိလာပြီဆိုရင်ကိုယ်ဘာနေသလဲဆိုတာနားလည်အောင်လုပ်တယ်။ဘာလို့ဒီလောက်မကောင်းရတာလဲလို့အဖြေရှာတယ်”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်ပွဲ၂၅ပွဲကစားပြီးချိန်တွင်နိုင်ပွဲ၁၉ပွဲရရှိထားပါတယ်။၎င်းတို့ဟာယနေ့ညတွင်အမ်းမရိတ်ကွင်းမှာဘုန်းမောက်ကိုဧည့်ခံကစားရပါမယ်။

ZawGyi

ေဖေဖာ္ဝါရီလလယ္ပိုင္းမွ စတင္ကာ ဝတ္စုံတစ္စုံတည္းကိုသာ မေျပာင္းဘဲ ဝတ္ဆင္လာခဲ့တဲ့ အာဆင္နယ္နည္းျပအာတီတာ

အာဆင္နယ္နည္းျပမီေခးလ္အာတီတာဟာအာဆင္နယ္အသင္းႏိုင္ပြဲဆက္ေနစဥ္အတြင္းတူညီတဲ့ဝတ္စုံကိုသာဝတ္ဆင္လာခဲ့ပါတယ္။

အာဆင္နယ္ဟာဒုတိယေနရာမွလက္ရွိခ်န္ပီယံမန္စီးတီးကိုရမွတ္၅မွတ္အထိျဖတ္ကာပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုဦးေဆာင္ေနၿပီး၂၀၀၄ခုႏွစ္ေနာက္ပိုင္းပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ရန္အေျခအေနေကာင္းေနပါတယ္။

စပိန္လူမ်ိဳးနည္းျပဟာ၂၀၀၄ခုႏွစ္ေနာက္ပိုင္းပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေရးအတြက္ဉာဏ္စြမ္းရွိသမွ်နည္းဗ်ဴဟာမ်ားကိုအသုံးျပဳေနပါတယ္။တဖက္တြင္သူဟာကံေကာင္းေစရန္အတြက္ကံေကာင္းျခင္းဝတ္စုံကိုလည္းဝတ္ဆင္ေနပါတယ္။

အာတီတာဟာေဖေဖာ္ဝါရီလ၁၅ရက္ေန႔တုန္းကမန္စီးတီးကို၃-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးတဲ့ေနာက္ ေနာက္ဆုံး၃ပြဲဆက္ႏိုင္ပြဲရရွိခဲ့ရာမွာတူညီတဲ့အက်ႌမ်ား၊ဖိနပ္၊ေဘာင္းဘီတို႔ကိုသာဝတ္ဆင္လာခဲ့ပါတယ္။

အာတီတာက “ကြၽန္ေတာ္ကနည္းလမ္းက်ၿပီးတသမတ္တည္းသြားတဲ့လူပါ။ကြၽန္ေတာ္တို႔အႏိုင္ရခ်ိန္မွာအဝတ္အစားမလဲခ်င္ပါဘူး။တူညီတဲ့ Jumpers၊ Trousers နဲ႔ဖိနပ္ကိုပဲသုံးတယ္။အရင္တုန္းကလည္းဒီလိုပဲ။ရႈံးရင္ေတာ့တစ္ခုခုကြဲျပားတာကိုေျပာင္းပါတယ္။ဒါေတြကကြၽန္ေတာ္ခ်စ္ျမတ္ႏိုးတာေတြကိုလုပ္ခြင့္ေပးတယ္။ေန႔စဥ္ေန႔တိုင္းကိုယ္လုပ္ေနရတာေတြအေပၚမွာျမတ္ႏိုးတယ္။သံသယဝင္စရာရွိတယ္၊ဖိအားရွိလာၿပီဆိုရင္ကိုယ္ဘာေနသလဲဆိုတာနားလည္ေအာင္လုပ္တယ္။ဘာလို႔ဒီေလာက္မေကာင္းရတာလဲလို႔အေျဖရွာတယ္”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္ပြဲ၂၅ပြဲကစားၿပီးခ်ိန္တြင္ႏိုင္ပြဲ၁၉ပြဲရရွိထားပါတယ္။၎တို႔ဟာယေန႔ညတြင္အမ္းမရိတ္ကြင္းမွာဘုန္းေမာက္ကိုဧည့္ခံကစားရပါမယ္။