ဖေဖော်ဝါရီလ တစ်လလုံးတွင် တစ်ဂိုးတည်းသာ ရမှုနဲ့အတူ ဝက်စ်ဟမ်းနှင့်ပွဲမှ ဂျာအိုဖီးလစ်ရဲ့ဂိုးက ချဲလ်ဆီးတစ်လတာအကောင်းဆုံးဂိုးဆု ရရှိလာမည်

ချဲလ်ဆီးရဲ့ဖေဖော်ဝါရီလအတွင်းတစ်လတာအကောင်းဆုံးဂိုးဆုမှာပြိုင်ဘက်မရှိဘဲဂျာအိုဖီးလစ်ကဆွတ်ခူးလာတော့မှာဖြစ်ပါတယ်။ပေါ်တူဂီစတားဟာဖေဖော်ဝါရီလအတွင်းတွင်ချဲလ်ဆီးအသင်းရရှိခဲ့တဲ့တစ်လုံးတည်းသောဂိုးကိုသွင်းခဲ့သူလည်းဖြစ်ပါတယ်။

ဂရေဟမ်ပေါ်တာရဲ့ချဲလ်ဆီးဟာဖေဖော်ဝါရီလအတွင်းတွင်၃ပွဲဆက်အရှုံးနှင့်ကြုံတွေ့ခဲ့ရပြီးတစ်ဂိုးတည်းသာရရှိခဲ့ပါတယ်။၎င်းတို့ဟာနောက်ဆုံး၁၅ပွဲတွင်၂ပွဲတည်းသာနိုင်ပွဲရရှိတဲ့အထိအခြေအနေဆိုးရွားနေခဲ့ပါတယ်။

ဂရေဟမ်ပေါ်တာဟာရလဒ်ဆိုးရွားမှုနှင့်အတူ ချဲလ်ဆီးနည်းပြရာထူးကိုကယ်တင်ရန်၂ပွဲတည်းသာအခွင့်အရေးရရှိထားတော့ကြောင်းသိရပါတယ်။

ဂရေဟမ်ပေါ်တာဟာလာမယ့်လိဒ်နှင့်ပွဲ၊ဒေါ့မွန်တို့နှင့်ပွဲတို့တွင်ရလဒ်ကောင်းရရှိအောင်ဦးဆောင်နိုင်ခြင်းမရှိပါကရာထူးမှထုတ်ပယ်ခြင်းခံရတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာဖေဖော်ဝါရီလတစ်လလုံးတွင်ဝက်စ်ဟမ်းနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှတစ်ဂိုးတည်းသာရရှိခဲ့ပါတယ်။ဂျာအိုဖီးလစ်ဟာအန်ဇိုဖာနန်ဒက်ဇ်ရဲ့ဖန်တီးမှုကနေချဲလ်ဆီးအတွက်တစ်လုံးတည်းသောဂိုးကိုအပိတ်ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ယင်းဂိုးကဂျာအိုဖီးလစ်ရဲ့ချဲလ်ဆီးအတွက်ပထမဆုံးသွင်းယူတဲ့ဂိုးလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းဂျာအိုဖီးလစ်ရဲ့ဂိုးကဖေဖော်ဝါရီလအတွက်ချဲလ်ဆီးရဲ့တစ်လတာအကောင်းဆုံးဂိုးဆုကိုပြိုင်ဘက်ကင်းရရှိလာတော့မှာဖြစ်ပါတယ်။

ZawGyi

ေဖေဖာ္ဝါရီလ တစ္လလုံးတြင္ တစ္ဂိုးတည္းသာ ရမႈနဲ႔အတူ ဝက္စ္ဟမ္းႏွင့္ပြဲမွ ဂ်ာအိုဖီးလစ္ရဲ႕ဂိုးက ခ်ဲလ္ဆီးတစ္လတာအေကာင္းဆုံးဂိုးဆု ရရွိလာမည္

ခ်ဲလ္ဆီးရဲ႕ေဖေဖာ္ဝါရီလအတြင္းတစ္လတာအေကာင္းဆုံးဂိုးဆုမွာၿပိဳင္ဘက္မရွိဘဲဂ်ာအိုဖီးလစ္ကဆြတ္ခူးလာေတာ့မွာျဖစ္ပါတယ္။ေပၚတူဂီစတားဟာေဖေဖာ္ဝါရီလအတြင္းတြင္ခ်ဲလ္ဆီးအသင္းရရွိခဲ့တဲ့တစ္လုံးတည္းေသာဂိုးကိုသြင္းခဲ့သူလည္းျဖစ္ပါတယ္။

ဂေရဟမ္ေပၚတာရဲ႕ခ်ဲလ္ဆီးဟာေဖေဖာ္ဝါရီလအတြင္းတြင္၃ပြဲဆက္အရႈံးႏွင့္ႀကဳံေတြ႕ခဲ့ရၿပီးတစ္ဂိုးတည္းသာရရွိခဲ့ပါတယ္။၎တို႔ဟာေနာက္ဆုံး၁၅ပြဲတြင္၂ပြဲတည္းသာႏိုင္ပြဲရရွိတဲ့အထိအေျခအေနဆိုး႐ြားေနခဲ့ပါတယ္။

ဂေရဟမ္ေပၚတာဟာရလဒ္ဆိုး႐ြားမႈႏွင့္အတူ ခ်ဲလ္ဆီးနည္းျပရာထူးကိုကယ္တင္ရန္၂ပြဲတည္းသာအခြင့္အေရးရရွိထားေတာ့ေၾကာင္းသိရပါတယ္။

ဂေရဟမ္ေပၚတာဟာလာမယ့္လိဒ္ႏွင့္ပြဲ၊ေဒါ့မြန္တို႔ႏွင့္ပြဲတို႔တြင္ရလဒ္ေကာင္းရရွိေအာင္ဦးေဆာင္ႏိုင္ျခင္းမရွိပါကရာထူးမွထုတ္ပယ္ျခင္းခံရေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာေဖေဖာ္ဝါရီလတစ္လလုံးတြင္ဝက္စ္ဟမ္းႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွတစ္ဂိုးတည္းသာရရွိခဲ့ပါတယ္။ဂ်ာအိုဖီးလစ္ဟာအန္ဇိုဖာနန္ဒက္ဇ္ရဲ႕ဖန္တီးမႈကေနခ်ဲလ္ဆီးအတြက္တစ္လုံးတည္းေသာဂိုးကိုအပိတ္ပိတ္သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။ယင္းဂိုးကဂ်ာအိုဖီးလစ္ရဲ႕ခ်ဲလ္ဆီးအတြက္ပထမဆုံးသြင္းယူတဲ့ဂိုးလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းဂ်ာအိုဖီးလစ္ရဲ႕ဂိုးကေဖေဖာ္ဝါရီလအတြက္ခ်ဲလ္ဆီးရဲ႕တစ္လတာအေကာင္းဆုံးဂိုးဆုကိုၿပိဳင္ဘက္ကင္းရရွိလာေတာ့မွာျဖစ္ပါတယ္။