ဖောက်ကလန်စစ်ပွဲကြောင့် အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပါဝင်ခွင့်ပိတ်ခံခဲ့ရတဲ့ အင်္ဂလိပ်ဒိုင်အန်တိုနီတေလာ

အင်္ဂလိပ်ဒိုင်လူကြီးအန်တိုနီတေလာဟာအာဂျင်တီးနားနှင့်ပြင်သစ်တို့ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ပါဝင်လုပ်ဆောင်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

တနင်္ဂနွေနေ့ညတွင်ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ်မက်ဆီရဲ့အာဂျင်တီးနားနှင့်ကိုင်လီယန်ဘက်ပေးရဲ့ပြင်သစ်တို့ရင်ဆိုင်ကစားကြပါမယ်။

အဆိုပါပွဲစဉ်ကိုကြီးကြပ်ရန်ပိုလန်ဒိုင်လူကြီးဆိုင်မွန်မာစီယာနာကခန့်အပ်ခြင်းခံထားရပါတယ်။

ဒါပေမဲ့ The Times ရဲ့ဖော်ပြချက်အရဖီဖာဟာဖောက်ကလန်ကျွန်းစစ်ပွဲကြောင့်အင်္ဂလိပ်ဒိုင်လူကြီးများအားအာဂျင်တီးနားပွဲများတွင်ပါဝင်ခွင့်ပိတ်ပင်ထားကြောင်းထားကြောင်းသိရပါတယ်။

ယင်းအချက်ကြောင့်အင်္ဂလိပ်ဒိုင်လူကြီးအန်တိုနီတေလာမှာလက်ရှိချန်ပီယံပြင်သစ်နှင့်အာဂျင်တီးနားတို့ရဲ့ဗိုလ်လုပွဲတွင်ပါဝင်ခွင့်မရရှိခဲ့ပါဘူး။

ဖီဖာဟာတကယ်လို့များအန်တိုနီတေလာကိုခန့်အပ်လာပါကပွဲအပြီးတွင်ပြဿနာတက်လာနိုင်တဲ့အနေအထားများရှိနေမှုနှင့်အတူအင်္ဂလိပ်ဒိုင်ကိုခန့်အပ်မှုမှ ရှောင်းရှားလာတာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားကစားသမားများနှင့်ပရိသတ်များဟာခရိုအေးရှားကိုအနိုင်ရတဲ့ခရိုအေးရှားနှင့်ပွဲတွင်ဖောက်ကလန်ကျွန်းနှင့်ဆက်စပ်ပြီးအင်္ဂလိပ်များကိုဆဲဆိုမှုပြုလုပ်သလိုတောင်အမေရိကပြိုင်ဘက်ဘရာဇီးကိုလည်းဆဲဆိုခဲ့ကြပါတယ်။

အာဂျင်တီးနားကစားသမားများဟာခရိုအေးရှားကိုအနိုင်ရပြီးနောက် “ဖောက်ကလန်ကျွန်းမှာအင်္ဂလိပ်တွေကိုအသေဆော်မယ်။ငါဘယ်တော့မမေ့ဘူး”ဆိုပြီးသံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။

zawgyi

ေဖာက္ကလန္စစ္ပြဲေၾကာင့္ အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ ပါဝင္ခြင့္ပိတ္ခံခဲ့ရတဲ့ အဂၤလိပ္ဒိုင္အန္တိုနီေတလာ

အဂၤလိပ္ဒိုင္လူႀကီးအန္တိုနီေတလာဟာအာဂ်င္တီးနားႏွင့္ျပင္သစ္တို႔ရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ပါဝင္လုပ္ေဆာင္ခြင့္ပိတ္ပင္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

တနဂၤေႏြေန႔ညတြင္ကာတာကမာၻ႔ဖလားဗိုလ္လုပြဲအျဖစ္မက္ဆီရဲ႕အာဂ်င္တီးနားႏွင့္ကိုင္လီယန္ဘက္ေပးရဲ႕ျပင္သစ္တို႔ရင္ဆိုင္ကစားၾကပါမယ္။

အဆိုပါပြဲစဥ္ကိုႀကီးၾကပ္ရန္ပိုလန္ဒိုင္လူႀကီးဆိုင္မြန္မာစီယာနာကခန႔္အပ္ျခင္းခံထားရပါတယ္။

ဒါေပမဲ့ The Times ရဲ႕ေဖာ္ျပခ်က္အရဖီဖာဟာေဖာက္ကလန္ကြၽန္းစစ္ပြဲေၾကာင့္အဂၤလိပ္ဒိုင္လူႀကီးမ်ားအားအာဂ်င္တီးနားပြဲမ်ားတြင္ပါဝင္ခြင့္ပိတ္ပင္ထားေၾကာင္းထားေၾကာင္းသိရပါတယ္။

ယင္းအခ်က္ေၾကာင့္အဂၤလိပ္ဒိုင္လူႀကီးအန္တိုနီေတလာမွာလက္ရွိခ်န္ပီယံျပင္သစ္ႏွင့္အာဂ်င္တီးနားတို႔ရဲ႕ဗိုလ္လုပြဲတြင္ပါဝင္ခြင့္မရရွိခဲ့ပါဘူး။

ဖီဖာဟာတကယ္လို႔မ်ားအန္တိုနီေတလာကိုခန႔္အပ္လာပါကပြဲအၿပီးတြင္ျပႆနာတက္လာႏိုင္တဲ့အေနအထားမ်ားရွိေနမႈႏွင့္အတူအဂၤလိပ္ဒိုင္ကိုခန႔္အပ္မႈမွ ေရွာင္းရွားလာတာလည္းျဖစ္ပါတယ္။

အာဂ်င္တီးနားကစားသမားမ်ားႏွင့္ပရိသတ္မ်ားဟာခ႐ိုေအးရွားကိုအႏိုင္ရတဲ့ခ႐ိုေအးရွားႏွင့္ပြဲတြင္ေဖာက္ကလန္ကြၽန္းႏွင့္ဆက္စပ္ၿပီးအဂၤလိပ္မ်ားကိုဆဲဆိုမႈျပဳလုပ္သလိုေတာင္အေမရိကၿပိဳင္ဘက္ဘရာဇီးကိုလည္းဆဲဆိုခဲ့ၾကပါတယ္။

အာဂ်င္တီးနားကစားသမားမ်ားဟာခ႐ိုေအးရွားကိုအႏိုင္ရၿပီးေနာက္ “ေဖာက္ကလန္ကြၽန္းမွာအဂၤလိပ္ေတြကိုအေသေဆာ္မယ္။ငါဘယ္ေတာ့မေမ့ဘူး”ဆိုၿပီးသံၿပိဳင္ေအာ္ဟစ္ခဲ့ၾကပါတယ္။