ဖောက်ထွင်းခံရပြီးနောက်ဒီမာရီယာအိမ်သို့ရောက်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်စစ်ဆေးခြင်းခံနေရ

အိန်ဂျယ်ဒီမာရီယာရဲ့နေအိမ်ဖောက်ထွင်းခြင်းခံရပြီးနောက် အိမ်သို့ရောက်လာကာစစ်ဆေးမှုများပြု လုပ်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာအွန်လိုင်းတွင်ဒုစရိုက်မှုနဲ့ဆိုင်တဲ့ဓာတ်ပုံများတင်ပြီးနောက်စစ်ဆေးမှုများနှင့်ရင်ဆိုင်နေရပါတယ်။

ပီအက်စ်ဂျီစတားရဲ့နေအိမ်ဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကဖောက်ထွင်းခြင်းခံခဲ့ရပါတယ်။ဖောက်ထွင်းခံရချိန်မှာအသက်၃၃နှစ်ရှိဒီမာရီယာဟာနန့်တက်စ်နှင့်ပွဲကိုကစားနေခဲ့ပါတယ်။ပိုချက်တီနိုဟာအိမ်ဖောက်ထွင်းခံရတဲ့သတင်းကိုသိရပြီးနောက်ဒီမာရီယာကိုချက်ချင်းပင်လူစားလဲလှယ်မှုပြုလုပ်ခဲ့ပါတယ်။ဒီမာရီယာဟာကွင်းအတွင်းမှမျက်ရည်များဖြင့်ထွက်ခွာသွားခဲ့ကြောင်းတွေ့ရပါတယ်။

အစောပိုင်းသတင်းများအရဒီမာရီယာရဲ့ဇနီးနှင့်သမီးနှစ်ဦးတို့ဟာနေအိမ်တွင်ဓားစာခံအဖြစ်ဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ယင်းနေ့တွင်ပင်ဒီမာရီယာရဲ့ပီအက်စ်ဂျီကစားဖော်မာကွင်ဟို့စ်ရဲ့မိဘများနေအိမ်လည်းဝင်ရောက်စီးနင်းခြင်းခံခဲ့ရကြောင်းသိရပါတယ်။မာကွင်ဟို့စ်ရဲ့ဖခင်ကိုမျက်နှာ၊ရင်ဘတ်နဲ့နံရိုးတို့အားထိုးကြိတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဒီမာရီယာရဲ့နေအိမ်ဖောက်ထွင်းခံရချိန်တွင်ရောက်ရှိလာကာစစ်ဆေးမှုပြုလုပ်ခဲ့တဲ့ရဲဟာအခင်းဖြစ်ပွားရာကိုရိုက်ကူးထားတဲ့ဓာတ်ပုံများကိုအွန်လိုင်းတွင်တင်လိုက်မှုနဲ့အတူစစ်ဆေးမှုခံနေရတာလည်းဖြစ်ပါတယ်။ယင်းရဲတပ်ဖွဲ့ကအွန်လိုင်းတွင်တင်လိုက်တဲ့ဓာတ်ပုံများတွင်ဒီမာရီယာရဲ့မိသားစုဝင်များရဲ့ဓာတ်ပုံများလည်းပါဝင်ပါတယ်။

ZawGyi

ေဖာက္ထြင္းခံရၿပီးေနာက္ဒီမာရီယာအိမ္သို႔ေရာက္ခဲ့တဲ့ရဲတပ္ဖြဲ႕ဝင္စစ္ေဆးျခင္းခံေနရ

အိန္ဂ်ယ္ဒီမာရီယာရဲ႕ေနအိမ္ေဖာက္ထြင္းျခင္းခံရၿပီးေနာက္ အိမ္သို႔ေရာက္လာကာစစ္ေဆးမႈမ်ားျပဳ လုပ္ခဲ့တဲ့ရဲတပ္ဖြဲ႕ဝင္တစ္ဦးဟာအြန္လိုင္းတြင္ဒုစ႐ိုက္မႈနဲ႔ဆိုင္တဲ့ဓာတ္ပုံမ်ားတင္ၿပီးေနာက္စစ္ေဆးမႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ပီအက္စ္ဂ်ီစတားရဲ႕ေနအိမ္ဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကေဖာက္ထြင္းျခင္းခံခဲ့ရပါတယ္။ေဖာက္ထြင္းခံရခ်ိန္မွာအသက္၃၃ႏွစ္ရွိဒီမာရီယာဟာနန႔္တက္စ္ႏွင့္ပြဲကိုကစားေနခဲ့ပါတယ္။ပိုခ်က္တီႏိုဟာအိမ္ေဖာက္ထြင္းခံရတဲ့သတင္းကိုသိရၿပီးေနာက္ဒီမာရီယာကိုခ်က္ခ်င္းပင္လူစားလဲလွယ္မႈျပဳလုပ္ခဲ့ပါတယ္။ဒီမာရီယာဟာကြင္းအတြင္းမွမ်က္ရည္မ်ားျဖင့္ထြက္ခြာသြားခဲ့ေၾကာင္းေတြ႕ရပါတယ္။

အေစာပိုင္းသတင္းမ်ားအရဒီမာရီယာရဲ႕ဇနီးႏွင့္သမီးႏွစ္ဦးတို႔ဟာေနအိမ္တြင္ဓားစာခံအျဖစ္ဖမ္းဆီးျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

ယင္းေန႔တြင္ပင္ဒီမာရီယာရဲ႕ပီအက္စ္ဂ်ီကစားေဖာ္မာကြင္ဟို႔စ္ရဲ႕မိဘမ်ားေနအိမ္လည္းဝင္ေရာက္စီးနင္းျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။မာကြင္ဟို႔စ္ရဲ႕ဖခင္ကိုမ်က္ႏွာ၊ရင္ဘတ္နဲ႔နံ႐ိုးတို႔အားထိုးႀကိတ္ခံခဲ့ရေၾကာင္း သိရပါတယ္။

ဒီမာရီယာရဲ႕ေနအိမ္ေဖာက္ထြင္းခံရခ်ိန္တြင္ေရာက္ရွိလာကာစစ္ေဆးမႈျပဳလုပ္ခဲ့တဲ့ရဲဟာအခင္းျဖစ္ပြားရာကို႐ိုက္ကူးထားတဲ့ဓာတ္ပုံမ်ားကိုအြန္လိုင္းတြင္တင္လိုက္မႈနဲ႔အတူစစ္ေဆးမႈခံေနရတာလည္းျဖစ္ပါတယ္။ယင္းရဲတပ္ဖြဲ႕ကအြန္လိုင္းတြင္တင္လိုက္တဲ့ဓာတ္ပုံမ်ားတြင္ဒီမာရီယာရဲ႕မိသားစုဝင္မ်ားရဲ႕ဓာတ္ပုံမ်ားလည္းပါဝင္ပါတယ္။