ဖောက်ပြန်မှုများစွာရှိခဲ့လို့သားသမီးဘယ်လောက်ရှိသလဲအတိအကျမသိကြောင်း ပီလီဖွင့်ဟ

ပီလီဟာကမ္ဘာ့ဖလားပွဲ၁၄ပွဲကစားထားရာမှာ၁၂ဂိုးသွင်းခဲ့တဲ့ဂန္ထဝင်ဘောလုံးကစားသမားတစ်ဦးဖြစ်ပါတယ်။ဒါ့အပြင် သူဟာဂိုးပေါင်းတစ်ထောင်ကျော်သွင်းယူထားကာဘောလုံးသမိုင်းတွင်ဂိုးသွင်းအကောင်းဆုံးသူအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

တကယ်တော့ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးဟာကွင်းထဲမှာသာဂိုးသွင်းကောင်းတာမဟုတ်ပါဘူး။သူဟာကွင်းပြင်ပမှာ လည်းဂိုးသွင်းကောင်းတဲ့သူဖြစ်ပါတယ်။

ယခုအခါအသက်၈၀နှစ်အရွယ်ရှိပြီဖြစ်တဲ့ပီလီဟာအောင်မြင်ကျော်ကြားတဲ့ဘောလုံးကစားသမားတစ်ဦးဖြစ်တာနဲ့အညီသူနဲ့အတူအိပ်လိုတဲ့မိန်းမတွေကလည်းအများကြီးရှိခဲ့တဲ့သူပါ။

သုံးကြိမ်တိုင်တိုင်လက်ထပ်ခဲ့ဖူးတဲ့ပီလီဟာဇနီးသည်ရဲ့ကွယ်ရာမှာမိန်းမအချို့တို့နဲ့ဖောက်ပြန်ခဲ့ဖူးပါတယ်။ယင်းသို့ ဖောက်ပြန်မှုကြောင့်လည်းအချို့မှာကိုယ်ဝန်လွယ်ထားရကောင်းလွယ်ခဲ့ရနိုင်ပါတယ်။ယင်းသို့အခြေအနေမျိုးနှင့်အတူပီလီကသူ့မှာသားသမီးအရေအတွက်ဘယ်လောက်ရှိသလဲဆိုတာမသိကြောင်းဝန်ခံပြောကြားလာပါတယ်။

လက်ရှိအချိန်မှာပီလီမှာလူသိရှင်ကြားသားသမီးခုနှစ်ဦးရှိပါတယ်။ဒါပေမယ့်လာမယ့်အပတ်မှာပြသလာမယ့်မှတ်တမ်းရုပ်ရှင်မှာပီလီကသူဟာဖောက်ပြန်မှုအချို့ရှိခဲ့တာနဲ့အညီသားသမီးအရေအတွက်စုစုပေါင်းဘယ်လောက်ရှိနေမယ်ဆိုတာမသိကြောင်းဆိုလာပါတယ်။

ပီလီဟာကစားသမားဘဝတစ်လျှောက်ပွဲပေါင်း၁၃၆၃ပွဲကစားခဲ့ရာမှာ၁၂၈၃ဂိုးသွင်းယူခဲ့သူဖြစ်ပြီးကမ္ဘာ့ဖလားသုံး ကြိမ်ဆွတ်ခူးထားနိုင်တဲ့တစ်ဦးတည်းသောဘောလုံးသမားလည်းဖြစ်ပါတယ်။

ZawGyi

ေဖာက္ျပန္မႈမ်ားစြာရွိခဲ့လို႔သားသမီးဘယ္ေလာက္ရွိသလဲအတိအက်မသိေၾကာင္း ပီလီဖြင့္ဟ

ပီလီဟာကမာၻ႔ဖလားပြဲ၁၄ပြဲကစားထားရာမွာ၁၂ဂိုးသြင္းခဲ့တဲ့ဂႏၴဝင္ေဘာလုံးကစားသမားတစ္ဦးျဖစ္ပါတယ္။ဒါ့အျပင္ သူဟာဂိုးေပါင္းတစ္ေထာင္ေက်ာ္သြင္းယူထားကာေဘာလုံးသမိုင္းတြင္ဂိုးသြင္းအေကာင္းဆုံးသူအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။

တကယ္ေတာ့ဘရာဇီးဂႏၴဝင္တိုက္စစ္မႉးဟာကြင္းထဲမွာသာဂိုးသြင္းေကာင္းတာမဟုတ္ပါဘူး။သူဟာကြင္းျပင္ပမွာ လည္းဂိုးသြင္းေကာင္းတဲ့သူျဖစ္ပါတယ္။

ယခုအခါအသက္၈၀ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ပီလီဟာေအာင္ျမင္ေက်ာ္ၾကားတဲ့ေဘာလုံးကစားသမားတစ္ဦးျဖစ္တာနဲ႔အညီသူနဲ႔အတူအိပ္လိုတဲ့မိန္းမေတြကလည္းအမ်ားႀကီးရွိခဲ့တဲ့သူပါ။

သုံးႀကိမ္တိုင္တိုင္လက္ထပ္ခဲ့ဖူးတဲ့ပီလီဟာဇနီးသည္ရဲ႕ကြယ္ရာမွာမိန္းမအခ်ိဳ႕တို႔နဲ႔ေဖာက္ျပန္ခဲ့ဖူးပါတယ္။ယင္းသို႔ ေဖာက္ျပန္မႈေၾကာင့္လည္းအခ်ိဳ႕မွာကိုယ္ဝန္လြယ္ထားရေကာင္းလြယ္ခဲ့ရႏိုင္ပါတယ္။ယင္းသို႔အေျခအေနမ်ိဳးႏွင့္အတူပီလီကသူ႔မွာသားသမီးအေရအတြက္ဘယ္ေလာက္ရွိသလဲဆိုတာမသိေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။

လက္ရွိအခ်ိန္မွာပီလီမွာလူသိရွင္ၾကားသားသမီးခုႏွစ္ဦးရွိပါတယ္။ဒါေပမယ့္လာမယ့္အပတ္မွာျပသလာမယ့္မွတ္တမ္း႐ုပ္ရွင္မွာပီလီကသူဟာေဖာက္ျပန္မႈအခ်ိဳ႕ရွိခဲ့တာနဲ႔အညီသားသမီးအေရအတြက္စုစုေပါင္းဘယ္ေလာက္ရွိေနမယ္ဆိုတာမသိေၾကာင္းဆိုလာပါတယ္။

ပီလီဟာကစားသမားဘဝတစ္ေလွ်ာက္ပြဲေပါင္း၁၃၆၃ပြဲကစားခဲ့ရာမွာ၁၂၈၃ဂိုးသြင္းယူခဲ့သူျဖစ္ၿပီးကမာၻ႔ဖလားသုံး ႀကိမ္ဆြတ္ခူးထားႏိုင္တဲ့တစ္ဦးတည္းေသာေဘာလုံးသမားလည္းျဖစ္ပါတယ္။