
ဘူကာယိုဆာကာဟာမနေ့ညတုန်းကအာဆင်နယ်ကနော်တင်ဟမ်ဖောရက်စ်ကိုအနိုင်ရရှိတဲ့ပွဲတွင်ရရှိတဲ့ဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ရန်စိုးရိမ်နေရပြီဖြစ်ပါတယ်။
ဘူကာယိုဆာကာဟာနော်တင်ဟမ်ဖောရက်စ်ကို၅-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်မာတီနယ်လီဂိုးသွင်းနိုင်အောင်ဖန်တီးနိုင်ပြီးတဲ့နောက် ဖောရက်စ်နောက်တန်းအစွန်လူရီနန်လိုဒီရဲ့ကြမ်းတမ်းစွာဖျက်ထုတ်ကစားမှုခံရပြီးနောက်ပွဲချိန်၂၇မိနစ်တွင်နယ်ဆင်နှင့်လူစားလဲခြင်းခံခဲ့ရပါတယ်။
ဆာကာအစားလူစားဝင်ရောက်ကစားလာတဲ့နယ်ဆင်ဟာဒုတိယပိုင်းအစ၈မိနစ်အတွင်းတွင်၂ဂိုးသွင်းပြီးတစ်ကြိမ်ဖန်တီးမှုပြုလုပ်ကာအကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။
ဆာကာခြေကျင်းဝတ်ဒဏ်ရာရရှိသွားမှုက နောက်သုံးပတ်တွင်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားရန်ရှိနေတဲ့အင်္ဂလန်အတွက်စိုးရိမ်စရာဖြစ်နေပါတယ်။အင်္ဂလန်ဟာနိုဝင်ဘာလ၂၁ရက်နေ့မှာအီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားရပါမယ်။
အာဆင်နယ်နည်းပြအာတီတာကတော့ဆာကာရဲ့ဒဏ်ရာအခြေအနေကိုလာမယ့်ရက်အနည်းငယ်အတွင်းတွင်သိရမည်ဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲမလွဲမည်ကိုမျှော်လင့်ကြောင်းပြောကြားသွားပါတယ်။
ZawGyi
ေဖာရက္စ္ဂိုးျပတ္ႏိုင္ပြဲတြင္ ဒဏ္ရာရရွိသြားၿပီးေနာက္ ကမာၻ႔ဖလားအတြက္ စိုးရိမ္စရာျဖစ္ေနတဲ့ ဆာကာ
ဘူကာယိုဆာကာဟာမေန႔ညတုန္းကအာဆင္နယ္ကေနာ္တင္ဟမ္ေဖာရက္စ္ကိုအႏိုင္ရရွိတဲ့ပြဲတြင္ရရွိတဲ့ဒဏ္ရာေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ရန္စိုးရိမ္ေနရၿပီျဖစ္ပါတယ္။
ဘူကာယိုဆာကာဟာေနာ္တင္ဟမ္ေဖာရက္စ္ကို၅-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္မာတီနယ္လီဂိုးသြင္းႏိုင္ေအာင္ဖန္တီးႏိုင္ၿပီးတဲ့ေနာက္ ေဖာရက္စ္ေနာက္တန္းအစြန္လူရီနန္လိုဒီရဲ႕ၾကမ္းတမ္းစြာဖ်က္ထုတ္ကစားမႈခံရၿပီးေနာက္ပြဲခ်ိန္၂၇မိနစ္တြင္နယ္ဆင္ႏွင့္လူစားလဲျခင္းခံခဲ့ရပါတယ္။
ဆာကာအစားလူစားဝင္ေရာက္ကစားလာတဲ့နယ္ဆင္ဟာဒုတိယပိုင္းအစ၈မိနစ္အတြင္းတြင္၂ဂိုးသြင္းၿပီးတစ္ႀကိမ္ဖန္တီးမႈျပဳလုပ္ကာအေကာင္းဆုံးေျခစြမ္းျပခဲ့ပါတယ္။
ဆာကာေျခက်င္းဝတ္ဒဏ္ရာရရွိသြားမႈက ေနာက္သုံးပတ္တြင္ကမာၻ႔ဖလားအဖြင့္ပြဲကစားရန္ရွိေနတဲ့အဂၤလန္အတြက္စိုးရိမ္စရာျဖစ္ေနပါတယ္။အဂၤလန္ဟာႏိုဝင္ဘာလ၂၁ရက္ေန႔မွာအီရန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲကစားရပါမယ္။
အာဆင္နယ္နည္းျပအာတီတာကေတာ့ဆာကာရဲ႕ဒဏ္ရာအေျခအေနကိုလာမယ့္ရက္အနည္းငယ္အတြင္းတြင္သိရမည္ျဖစ္ၿပီးကမာၻ႔ဖလားၿပိဳင္ပြဲမလြဲမည္ကိုေမွ်ာ္လင့္ေၾကာင္းေျပာၾကားသြားပါတယ္။